စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဗုဒ္ဓဘာသာပညာရေးစင်တာတွင် တတိယ အကြိမ်အဖြစ် ဖွင့်လှစ်သင်ကြားသော ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှု သင်တန်းဆင်းပွဲ အား ယခုလ ၅ ရက်နေ့ ကဆုန်လပြည့်နေ့ တွင်ကျင်းပခဲ့ကြောင်းသိရသည်။
"သင်တန်းဆင်းပွဲမှာ သင်တန်းသား ၅၂ ဦးကို နိုင်ငံတကာ အသိမှတ်ပြု သင်တန်းဆင်း လက်မှတ်တွေပေးပါတယ်။ သင်တန်းမှာ အဖွဲ့လိုက် ဘာသာရပ် အလိုက်ပြိုင်ပွဲတွေ လုပ်ပေးတယ်။ဗုဒ္ဓနည်းကျ စီမံချက်ရေးဆွဲမှုပြိုင်ပွဲမှာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့မှ ပထမဆု၊ Buddhist High School Project မှ ဒုတိယဆုနဲ့ Sunday School Project မှ တတိယဆုတွေရ ရှိသွားခဲ့ပါတယ်။ ဗုဒ္ဓနည်းကျစီမံခန့်ခွဲ မှုသင်တန်းကို နောက်နှစ်တွေမှလည်း ဆက်လက် ဖွင့်ပေးသွားမှာဖြစ်ပါတယ်"ဟု ဗုဒ္ဓဘာသာပညာရေး စင်တာကျောင်း မှ ပဓာနနာယကဆရာတော် အရှင် သောဘိတက မြန်မာတိုင်း(မ်)ကို မိန့် ကြားသည်။




