သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Monday 12 December 2011

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........

မှတ်ချက်။ ။ myanmarexpress.net မှ ဖော်ပြပါသည်။

Wednesday 7 December 2011

အင်တာနက်စနစ်အပြင် ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများကို ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်

အင်တာနက်စနစ်အပြင် ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''GSM ဖုန်းလုံးရေ လေးသန်း စီမံချက်ကို ဖေဖော်ဝါရီလလောက်မှာ စတင်ချထားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တန်ဖိုးက နှစ်သိန်းခွဲကနေ သုံးသိန်းကြားပဲရှိမှာပါ။ ဖုန်းခေါ်ဆိုခတွေကိုလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ တစ်မိနစ် ၅၀ ကျပ်နှုန်းပဲ ကောက်ခံမှာပါ'' ဟု ပြောကြားခဲ့သည်။

''ပုဂ္ဂလိကကုမ္ပဏီတွေ ရောင်းချမှုအပိုင်းမှာလည်း One Stop စနစ်နဲ့ ရောင်းချပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူဝယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။ အခုချိန်မှာတော့ ဖုန်းလုံးရေလေးသန်းကို ချပေးဖို့ အသုံးပြုရမယ့် infrastructure တွေ၊ ဆောက်ရမယ့် တာဝါတိုင်တွေ စတာတွေမှာ ရင်းနှီးမြှုပ်နှံရင် ကုန်ကျနိုင်မယ့် စရိတ်နဲ့ ဖုန်းရောင်းချရင် ရရှိမယ့် အကျိုးအမြတ်စတာတွေကို တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ် မှာပါ။ သေချာတာကတော့ အခုပေးနေ တဲ့ ငွေကျပ်ငါးသိန်းထက်တော့ လျော့ပါမယ်။ ဒီဂျီအက်စ်အမ် လေးသန်း project မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကြီးကြပ်မှုကိုပဲ အဓိက ပြုလုပ်သွားမှာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ အဓိကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ဖုန်းလုံးရေလေးသန်းအား စတင် အသုံးပြုခွင့်ပေးသည့်အခါတွင်လည်း တစ်လလျှင်လုံးရေနှစ်သိန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထိုသို့ရောင်းချနိုင်မှသာ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

''အခု ရန်ကုန်မှာ ငါးသိန်း ဂျီအက်စ်အမ်ဖုန်းတွေကို တစ်ရက်တစ်ထောင်နဲ့ တစ်လကို ဖုန်းလုံးရေသုံး သောင်းနှုန်းလောက် ရောင်းရပါတယ်။ အခုလေးသန်းက မြန်မာတစ်နိုင်ငံလုံးရောင်းမှာဆိုတော့ တစ်လကို ဖုန်းလုံး ရေနှစ်သိန်း ရောင်းနိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီလိုတစ်လနှစ်သိန်းနှုန်း ရောင်းချနိုင်မှပဲ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်မှာပါ။ ဒုတိယနှစ်အတွက်က ဖုန်းလုံးရေ ငါးသန်း ထွက်လာမှာဆိုတော့ ငါးသန်း မထွက်လာခင် ကုန်အောင်ရောင်းချနိုင် ဖို့ လိုအပ်ပါတယ်''ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။ ၎င်းစီမံကိန်းအတွက် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ E Lite ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့စ်နှင့် Asia Mega Link ကုမ္ပဏီတို့ ဖြစ်သည်။

Monday 14 November 2011

မြစ်ကြီးလေးသွယ် ၀တီလေးရပ်

Type your summary here.ရခိုင်ပြည်နယ်သည် တောင်ကုန်း တောင်တန်းပေါများသကဲ့သို့ မြစ်ချောင်းများလည်း ပေါများသည်။အချို့သော မြစ်များသည်ရှည်၏။ အချို့သောမြစ်တို့သည် ကျယ်၏။ အားလုံးသည် ဘင်္ဂလားပင်လယ်ထဲသို့ အခြားမြစ် တစ်ခုသော်လည်းကောင်း၊ တိုက်ရိုက်သော်လည်း ကောင်း စီးဝင်ကြသည်။ ထိုမြစ်တို့သည် ရခိုင်ပြည်နယ်အတွက် အရေးပါသော မြစ်များပင် ဖြစ်ပေသည်။

ထင်ရှားသောမြစ်များ ဖြစ်သည့် လေးမြို့မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့ဖြင့် တည်ဆောက်ထားသော လွင်ပြင်ကို စစ်တွေလွင်ပြင်ဟု ခေါ်သည်။ ထိုမြစ်ကြီးလေးသွယ်ကြောင့် ရခိုင်ပြည်နယ်သည် တစ်ချိန် က အစားဆန်ရေ၊ သား ငါးသယံဇာတ ပေါကြွယ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ မြစ်တို့၏ ပြုပြင်ပြောင်းလဲခြင်းများကြောင့် လူသားများစွာ အတွက်အရာအားလုံးမှာ အဆင်ပြေချောမွေ့ခဲ့သည်ဟု ဆိုရ မည်ဖြစ်ပေသည်။ မြစ်ကိုချစ်ခင်တွယ်တာခဲ့သဖြင့် မြစ်ကလည်း လူသားတို့အပေါ် စေ တနာထားဟန် တူလှသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ထိုလူသားများသည် မြစ်များချောင်းများကို အကြင်နာမဲ့စွာ၊ ညှာတာမှု ကင်းမဲ့စွာဖြင့် အမျိုးမျိုးအဖုံဖုံ ဖျက်ဆီးလာခဲ့ကြသည်။ ယင်းအတွက်လည်း မြစ်တို့၏ ပြစ်ဒဏ်ပေးခြင်းကို ခံစားနေကြရပြီ ဖြစ်ပေသည်။ လူသားတိုင်း၏ ရင်ထဲတွင် မြစ်များကိုကယ်တင်သင့်ပြီဟု သိလိုက်ချိန်တွင် မြစ်တို့ သည် မျက်ရည်များ ခန်းခြောက်နေချေပြီ။ နောက်ကျသော အသိတရားများကို ရင်ဆိုင်နေကြရသည်ဟု ထင်မိသည်။
Type the rest of your post here.w77_23
ကစ္ဆပနဒီတံတားကို ဖြတ်၍ ကုလားတန်မြစ်ကို မြင်ရပုံ

နတ်မြစ်

မောင်တောမြို့နယ်တွင်ရှိပြီး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပိုင်းခြားသတ်မှတ်ထားသော နယ်စပ်မြစ်ဖြစ်သည်။ မြောက်ဘက်ရှိတောင် ကုန်းတောင်တန်း၊ တောနက်ကြီးများမှ မြစ်ဖျားခံစီးဆင်းပြီး မောင်တောမြို့အနီးတွင် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်သည်။ မိုင် ၅၀ခန့် ရှည်လျားသော မြစ်တစ်စင်းဖြစ်ကာ မြစ်ဝပိုင်းတွင် တစ်မိုင်ခွဲခန့်အကျယ်ရှိကြောင်းလည်း သိရှိရသည်။ ပြူမချောင်း၊ ငါးခူးရချောင်း၊ ကညင်ချောင်းနှင့် မောင်တောချောင်း ဟူသော ချောင်းကြီးများ စီးဝင်လျက်ရှိသည်။နယ်ခြားမြစ်ဖြစ်သည့်အတွက် အရေးပါသော မြစ်တစ်ခုဖြစ်နေခဲ့ သည်။ အနောက်တံခါးပေါက်ကို ကာဆီးထားသော မြစ်ဟုလည်း ခေါ်ဆိုကြသည်။ ဒေသခံများအတွက် ရေလုပ်ငန်းလုပ်ကိုင်ခွင့်ကို ဆောင်ကြဉ်းပေးသော မြစ်တစ်ခုလည်း ဖြစ်ပေသည်။

မယူမြစ်

မယူမြစ်ကို မေယုမြစ်ဟုလည်း ခေါ်ဆိုကြသည်။ ဘူးသီးတောင်မြို့အနီးတွင် ချောင်းကြီးချောင်းပေါင်းများစွာ ပေါင်းဆုံထားသည့် ကုလားပန်ဇင်းချောင်းနှင့် စိုင်းဒင်ချောင်းတို့ ပေါင်းဆုံကာ စီးဆင်းခြင်းဖြစ်ကာ စစ်တွေမြို့ အနီးတွင် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်သည်။ ၈၅ မိုင်ခန့်ရှည်လျားပြီး ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များကို ဖြတ်သန်းစီးဆင်းသည်။ မြစ်ဝပိုင်းတွင် ဒီရေရောက်သော်လည်း မြစ်ဖျားပိုင်းသို့ ဒီရေများ မရောက်သည့်အတွက် ရေချိုသည်။ ပုဏ္ဏားကျွန်းမြို့နယ်ရှိ သြရမတောင်တန်းမှ မြစ်ဖျားခံ၍ စီးဆင်းလာသောတောဖျား ချောင်းသည် မိုးစီမြစ်နှင့်ပေါင်းဆုံပြီး ကြွီတဲမြစ်အမည်ဖြင့် စီးဆင်းလာကာ စစ်တွေမြို့အနီး၌ မေယုမြစ်သို့ အရှေ့ဘက်မှစီးဝင်ကြောင်း သိရသည်။

မယူမြစ်၏ လက်တက်တစ်ခုဖြစ်သော စိုင်းဒင်ချောင်းဖျားပိုင်းတွင် အားကောင်းသည့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သော သဘာဝရေတံခွန်ကြီးကလည်း ရခိုင်ပြည်သူပြည်သားများအတွက် အားထားရာလည်း ဖြစ်သည်။ ရေအားလျှပ်စစ် ထုတ်လုပ်ရန် ပြင်ဆင်ခြင်းများရှိခဲ့သော်လည်း လက်တွေ့တွင် အကောင်အထည်ဖော်ဆောင်ခြင်း ရှိ မရှိကို လေ့လာကြည့်ရန်လိုဦးမည်။

ကုလားတန်မြစ်

ရခိုင်ပြည်နယ်အတွင်း အရှည်ဆုံးမြစ်ဖြစ်သကဲ့သို့ အသုံးအ၀င်ဆုံး၊ အရေးအပါဆုံးဖြစ်တစ်ခုလည်း ဖြစ်သည်။ ချင်းပြည်နယ်ရှိ လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံချယ် လတိတလန်တောင်ကုန်းများမှ မြစ်ဖျားခံကာ စီးဆင်း လာခြင်းဖြစ်သည်။ ဘွိုင်နု(ဘွေနု)၊ တီမစ်၊ ထရောဘာ (တီအိုရီဗာ) အစရှိသောမြစ်များလည်း မြစ်ဖျားပိုင်းတွင် ကုလားတန်မြစ်ထဲသို့ စီးဝင်နေကြသည်။ အိန္ဒိယနှင့် မြန်မာတို့၏ နယ်ခြားမြစ်လည်းဖြစ်သည်။ ချင်းပြည်နယ် ကို ဖြတ်၍ တောင်ဘက်သို့ စီးဆင်းလာခဲ့ပြီး ဖလန်းမြို့၏ အနောက်ဘက်ယွန်း ယွန်းတွင် တီအိုရီဗာမှ အဘွေနုအမည်ဖြင့် အိန္ဒိယနိုင်ငံသို့ စီးဝင်သည်။ ယင်းဘက်ခြမ်းမှ ဆက်လက်စီးဆင်းလာခဲ့ရာ မြစ်လက်တက်များစွာ စီးဝင်လာခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့အထက်ပိုင်းတွင် ဘွေနုအမည်မှ ကုလားတန်မြစ်အမည်ဖြင့် တောင်ဘက်သို့ ဆက်လက်စီးဆင်းလာခဲ့ ကြောင်း သိရသည်။ အိန္ဒိယနယ်စပ်မှ ဘင်္ဂလားပင်လယ်အော်အထိ မိုင်ပေါင်း ၃၀၀ ခန့်ရှည်လျားပြီး စတုရန်းမိုင် ၁၄၀၀ ခန့်သည် ကျယ်ပြန့်သော မြေနုလွင်ပြင်များအဖြစ် ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ မြစ်ကြောင်းများ၏ သဘာဝအရင်းအမြစ်များ ပျက်စီးခြင်းအားဖြင့် ဒေသတစ်ခု၏ အလှအပ များသည်လည်း ပျက်စီးသွားကြပေလိမ့်မည်။

လေးမြို့မြစ် လေးမြို့မြစ်သည် အမြင့်ပေ ၅၅၅၀ ခန့်ရှိသည့် ချင်းတောင်တန်းမှ မြစ်ဖျားခံကာ စီးဆင်းလာသော မြစ်တစ်ခုဖြစ်သည်။မင်းပြားမြို့အထိအပိုင်းကို လေးမြို့မြစ်ဟု ခေါ်ဆိုပြီး ထိုမှတစ်ဆင့် ရာမောင်မြစ်အဖြစ် တောင်ဘက်သို့ စီးဆင်းကာ မြေပုံမြို့အနီးတွင် မင်းကြောင်းချောင်း အမည်ဖြင့် ဆက်လက်စီးဆင်းကာ ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်သောမြစ်ဖြစ်ရာ သုံးမည်ရမြစ်ဟုလည်း ခေါ်ဆိုနိုင်ပေသည်။ မြစ်ဖျားပိုင်းကို လေးမြို့ချောင်း ဟုလည်း တချို့က ခေါ်ဆိုကြသည်။ လေးမြို့မြစ်သည် မြစ်ဖျားပိုင်းတွင် သဘာဝတောင်တောင် အလှအပများရှိသဖြင့် ပြည်ပ ခရီးသွားများ သွားရောက်လည်ပတ်လေ့ရှိသည်။ လေညှင်းတောင်ကျေးရွာ အနီးဝန်းကျင်မှစတင်ကာ ရေချိုအပိုင်းဖြစ်သဖြင့် မြစ်ကမ်းဝဲယာတွင် နုန်းတင်မြေနုကျွန်းများဖြစ်ထွန်းရာ ဆောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။ လက်ရှိအနေအထားတွင် လေးမြို့မြစ်သည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် ကမ်းပါးပြိုခြင်းများ နှစ်တိုင်းဆက်လက်ဖြစ်ပေါ်လျှက်ရှိရာ မြစ်ကြောင်းပြောင်းလဲမှုများ၊ မြစ်ကြောင်းသောင်ထွန်းမှုများလည်း ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

အခြားသောမြစ်များ

ရခိုင်ပြည်နယ်တွင်းအခြားသော မြစ်များစွာရှိသည့်တိုင် စစ်တွေလွင်ပြင်သို့မှ မဟုတ်လှပေ။ ကလိန်တောင်မြစ်၊ ကျောက်ဖြူမြစ်၊ မဒဲမြစ်၊ ပဒေါင်းကွေ့မြစ်နှင့် သံဇိတ်မြစ်တို့မှာလည်း ထင်ရှားသောမြစ်များပင် ဖြစ်ပေသည်။ ကလိန်တောင်မြစ်သည် ရခိုင်ရိုးမတောင်မှ မြစ်ဖျားခံကာ ရမ်းဗြဲကျွန်းနှင့် ရိုးမတောင်ခြေအကြား မြောက်မှတောင်သို့ စီးဝင်သည်။ အလျားမိုင် ၃၀ ခန့်ရှိပြီး မြစ်ဝတွင် ၁၅ မိုင်ခန့် ကျယ်သည်။ မြစ်ဝတွင် စကုကျွန်းရှိပြီး မာန်အောင်ရေလက်ကြားသို့ စီးဝင်သည်။ ဤမြစ်သို့ မအီချောင်း၊ တန်းလွဲချောင်း၊ လမူး ချောင်းတို့ စီးဝင်ကြောင်း သိရသည်။

ကျောက်ဖြူမြစ်မှာ ကျောက်ဖြူ မြို့အနီးမှ ဘင်္ဂလားပင်အော်သို့ စီးဝင်သည်။ ရေလက်ကြားအတွင်းမိုင်း ၂၀ ခန့်ရှည်လျားပြီး အလွန်နက်သော ရေကြောင်းများရှိသည်။ အချို့သောမြစ်များသည် ကျဉ်းမြောင်းသဖြင့် ချောင်း အမည်ဖြင့်သာ ထင်ရှားကြောင်း လည်း သိရှိရပါသည်။ သို့သော်လည်း စစ်တွေလွင်ပြင်သည် မြစ်ကြီးလေးသွယ်ဖြင့်သာ တည်ဆောက်ထားခြင်းကြောင့် မြစ်ကြီးလေးသွယ်ဟုပင် တင်စားခေါ်ဆိုကြကြောင်း သိရသည်။

ဝတီလေးရပ်

မေဃ၀တီ၊ ဒွါရာဝတီ၊ ရမ္မာဝတီ၊ ဓည၀တီဟု ၀တီလေးရပ် ရှိသည်။ ရခိုင်ပြည်နယ်အတွင်း ထိုဝတီလေးရပ်သည် ဒေသကြီးလေးခုဖြစ်ကြောင်းနှင့် ထင်ရှားသောဒေသများ ဖြစ်ကြောင်းလည်း သိရှိရသည်။ သမိုင်းမှတ်တမ်းများ၊ ခိုင်မာသော သက်သေများစွာတို့ဖြင့် တည်ရှိနေ ခဲ့သော လေးရပ်ဝတီ၌ ဆန်ရေစပါး ပေါများခဲ့သည်။ ကိုယ့်ထီးကိုယ့်နန်းဖြင့် ထင်ရှားကျော်ကြားခဲ့သည်။ ရခိုင်ဘုရင်မင်းများ အုပ်စိုးခဲ့ရာ ဒေသကြီးများ ဖြစ်သည်ကို မည်သူမျှ ငါတို့ပြည်နယ်ဟု ကြွေးကြော်နေစရာ လိုမည်မထင်။ သမိုင်းကိုဖျက်၍မရနိုင်။ မြန်မာ့သမိုင်းမှတ်တိုင်များတွင်လည်း အထင်အရှားရှိခဲ့သည်သာ။ ထိုအချက်များသည်ပင် ရခိုင်ပြည်နယ်ကို ပိုင်ဆိုင်ခဲ့သူ အစစ်အမှန် မည်သူဖြစ်မည်ကို ဖော်ပြနေပြီဖြစ်သည်။ ခေတ်ကြီးလေးခေတ်ဖြစ်သော ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်အဆက်ဆက် ဘုရင်မင်းများစွာ စိုးစံအုပ်ချုပ်ခဲ့သည်။ တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ကြ သည်။ ထီးနန်းကို သိမ်းပိုက်လိုကြသောဘုရင်များခေတ်က တည်ထားကိုးကွယ်ခဲ့ကြသော ရှေးဟောင်းစေတီပုထိုးများစွာ မျက်မှောက်ကာလ၌ပင် တွေ့မြင်နိုင်သေးသည်။ ယာရှင်ကိုမျောက်နှင်သောအဖြစ်ကို မည်သူမျှ လက်ခံနိုင်မည်မဟုတ်ကြောင်း သိသာလှပေသည်။

မာန်အောင်ကျွန်းကို မေဃ၀တီ ဟုခေါ်ဆိုသည်။ ဒွါရာဝတီဆိုသည်မှာ သံတွဲမြို့နယ်ကို ခေါ်ဆိုသည်။ ရမ္မာဝတီဆိုသည်မှာ ရမ်းဗြဲကျွန်းနှင့် ကျောက်ဖြူကျွန်းကို ခေါ်ဆိုပြီး ဓည၀တီဆိုသည်မှာ မြောက်ဦးနှင့် အနီးဝန်းကျင်ရှိ မြို့များစွာပါဝင်သော ဒေသကိုခေါ်ဆိုခဲ့ကြောင်း သိရသည်။ မျက်မှောက်ကာလတွင် ခရိုင်များအဖြစ် သတ်မှတ်ထားရှိကြောင်းလည်း သိရှိရသည်။

ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ခဲ့ကြသူများပီပီ ယခုတိုင်နန်းရာများ၊ မြို့ရိုးများကို ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိကြောင်း သိရသည်။ ဘာသာစကားများကိုလည်း ထိန်းသိမ်းပြောဆိုနေကြဆဲဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်းရှိ ၀တီလေးရပ်သည် ထင်ရှားအောင်မြင်ခဲ့သော ဒေသကြီးများဖြစ်ခဲ့သည်။ကာလရှည်ကြာစွာ ဘုရင်များအုပ်စိုးခဲ့သော ဒေသများဖြစ်သဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်မှုများရှိခဲ့သဖြင့် ယနေ့တိုင် ရှေးဟောင်း အမွေအနှစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားနေဆဲဖြစ်သဖြင့် ကာကွယ်ထိန်းသိမ်းမှုများကိုလည်း ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။
မြစ်ကြီးလေးသွယ်နှင့် ၀တီလေးရပ်တို့သည် ရခိုင်ပြည်သမိုင်းတွင် အထင်အရှားရှိနေခဲ့ပြီဖြစ်သော်လည်း ဖြစ်ပေါ်လာသော အကြောင်းအရာများစွာကို ပြန်ကြည့်လျှင် ကောင်းခြင်းနှင့် ဆိုးခြင်းများစွာတို့ဖြစ်တည်လာမည်မှာ မုချလွဲဖြစ်ပေသည် . . .

ယင်းအတွက် မြစ်ကြီးလေးသွယ်နှင့် ၀တီလေးရပ်တို့သည် ရခိုင်ပြည်သမိုင်းတွင် အထင်အရှားရှိနေခဲ့ပြီဖြစ်သော်လည်း ဖြစ်ပေါ်လာသော အကြောင်းအရာများစွာကို ပြန်ကြည့်လျှင် ကောင်းခြင်းနှင့်ဆိုးခြင်းများစွာတို့ ဖြစ် တည်လာမည်မှာ မုချလွဲဖြစ်ပေသည်။ မြစ်ကြောင်းတူးဖော်ခြင်းများ၊ မြစ်ကြောင်းများအတွင်း တာတမံများတည်ဆောက်ခြင်းနှင့် ဆည်များတည်ဆောက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လာကြသည်ကို တွေ့လာရသည်။
ရခိုင်ပြည်နယ်သည် မြစ်ကြောင်းများကိုအခြေခံကာ စီးပွားဖြစ်ကူးသန်းရောင်းဝယ်မှုများလည်း ရှိခဲ့သည်။ သို့သော်လည်း ၂၀၀၁ ခုနှစ် နှောင်းပိုင်းကာလများတွင် ကုန်းလမ်းဆက်သွယ်ရေး ကောင်းမွန်လာသဖြင့် ရေကြောင်း လမ်းများသည် မှေးမှိန်သလောက် ဖြစ်လာခဲ့ရသည်။ ကားလမ်းများသည် နှစ်ကာလကြာမြင့်လာသောအခါတွင် ပျက်စီးမှုများဖြစ်ပေါ်လာခဲ့သဖြင့် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ တစ်ကျော့ပြန်တိုး တက်လာခဲ့သည်ကို တွေ့ရသည်။

မြစ်ကြီးလေးသွယ်အတွင်းနေထိုင်ကြသော ၀တီလေးရပ်မှ လူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များစွာတို့သည် လိုအပ်ခြင်းမလိုအပ်ခြင်းများဖြင့် ရုန်းကန်လှုပ်ရှားနေရသော လူမှုဘ၀ကို တွေးတောကြည့်မြင်ရန် လိုအပ်လှပေ သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မြစ်ကြောင်းစီမံကိန်းများ၊ ရထားလမ်းဖောက်လုပ်မှုများ၊ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုများ၊ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူး ဖော်ခြင်းများအစရှိသော လုပ်ငန်းများစွာကို မြင်နေ ကြားနေရသည်။

မြစ်ကြီးလေးသွယ်ထဲက စီမံကိန်းများကို ပြန်ကြည့်လျှင်လည်း အကောင်းအဆိုးများစွာဖြစ်လာမည်ကို တွေးမြင်နေကြရပြီဖြစ်သည်။ ထိုသို့ အကောင်းအဆိုးတွင် အကောင်းဘက်က ဖြစ်ဖို့များသလား၊ အကောင်းဘက် ကများသလားဆိုသည်ကိုလည်း မြင်တတ်ရန်လိုသည်။ လက်ရှိအနေအထားတွင် မြစ်ကြီးများသည် အစဉ်အလာမပျက် စီးဆင်းနေသော်လည်း နောက်နေ့မနက်တွင် ထိုမြစ်များသည် စီးဆင်းခြင်း အရှိန်အဟုန် ကောင်းနိုင် ပါဦးမလားဆိုသည်ကို တွေးတောရန် လိုအပ်လှမည်ဖြစ်ပါကြောင်း ... ။ ။

Friday 21 October 2011

ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ စာသင်သားများနှင့် တွေ့ဆုံခြင်း

Type your summary here.အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပြည်ပနိုင်ငံပေါင်း ၂၀ နီးပါးမှ ရဟန်းတော်၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများစွာ ပညာဆည်းပူးလျက် ရှိနေကြသည်။ အာရှနိုင်ငံများထဲတွင် ယင်းတက္ကသိုလ်သည် ပြည်ပနိုင်ငံသားများ အတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို များစွာ သိရှိလာစေခဲ့ရသည့် အပြင် ၎င်းတို့ ခံယူထားသည့် မြန်မာနိုင်ငံ၏ သာသနာတော်နှင့် ပတ်သက်သည်များနှင့် ပတ်သက်၍ု မဟာတန်း တက်ရောက်နေကြသည့်  ပြည်ပစာသင်သား ရဟန်းတော်များနှင့် မြန်မာစာသင်သား အချို့အား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။    Type the rest of your post here.
l4292
ပြည်တွင်း၊ ပြည်ပစာသင်သားများအား တွေ့ရစဉ်
မေး ။ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွေ ထဲမှာမှ မြန်မာနိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ဘာကြောင့် တက်ရောက်ဖြစ်ခဲ့လဲ ဆိုတာ သိပါရစေ။
Ashin Vo Van Nhut (ဗီယက်နမ်)
“ထေရ၀ါဒဗုဒ္ဓဘာသာကို စတင် သိရှိစဉ်ကတည်းက ကျင့်စဉ် တွေမှန်ကန်အောင်၊ ဗဟုသုတတွေ ကို လမ်းညွှန်ပြသနိုင်မယ့် နေရာတွေ ကို ရှာလိုက်တဲ့အခါမှာ မြန်မာနိုင်ငံ ကိုတွေ့ခဲ့တယ်။ မြန်မာမှာက အာရှ နိုင်ငံတွေထဲမှာ သာသနာထွန်းကားမှု အရှိဆုံးနိုင်ငံလို့ မြင်သလို ပိဋကတ်တွေကို သိရှိနားလည်အောင် လမ်းညွှန်ပြသနိုင်မယ့် ဘုန်းတော်ကြီးဆရာတွေလည်း ဒီမှာအများကြီးပါ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို အမှန်တကယ် သိချင်လို့ လေ့လာဖို့ရောက်ခဲ့တာပါ”
AshinSilananda (ဘင်္ဂလားဒေ့ရှ်)
“ဒီကို ရောက်ခဲ့တာ လေးနှစ်ရှိပါပြီ။ အာရှနိုင်ငံ အသီးသီးမှာရှိကြတဲ့ ဗုဒ္ဓဘာသာကို သင်ကြားတဲ့ တက္ကသိုလ်ကြီးတွေထဲကမှ မြန်မာနိုင်ငံကို ရွေးချယ်လိုက်ရတာကတော့ ပိဋကတ်သုံးပုံ ကို သိရှိအောင် ညွှန်ကြားပြသနိုင်တဲ့ ဆရာတော်တွေ ဒီမှာရှိကြတယ်။ ရဟန်း တော်တွေအနေနဲ့ ၀ိနည်းဆိုင်ရာတွေ နဲ့ ပတ်သက်လို့ ကျန်အာရှနိုင်ငံတွေထက် မြန်မာကပိုပြီး တိကျတဲ့ နည်းစနစ်တွေရှိတယ်။ အဓိက ကတော့ သာသနာထွန်းကားတယ်။ ဗုဒ္ဓဘာ သာရဲ့ အနှစ်သာရကို တွေ့ရတယ်။ ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။ ဘယ် ဘာသာဝင်မဆို Buddhism ကို စိတ်ဝင်စားတဲ့သူတိုင်း လေ့လာနိုင်တယ်။ လက်တွေ့သိရှိလာကြတယ်။ ပြီးတော့ လမ်းညွှန်ပြသနိုင်တဲ့ ဆရာကောင်း တွေရှိကြတယ်”
Ashin Letinh Ti Phuong (ဗီယက်နမ်)
“Buddhism မှာမှ မဟာယာနနွယ်ဝင်ပါ။ ဒီတက္ကသိုလ်ကိုလာတက် ဖို့ ပထမရန်ကုန်ကို ရောက်တော့လေ့ လာစူးစမ်းမိတယ်။ မြန်မာလူမျိုးတွေ နဲ့Buddhism ကို အရမ်းစိတ်ဝင်စားခဲ့တယ်။ ပြီးတော့ ဗုဒ္ဓဘာသာနွယ်ဝင် တွေအနေနဲ့လည်း အရမ်းကို flexible  ဖြစ်တယ်။ ဒါကြောင့် ၁၀ လလောက် ကြာတော့ ဒီမှာလာတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ”
Dhamma Nandar Singi  (မြန်မာ)
“ဗုဒ္ဓဘာသာမှာ တိပိဋကတ်ကို လေ့လာတဲ့အခါ ၀ိနည်း၊ သုတ္တံတို့ကို အခြေခံကျကျ လေ့လာခဲ့ရတယ်။ အဓိက က ကိုယ့်မြန်မာနိုင်ငံရဲ့ သာသနာထွန်းကားတာကို လာလေ့လာကြတဲ့ နိုင်ငံရပ်ခြားက စာသင်သားတွေနဲ့လည်း အတွေ့အကြုံတွေ မျှဝေဖြစ်တယ်”
မေး ။ တက္ကသိုလ်တွေထဲမှာ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ ထူးခြားချက်လေးတွေ ရှိရင် သိလိုပါတယ်။
Ashin Ven Ariyajyoti (ဘင်္ဂလားဒေ့ရှ်)
“တက္ကသိုလ် တက်နေစဉ်မှာ  တရားဓမ္မကို သေချာလိုက်နာ ကျင့်ကြံလို့ရတယ်။ ပြီးတော့ ပြည်ပနိုင်ငံက လာတဲ့ စာသင်သား သံဃာတော်တွေ အနေနဲ့ နေထိုင်၊ စားသောက်ရေး အဆင်ပြေတယ်။ ထူးခြားချက်အနေနဲ့ကတော့ သာသနာတော်တွေ ထွန်းကားတဲ့ အာရှနိုင်ငံတွေရဲ့ ဗုဒ္ဓဘာသာ အနွယ်ဝင်တွေမှာ တချို့အချက်တွေ က ခေတ်နဲ့လျော်ညီပြီး ဆီလျော်သလို ပြောင်းလဲသွားတာတွေ ရှိပေမယ့် ဒီမှာကတော့ Buddhism ရဲ့အနှစ်သာရ၊ အများပြည်သူရဲ့ လေးစားကြည်ညိုမှုတွေ မကွယ်ပျောက်ကြသေးဘူး။ ပြည်ပကလာတဲ့အတွက် တစ်နေ့မှာတော့ ပြန်ရမှာပဲ။ အဲဒီလိုစာသင်ပြီးပြန် တဲ့အချိန်  သာသနာကို သိချင်သူတွေ အတွက် ဖြန့်ဝေနိုင်အောင် ဒီတက္ကသိုလ် က သင့်တော်တယ်လို့ ယူဆတယ်”
AshinSilananda (ဘင်္ဂလားဒေ့ရှ်)
“အာရှနိုင်ငံတွေမှာရှိတဲ့ Buddhism သင်ကြားတဲ့ တက္ကသိုလ်တွေ အများစုက စာသင်ကြေး၊ နေထိုင်စား သောက်စရိတ်က မိမိဘာသာကျခံရ တယ်။ တချို့သံဃာတော်တွေ အနေနဲ့ ဗုဒ္ဓရဲ့ဝိနည်းတော်တွေအရ ငွေကိုင်သုံးရတာ သင့်တော်မှုမရှိပါဘူး။ ဒီမှာက စာသင်စရိတ်ကအစ အခမဲ့ပါ။ ပြီးတော့ ပြည်ပက နေထိုင်သူတွေအနေနဲ့ နေထိုင်ဖို့ သံရုံးကိစ္စတွေက အစ အကုန်လုံးစီစဉ်ပေးတဲ့အတွက် ၀ိနည်းနဲ့ ဆီလျော်မှုရှိတယ်”
Dhamma Nandar Singi (မြန်မာ)
“ဒီမှာရှိနေကြတဲ့ စာသင်သား တွေထဲမှာ ဗုဒ္ဓဘာသာနွယ်ဝင်တွေ ချည်းလည်း မဟုတ်ပါဘူး။ နိုင်ငံအသီးသီးမှာရှိကြတဲ့ ဘာသာအနွယ် ၀င်အသီးသီးက လာရောက်လေ့လာကြပါတယ်။ များသောအားဖြင့် ပိဋ ကတ်သုံးပုံကို လေ့လာချင်ကြတယ်။ တချို့အဘိဓမ္မာကိုပဲ လေ့လာချင်ကြ တာတွေလည်း ရှိတယ်။ စာချည်းပဲ လည်း သင်လို့မရသလို လက်တွေ့မှာ လည်း အခြေခံ သဘောတရားတွေကို ပါလေ့လာသိရှိနိုင်အောင် ကျင့်ကြံကြ ရပါတယ်”
မေး ။ အခုလို ဗုဒ္ဓသာသနာပြု တက္ကသိုလ် တက်ပြီးတဲ့နောက် အနာဂတ်ရည်မှန်းချက်တွေ ဘယ်လိုရှိထားလဲ ဆိုတာ သိပါရစေ။
Ashin Vo Van Nhut (ဗီယက်နမ်)
“ပိဋကတ်သုံးပုံနဲ့ Buddhism ရဲ့ အနှစ်သာရကိုစာတွေ့ရော လက်တွေ့ ပါသိရှိနိုင်အောင် လေ့လာမယ်။ စာတွေထပ်ပြီး လေ့လာသွားမှာပါ”
AshinSilananda (ဘင်္ဂလားဒေ့ရှ်)
“အဓိက က ဘွဲ့တွေရပေမယ့်လည်း ဗုဒ္ဓရဲ့အနှစ်သာရကို စာတွေ့ ချည်းပဲလည်း မရနိုင်ဘူးလေ။ ကျင့်တယ်ဆိုတာပြောရင် လွယ်ပါတယ်။ တကယ် အနှစ်သာရဖို့ ဘွဲ့တွေ၊ ဂုဏ် ဒြပ်တွေထက် ပြန်ပြီးအသုံးချနိုင်ဖို့ ကအရေးကြီးတယ်”
Ashin Ven Ariyajyoti (ဘင်္ဂလားဒေ့ရှ်)
“ပါဠိတွေကို တိတိကျကျ လေ့လာမှုတွေ လုပ်ပြီး ဒီနိုင်ငံကရသွားမယ့် ဗုဒ္ဓအနှစ်သာရကို ကိုယ့်နိုင်ငံမှာ ဖြန့်ဝေသွားမယ်”
Ashin Letinh Ti Phuong (ဗီယက်နမ်)
“ဗုဒ္ဓဘာသာမှာအမျိုးအစား မျိုးစုံ ရှိကြပေမယ့် အခြေခံ သဘောတရားတွေကတော့ အတူတူပါပဲ။ ဒီဘာသာရပ်ကို အမြဲတမ်းစဉ်ဆက်မပြတ်လေ့ လာသွားမှာပါ။ နောင်မှာ ကိုယ့်နိုင်ငံကို ပြန်ရင်လည်း ဒီမှာရခဲ့တဲ့ အသိပညာတွေကို ပြန်ပြီးဖြန့်ဝေသွားမှာပါ”
Dhamma Nandar Singi (မြန်မာ)
“နောင်မှာ ကိုယ်သိခဲ့တဲ့ အသိပညာတွေကို ပြန်ပြီး သာသနာတော် ပြန့်ပွားအောင် ကြိုးစားလုပ်ဆောင် သွားမှာပါ”

Wednesday 5 October 2011

ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်

အိန္ဒိယနိုင်ငံက ဆင်းရဲသူတွေနဲ့ ချမ်းသာသူတွေကြား ကွန်ပြူတာ နည်းပညာနဲ့ သုံးစွဲမှု အနေထား ကွာဟမှု မရှိစေဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

အာကာ (Aakash) လို့ ဟန္ဒီဘာသာနဲ့ခေါ်တဲ့ မိုးကောင်းကင်လို့ အဓိပ္ပာယ်ရတဲ့ လက်ကိုင် ကွန်ပြူတာ အသေးစားကို တလုံးအတွက် အစိုးရလျှော့ဈေး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာလောက်နဲ့ ကျောင်းသားတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။

ဒီကွန်ပြူတာကို DataWind ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယအစိုးရနဲ့ ကုမ္ပဏီ အရာရှိတွေက ဗုဒ္ဒဟူးနေ့မှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေကို ပေးအပ်ခဲ့ပါတယ်။ စမ်းသပ်တဲ့ အဆင့် အဖြစ် ကွန်ပြူတာ အလုံးပေါင်း ၁ သိန်းလောက်ထုတ်လုပ်ဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။

ဒီကွန်ပြူတာကို Word နဲ့ သုံးနိုင်ပြီး အင်တာနက်လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါ့ပြင် ဗီဒီယို ရုပ်သံက တဆင့် တယောက်နဲ့ တယောက် ဆက်သွယ်ပြောကြားလို့ ရပြီး သူ့မှာ ယူအက်စ်ဘီ ကပ် (USB memory card) နဲ့ သုံးစွဲလို့ ရပါတယ်။

ဒီကွန်ပြူတာအတွက် ၁၀ ဒေါ်လာလောက် အထိ ဈေးချ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက အမှုဆောင် အကြီးအကဲ ဆူနီး ဆင်း တူလီ (Suneet Singh Tuli) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီကွန်ပြူတာကို အိန္ဒိယ နိုင်ငံတွင်းက ကလေးငယ် အားလုံးအတွက် လက်ဆောင်ပေးဖို့ နဲ့ ဆင်းရဲသူ အများ အပြားကို ဆင်းရဲတွင်းကနေ ကယ်တင်နိုင်စေမယ့် ကရိယာ အဖြစ် သုံးဖို့ အိန္ဒိယ လူသား အရင်းမြစ် ဖွံ့ဖြိုးမှု ၀န်ကြီး ကပင်းလ် ဆီဘလ် (Kapil Sibal) ကတောင်းဆို လိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင် ဖြစ်သနည်း.... သိပါသလား....

မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။ ဘာသာရေးနှင့်ပက်သက်၍ မိမိကိုယ်တိုင် မရှင်းလင်းသည် များကိုပါ သိရှိနိုင်သည့်အပြင် မိမိမတွေးမိသည့် မေးခွန်းများကိုပါ တွေ့ရနိုင်သည်။ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသူများ၊ မေးမြန်းရမည့် ရဟန်းသံဃာတော်များ၏ အဝေးတွင် ရောက်ရှိ နေသူများ၊ ဗုဒ္ဓဘာသာနှင့် ပက်သက်၍ နိုင်ငံခြားသားများ မေးမြန်းလာမှုကို ဖြေကြားလိုသူများ အထူး ဆောင်ထားသင့်သော စာအုပ်ဖြစ်သည်။ ဖြေကြားရာတွင် လိုရင်းတိုရှင်း၊ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ဖြေကြားထားသည်ကို တွေ့ရသည်။
ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင် ဖြစ်သနည်း.... သိပါသလား....
ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ဘုရားသည် သစ္စာလေးပါးကိုကိုယ်ပိုင် ဉာဏ်ဖြင့်သိမြင်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့ ပါတယ်။ ဘုရားရှင်က မိမိကိုယ် တိုင်သိမြင်တော်မူသကဲ့သို့ သတ္တ၀ါတို့ကိုလည်း သိတော်မူစေရန် (၄၅)၀ါ ကာလပတ်လုံး တရားတော်များဟောကြားတော်မူခဲ့ပါတယ်။

ဘုရားရှင်ဟောကြားခဲ့သော သစ္စာတရားတော်များအတိုင်း နားထောင်နိုင်ပြီး လေးစားနိုင်ပြီး

(၁)သိရမယ့်သစ္စာကို သိအောင်ကြိုးစားတယ် (ဒုက္ခသစ္စာ)၊

(၂)ပွားရမယ့်သစ္စာကို ရအောင်ပွားများတယ် (မဂ္ဂသစ္စာ)၊

(၃)ပယ်ရမယ့်သစ္စာကို ပယ်ပြီးတော့ (သမုဒယသစ္စာ)၊

(၄)မျက်မှောက်ပြုရ မယ့်သစ္စာကို မျက်မှောက်ပြုနိုင်အောင်(နိရောဓသစ္စာ) ကြိုးစားအားထုတ်ကြရင် ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပါလိမ့်မည်။

ဘုရားရှင်ရဲ့ဝါဒဟာ ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ မြန်မာလိုပြောရရင် ကိုယ်ပိုင်ဉာဏ်သုံးကာ ဝေဖန်ပိုင်းခြားတဲ့ ၀ါဒဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ဝင်ငါးမျိုးရှိပါ တယ်။

(၁) ကုလ ဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
(၂) လာဘ ဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
(၃) ဘယ ဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊

အထက်ပါ သုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။

(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ (သဒ္ဓါတရားကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊

၎င်းကို အလတ်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။

(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊

၎င်းကို အထက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ဆိုပါသည်။

*ကုလ ဗုဒ္ဓဘာသာ
ကုလဗုဒ္ဓဘာသာဆိုသည်မှာ အဆွေအမျိုးကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဖြစ်ခြင်း (ရိုးရာ ဗုဒ္ဓဘာသာ) ဖြစ်ပါတယ်။ အမေ၊ အဖေက ဗုဒ္ဓဘာသာဖြစ်ခြင်းကြောင့် သား၊ သမီးကဗုဒ္ဓဘာသာဖြစ်ခြင်းပါ။

ဗုဒ္ဓဘာသာဆိုတာ ဘာပြောမှန်းမသိ၊ ဘုရားဂုဏ်တော် ဘယ်လောက်ရှိမှန်း မသိ၊ တရားဂုဏ်တော် ဘယ်လောက်ရှိမှန်း မသိ၊ သံဃာ့ဂုဏ်တော် ဘယ်လောက်ရှိမှန်း မသိ၊ မိမိကိုးကွယ်တဲ့ မြတ်စွာဘုရားက ဘာကိုသိပြီး ပွင့်လို့ ပွင့်မှန်းမသိ၊ ဘုရားက ဘာစကားပြောမှန်းလည်း မသိ၊ ဘုရား၏ ၀ါဒသည် ဘာဝါဒမှန်းလည် မသိ ဖြစ်နေကြပါတယ်။

မိမိကိုယ်ကိုဗုဒ္ဓဘာသာလို့ ပြောနေသော်လည်း ဗုဒ္ဓက ဘာပြောမှန်း မသိတဲ့သူများလည်းရှိကြပါတယ်။ ဗုဒ္ဓက ဘာအယူဝါဒ ရှိတယ်ဆိုတာ မသိတဲ့သူလည်းရှိကြပါတယ်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာမျိုး ကို ကုလဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

ကုလဗုဒ္ဓဘာသာတွေရဲ့ စရိုက်က လက်အုပ်တော့ချီတတ်ကြပါတယ်။ လက်အုပ်ချီတတ်တိုင်း ဗုဒ္ဓဘာသာဟု မသတ်မှတ်နိုင်ပါ။ တချို့က လက်အုပ်ချီရှိခိုးတတ်ရုံမျှနှင့် ဗုဒ္ဓဘာသာ ဟုဆိုကြပါတယ်။ ထို့အပြင်မိမိ ဆောက်တည်သောသီလကိုဘာပြောမှန်းမသိ ဖြစ်နေတတ်ပါတယ်။

ရှေးတုန်းက ကျောင်းဒကာ နှင့် ကျောင်းအမ ရှိပါတယ်။ ကျောင်းဆောက်လှူဒါန်းလို့သာ ကျောင်းဒကာ၊ ကျောင်းအမ လို့ခေါ်တာပါ။ သီလ အကြောင်းကို ဘာတစ်ခုမှ နားမလည်ပါဘူး။

တနေ့ကျတော့ ကျောင်းအမက ဘုန်းကြီးကို အသားဟင်းကပ်ချင်တယ်ဆိုပြီး ငါးရောင်းတဲ့ ဈေးတန်းထဲကို ရောက်သွားပါတယ်။ ငါးရောင်းတဲ့သူကို ငါးတစ်ကောင် ဘယ်လောက်လဲမေးပါတယ်။ ငါးတစ်ကောင် တမတ် ဆိုတော့ ကျောင်းအမက ၀ယ်မယ်လို့ပြောလိုက်ပါတယ်။ ချက်ချင်းဘဲ ဈေးသည်က ငါးအရှင် တစ်ကောင်ကို ယူပြီး သံပိဿာလေးနဲ့ ထုသတ်လိုက်ပါတယ်။

ဒါနဲ့ ကျောင်းအမက ငါးအရှင်ကို သတ်တာဖြစ်လို့ မိမိကြောင့် သေရတယ်ဟုဆိုကာ ငါးကို မယူတော့ဘဲ ပိုက်ဆံပေးပြီး အိမ်ပြန်လာပါတော့တယ်။ အိမ်ရောက်တော့ “သူတို့မလို့ အာဒိန္နာဒါနကံကို မကြောက်တာ” ဟု ကျောင်းဒကာ ကိုပြောပါတယ်။ ကျောင်းဒကာက “သူများအသက် သတ်တာဟာ ကာမေသုမိစ္ဆာစာရကံပါ”ဟု ပြန်ပြောပြပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သားငြင်းနေရာမှ ကျောင်းဘုန်းကြီးထံ ရောက်သွားကြပါတယ်။

ကျောင်းဘုန်းကြီးထံလျှောက်တော့ ကျောင်းဘုန်းကြီးက “ငါးကို သံပိဿာလေးနဲ့ထုပြီးသတ်တာနဲ့ ထုပြီးတဲ့ အချိန်မှာ ငါးကလေးက ဖလပ်၊ ဖလပ် ဆိုပြီး သေတဲ့အတွက် သမ္ပပ္ပလာပ၀ါစာကံ”ဟု မိန့်ကြားပါတယ်။

ထိုသို့ဗုဒ္ဓဘာသာက ကုလဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်။

ဥပုသ်ဆောက်တည်တော့မည်နေ့ဆိုလျှင် ဟင်းကောင်းချက် တတ်ကြပါတယ်။ ညစာ မစားရတော့ဘူးဆိုပြီး အားရပါးရစားသောက်တက်ကြပါတယ်။(လူတိုင်းတော့မဟုတ်ပါဘူး)။

ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါ တယ်။

(ဥပ + ၀သထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်သူကို “ဥပုသ်သည်” လို့ခေါ်ပါတယ်။

မိမိဆောက်တည်သော သီလကိုလည်းလုံခြုံအောင် မစောင့်ထိန်းနိုင်ကြပါဘူး။ မိမိတို့ရဲ့ဘာသာတရားကိုလည်း မိမိကိုယ်တိုင် သေချာမသိဘူးဆိုရင် ကုလဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

ကုလဗုဒ္ဓဘာသာတွေမှာလွှမ်းမိုးနေတာက မောဟ (တွေဝေမှု)စရိုက် ဖြစ်ပါတယ်။ ကုလဗုဒ္ဓဘာသာတွေဟာ သီလ၊ ဒါန စတဲ့ ကုသိုလ် အလုပ်တွေမှာလည်း အလေးနက်ထားဆောင်ရွတ်မှုမရှိကြပါဘူး။

မိမိတို့ လုပ်ဆောင်နေတာတွေဟာ မှန်သယောင်နဲ့ မှားနေတာ လည်းရှိတက်ကြပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဘုရားရှင်၏၀ါဒ အတိုင်းကိုယ်ပိုင်ဉာဏ်နှင့် ဝေဖန်သုံးသပ် ဆင်ခြင်ကာ တရားအသိ၊ ပညာတိုးပွားအောင် လေ့လာသင်ယူ နာကြားသင့်ပေသည်။

မိမိကိုယ်ပိုင်ဉာဏ်နှင့် ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်ကြရအောင် ကြိုးစားအားထုတ် သင့်ပါပြီ။

မိမိသည် တနေ့ကုန်ရင် သေမင်းက မိမိအချိန်ထဲမှ တနေ့ကို နှုတ်ယူသွားပြီဟူသော အသိတရားရရှိကာ စစ်မှန်သော၊ တရားတော်ကို ကိုယ်တိုင်လေ့လာကျင့်ကြံ အားထုတ်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါတယ်။

* လာဘဗုဒ္ဓဘာသာ


ကျွန်တော်တို့မှာ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ကျွန်တော်တို့ကိုးကွယ်နေသော ဗုဒ္ဓဘာသာဘုရားရှင်ကသစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင် သိမြင်ပြီးပွင့်ထွန်းလာရသည်ကို သိရန်လိုအပ်ပါလိမ့်မည်။

ဘုရားဖြစ်ပြီးနောက် မိဂဒါဝုန်တော်၌ ပဉ္စ၀ဂ္ဂီငါးပါးကို သစ္စာတရားတော်ဟောကြားခဲ့ပါတယ်။ ဘုရားရှင်၏ တရားဓမ္မကို စတင်ဟောကြားတဲ့ တရားဖြစ်တာကြောင့် ဓမ္မစင်္ကြာတရားလို့သိလာကြပါတယ်။

ဗုဒ္ဓရဲ့တရား တော်များကို အနှစ်ချုပ်လိုက်ရင်(၃)မျိုးသာကျန်ပါတယ်။

(၁) မကောင်းမှု မှန်သမျှကို မပြုနဲ့၊ မလုပ်နဲ့ရှောင်။
(၂) ကောင်းမှု မှန်သမျှလုပ်၊ ပြည့်စုံအောင်လုပ်။
(၃) မိမိစိတ်ကို ဖြူစင်အောင်၊ သန့်ရှင်းအောင်၊ စင်ကြယ်အောင်လုပ်။

ပိုပြီးပြည့်စုံအောင်ပြောရရင် စိတ်ဖြူစင်အောင်လုပ်နည်းတွေမှာ သမထနည်းနဲ့ ဝိပဿနာနည်း (၂)နည်း ရှိပါမယ်။ အပေါ်ကအချက်တွေလောက်ကတော့ ခရစ်ယာန်မှာလဲ ညွှန်ကြားပါတယ်။

ဗုဒ္ဓဘာသာရဲ့လိုရင်း အနှစ်ချုပ်မှာတော့ ကိလေသာကို အမြစ်ပြုတ်အောင် ပယ်သတ်ရမယ်လို့ မှတ်ယူကြရ ပါမယ်။

ကိလေသာဆိုတာကတော့ ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်တဲ့
တရားတွေပဲ ဖြစ်ပါတယ်။ ကိလေသာရှိနေသမျှ သံသရာကမလွတ်ဘဲ တ၀ဲလည်လည်ကျင်လည်ပြီး
သေပြီးရင်း သေနေရဦးမှာဖြစ်လို့ ကိလေသာကိုလည်း သတ်တတ်တဲ့ “မာရ်”လို့ခေါ်ပါတယ်။

ကိလေသာ အကျဉ်း(၁၀)ပါးရှိပါတယ်။ အမျိုးအစားအားဖြင့် (၃)မျိုးရှိပါတယ်။

(၁) ၀ိတိက္ကမ ကိလေသာ- အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် လောဘ၊ ဒေါသ အလျောက်ဖောက်ပြန်ကျူးလွန်စေတတ်မှု။ (သီလစောင့်ထိန်းခြင်းဖြင့်တားဆီရန်)။

(၂) ပရိယုဌာန ကိလေသာ- မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ။ (သမထ ဘာဝနာ ကျင့်ကြံခြင်းဖြင့် တားဆီးရန်)။

(၃) အနုသယ ကိလေသာ- သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့်သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ။ (၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)။

ဒီအချက်က ဗုဒ္ဓဘာသာမှာပဲရှိတာဖြစ်ပါတယ်။ စိတ်လုံးဝ ဖြူသွားအောင် ၀ိပဿနာလုပ်ရမယ် ဆိုတာမှ ဗုဒ္ဓဘာသာရဲ့လိုရင်းဖြစ်မယ်။

ဤမျှလောက်သတ္တ၀ါတွေ သံသရာ ၀ဋ်ဆင်းရဲဘေး၊ ကိလေသာဘေး၊ အပယ်ဘေးတို့မှ လွတ်မြောင်အောင်
သစ္စာတရားများ ဟောကြားခဲ့သော ဗုဒ္ဓဘုရာရှင်ကို လာဘ်လာဘ ပေါများအောင်အတွက် ကိုးကွယ်နေကြသော သူများကို လာဘဗုဒ္ဓဘာသာ ဟုခေါ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ကို အမှန်တကယ်ကြည်ညိုသောစိတ် မဟုတ်ဘဲ မိမိတို့အလုပ်အဆင်ပြေအောင်၊ မိမိတို့ လာဘ် ပေါများအောင် ဘုရားရှင်ကိုသာ ကိုးကွယ်မှု မဟုတ်တော့ဘဲ ဘိုးတော်၊ မယ်တော်၊ ဓာတ်တွေ၊ နတ်တွေကိုပါ ကိုးကွယ်နေတတ်ကြပါတယ်။ ဥုံ၊ သြောင်းတွေ ထဲ့ရွတ်ကာ ဘုရားရှိခိုး နေတတ်ကြပါတယ်။

ထိုသူများဟာ ဘုရားရှင်ကို မလေးစားသိလိုပင် ဖြစ်နေပါတယ်။ ဘုရားကိုလည်း အမျိုးမျိုးနာမည်တွေပေးကာ လူတွေအကြိုက် လိုက်လုပ်နေကြတာတွေလည်း ရှိပါတယ်။

လာဘမုနိဘုရားဆိုတော့ လာဘ်ပေါများအောင်ဟုဆိုကာ ရွေးပြီးကိုးကွယ် ကြပါတယ်။ ထိုသို့ဆိုလျှင် ထိုဘုရားကို မကိုးကွယ်ဘဲ ချမ်းသာနေကြသော ခရစ်ယာန်၊ မူဆလင်များရှိပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က အို၊ နာ၊ သေ ဆင်းရဲအပေါင်းမှ လွတ်မြောက်အောင် တရားဟောကြားခဲ့တာပါ။ လာဘ်များအောင် ကယ်တင်မှာလည်းမဟုတ်ပါဘူး။ ထိုအကြောင်းကိုမှ မသိဘဲ ဘုရားကို ယတြာချေတာ၊
မိမိအကျိုးကိုလိုလားပြီး ဘုရားကိုလှူတာမျိုးကို လာဘဗုဒ္ဓဘာသာတွေလုပ်ကြပါတယ်။

အတုအယောင်တွေကြားမှာ သာသနာတော်က မှေးမှိန်လာရပါတယ်။ ကြာကြာစံရအောင်ဆိုပြီး ကြာဇံ လှူကြပါတယ်၊ အကြံအစည်ကောင်းအောင် “ကြံ” လှူပါတယ်။ ပေါက်ပေါက်မြောက်မြောက်ရှိအောင်
ပေါက်ပေါက်ဆုပ် လှူကြပါတယ်။ “ထော”အောင်ဆိုပြီး ထောပတ်သီး လှူကြပါတယ်၊ ဘုရားကိုလှူတော့ အလုံးလိုက်လှူတယ်။ မိမိစားတော့ သကြား၊ နို့ဆီနဲ့ပေါက်စားကြပါတယ်။ (ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား ဆိုတာ စာဖတ်သူများပင် စဉ်းစားကြည့်ကြပါ)။ ထို့အပြင် ကိုးကွယ်မှု မပြုလုပ်အပ်တာများကိုပါ လုပ်ဆောင်လာကြပါတယ်။

တဆက်တည်း သူရဿတီဆိုသော ရုပ်ထုအကြောင်း အနည်းငယ်ပြောလိုပါတယ်။ အိန္ဒိယနိုင်ငံမှာ သူရဿတီ အမည်ရှိသော မြစ်ကလေး တစ်စင်းရှိတယ်။ နွေအခါမှာ သောင်များပေါ်သောအခါ ထိုသောင်များပေါ်တွင် ကုလားများက သီးပင်စားပင်များစိုက်ကြရာ အလွန်ဖြစ်ထွန်းတယ်။ ဒါလောက် ဖြစ်ထွန်းရင် ဒီမြစ်ကို စောင့်တဲ့ နတ်က 'မ'တာဖြစ်မယ်ဟူသော စိတ်ကူးယဉ်အတွေး ပေါ်လာကြပါတယ်။ သာယာညင်းပျောင်းစွာ စီးဆင်းသော မြစ်ရေကိုကြည့်၍ နတ်သမီးသာဖြစ်ရမည်ဟု ဆုံးဖြတ်ကြကာ မြစ်ကမ်းနားတွင် နတ်သမီးရုပ် တစ်ရုပ်ထုလုပ်ပြီး ကိုးကွယ်ကြပါတယ်။

နောက်တဖြည်းဖြည်း နယ်ကျယ်လာရာမှ ဗေဒင် သုံးပုံကို သူရဿတီလက်ထဲ ထည့်ပေးလိုက်သောအခါ သူရဿတီသည် ဟိန္ဒူဘာသာဝင်အားလုံးတို့၏ အထွတ်အမြတ်ထားရာ နတ်သမီးအဖြစ်သို့ ရောက်သွား ပါတယ်။

ထိုမှတဆင့် မြန်မာနိုင်ငံသို့ ၀င်လာသောအခါ ဘာသာရေးလုပ်ကြံလိုသူ တစ်စုကဗေဒင်သုံးပုံ စောင့်တာဆိုလျှင်
ဗုဒ္ဓဘာသာဝင်များက အလေးထား ကိုးကွယ်ကြမည်မဟုတ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များက အလေးထား ကိုးကွယ်ကြစေရန် ဗေဒင်သုံးပုံအစား ပိဋကတ်သုံးပုံစောင့်သည်ဟုဆိုကာ သူရဿတီလက်ထဲသို့ ဗုဒ္ဓ၏ တရားရတနာ ပိဋကတ်သုံးပုံကို ထည့်ပေးလိုက်ပါတော့တယ်။

အမှန်တကယ်မှာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် တရားတော်များကို သံဃာတော်များက ပထမသင်ဂါယနာမှ
ဆဋ္ဌမသင်ဂါယနာတိုင်အောင် ဆင်းရဲမျိုးစုံကြားမှ မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြရပါတယ်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ နောင်လည်းစောင့်ရှောက်ထိန်းသိမ်း နေမည်သာဖြစ်တယ်။

ယခုတော့ အသက်အသေခံပြီး ပိဋကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များ မျက်နှာကိုမျှ မထောက်ဘဲ ပိဋကတ်သုံးပုံကို သူရဿတီစောင့်သည်ဆိုကာ ကုလားမရုပ်ကို ဘုရားရုပ်ပွားတော်နားမှာ လာထားကြပါတယ်။

ဆရာတော်များမှ ယနေ့တိုင် ဟောကြားဆုံးမနေသော်လည်း လိုက်ပါမလုပ် ဆောင်မှုများရှိကြပါတယ်။ နှောင်းလူ တွေရဲ့စိတ်မှာ ကိုကွယ်းအားထားစရာလို့မှတ်ထင်သွားမှာကို စိုးရိမ်မိပါတယ်။ မိမိတို့ သိပြီးသောသူများမှ ထိုအယူမှားများကို ပြင်နိုင်ဖို့လည်းလိုအပ်ပါမယ်။

ဘုရားရှင်က စီးပွားရေးတက်ချင်ရင် ကံ၊ ဉာဏ်၊ ၀ိရိယ သုံးပါးလုံးကို အားကိုးရမည် ဟုဆိုပါတယ်။ ထိုသို့ မသိကြရသည့်အတွက် ကိုးကွယ်၊ အားထားမှုတွေ လွဲမှားကာ သရဏဂုံ ညှိုးနွမ်းရပါတယ်။

အကယ်၍နတ်ကို ကိုးကွယ်ပြီးသေပါက အန်ဖတ်စား ပြိတ္တာ ဖြစ်ရပါမယ်။

လာဘ်လာဘ လိုချင်တပ်မက်နေသော လာဘ ဗုဒ္ဓဘာသာများမှာ အခြားသောကိုးကွယ်မှုတွေများစွာ လုပ်တတ်ကြပါတယ်။

လာဘ ဗုဒ္ဓဘာသာတွေရဲ့စိတ်မှာ ခေါင်းဆောင်နေတာသည် တဏှာ(လိုချင်တပ်မက်မှု) ဖြစ်ပါတယ်။ တဏှာ နှင့်ပြုလုပ်သော ကုသိုလ်၊ အကုသိုလ်အလုပ်မှန်သမျှက ဆင်းရဲကြောင်းဘဲဖြစ်ပါတယ်။ တဏှာဦးဆောင်နေသ၍ သံသရာက မလွတ်မြောက်နိုင်ပါဘူး။

ဘုရားရှင်ပွင့်လာပြီး တရားဟောတာက အို၊ နာ၊ သေဆင်းရဲက လွတ်စေချင်လို့ပါ။ မိမိတို့လုပ်နေတာက ဆင်းရဲကြောင်းတွေသာ ဖြစ်နေမယ်ဆိုရင်တော့ ဘုရားကိုကျောခိုင်းနေသူပမာ ဖြစ်ပေတော့မည်။

ထို့အတွက်ကြောင့် ရခဲလှတဲ့လူ့ဘ၀၊ ကြုံရခဲတဲ့ ဘုရားသာသာနာကာလမှာ မိမိအသိအမြင်၊ ကိုးကွယ် ယုံကြည်မှု မမှားကြစေရန် ရေးသား၍ ဓမ္မဒါနပြုအပ်ပါတယ်။

* ဘယ ဗုဒ္ဓဘာသာ

ဘယ ဗုဒ္ဓဘာသာဆိုသည်မှာ ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က ဘေးန္တရာယ်မှ လွတ်မြောက်အောင် ကယ်တင်နိုင် တာမဟုတ်ပါဘူး။ ဘုရားရှင် ဟောကြားခဲ့သော တရားတော်များသည်သာလျှင် အို၊ နာ၊ သေဘေး စတဲ့ဆင်းရဲအပေါင်းမှ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် “အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူ အားလုံးအား အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်သည် မလိုက်နာ၊ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်”ဟူ၍ ဓမ္မပဒ မှာရေးဖွဲ့ထားပါတယ်။

ဘုရားရှင်ကို မိမိတို့အတွက် ကျရောက်လာမည်ထင်သော လောကီ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ရာ အတွက်သာ ကိုးကွယ်မည် ဆိုပါက ဘယ ဗုဒ္ဓဘာသာပင် ဖြစ်ပါလိမ့်မည်။

အဆင်မပြေမှုတွေများသောအခါမှာ မိမိတို့အတွက် ကယ်တင်ပေးနိုင်မည်ထင်၍ အခြားသော ကိုးကွယ်မှုတွေကို ပို၍ပင် လုပ်ဆောင်နေကြတာရှိပါတယ်။ ဒါတွေဟာ မသိမှု(အ၀ိဇ္ဇာ)ကြောင့်ဖြစ်ပါတယ်။ ထိုသို့ အခြားအရာ တွေကို ယုံကြည်မှုပြုကြတဲ့အတွက်ကြောင့် သရဏဂုံညှိုးနွမ်းရပါတယ်။ ပျက်ဆီးရပါတယ်။

ဘုရားရှင်ကဖြစ်လာသမျှအကျိုးတရားတို့သည် ပြုလုပ်ခဲ့သော အကြောင်းတရားကြောင့်သာ ဖြစ်တယ်ဆိုတာ ဟောကြားတော်မူခဲ့ပါတယ်။ အကြောင်းအကျိုးကို နားမလည်လျှင် ထိုအယူမှားများကို လုပ်ဆောင်နေကြမည် သာဖြစ်ပါတယ်။

စစ်မှန်သောဗုဒ္ဓဘာသာဝင်ဆိုသည်မှာ ဘုရား တရားကို နားထောင်၊ လိုက်နာသောသူများကိုသာ ခေါ်ဆိုထိုက် ပါတယ်။ ထိုအကြောင်းကို မသိဘဲ ထင်ရာလုပ်နေကြတော့ ဒုက္ခရောက်ကြရတာပါ။ နတ်ပြည်၊ ဗြဟ္မာပြည် တို့သည်လည်း ဒုက္ခတိဘုံများပင်ဖြစ်ပါတယ်။

မိမိတို့လုပ်ဆောင်နေသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ အမှန် နိဗ္ဗာန်ကိုသာ ရည်စူးထားရပါမယ်။ ဆုတောင်းတိုင်းပြည့်မည် မဟုတ်ပါ။ မိမိပြုလုပ်သော ကောင်းမှု၊ မကောင်းမှုသည်သာ မိမိအတွက် ကောင်းကျိုး၊ မကောင်းကျိုးကိုပေးနေတာ ဖြစ်ပါတယ်။

သစ္စာစကားနှင့် ပြောရလျှင် သမုဒယ(ပယ်သတ်ရမည့်တရား)ကြောင့် ဒုက္ခ(ဆင်းရဲခြင်း) ဖြစ်ရတာပါ။ ထို့ကြောင့် အကြောင်းတရား သမုဒယကို မပြုလုပ်ဘဲ ပယ်သတ်ရပါမည်။ ထိုသို့သိနေပြီး လုပ်ဆောင်နေခြင်းသည်ပင် မဂ္ဂသစ္စာ(ပွားများရမည့်၊ ကျင့်ကြံရမည့်တရား)ကို ကျင့်နေခြင်းဖြစ်နေပါတယ်။

ယခုလို သာသနာတော်နှင့် ကြုံနေသောအချိန်၊ တရားတော်များကို နာကြား နားလည်နိုင်သော လူဘ၀ရနေတဲ့ အချိန်မှာမှ စစ်မှန်သော တရားနည်းလမ်းများအတိုင်း မလိုက်နာနိုင်လျှင် လူဖြစ်ရကျိုးနပ်မည်မဟုတ်ပါ။

မိမိလုပ်ဆောင်နေတာသည် ဘာတွေဖြစ်နေလဲဆိုတာသိဖို့တော့လို အပ်ပါလိမ့်မယ်။

မိမိတို့အခက်ခဲဖြစ်လာပြီဆိုလျှင် ဗေဒင်မေး၊ နတ်တွေမေးကာ ယတြာချေတတ်ကြပါတယ်။ ဒီပညာတွေမှာ လွဲမှားနိုင်တဲ့ အချက်(၂)ချက်ရှိပါတယ်။

(က) ဟောသူက မကျွမ်းကျင်လို့ဖြစ်စေ၊ ရွှီးနေလို့ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ၊ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။

(ခ) နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေကြောင့်လဲ လွဲနိုင်ပါတယ်။

ဖြစ်ပုံကတော့ ကိုယ်ဟောနေတာ ဆုံးဖြတ်တာမှန်ရဲ့သားနဲ့ လာမေးသူက မမှန်သလို အမူအရာပြတာကြောင့် ပုထုဇဉ်ဗေဒင်ဆရာလဲ စိုးရွံ့ပြီး မှန်နေရာကနေ အမှားတွေ ဟောမိတတ်တယ်။ ဒါအပြင့် အားလုံးမှန်နေပေမယ့်
လာမေးသူက ကောင်းမှုတွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါတယ်။

ဘုရားရှင်ရှိစဉ်ကပဲ ပုဏ္ဏားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို တွက်ကြည့်တော့မဝေးတော့တဲ့ တစ်ခုသော လပြည့်ညသန်းခေါင်မှာ သေမယ်လို့ အဖြေရပါတယ်။ သူ့မိန်းမကလဲ တွက်ကြည့်တော့လဲ ဒီလိုပဲ။ ဒီတော့
ဘုရားရှင်ကိုလာမေးပါတယ်။ ဘုရားရှင်ကလည်း သေမယ် လို့ပဲဟောပါတယ်။ အဲဒီအခါ ပုဏ္ဏားလန့်ပြီး ငါသာ မျောက်ဖြစ်ရင်စားဖို့ ငှက်ပျောသီးပင်တွေစိုက်မယ်၊ ငှက်ဖြစ်ရင်နေဖို့ ညောင်ပင်စိုက်မယ်၊ ငါးဖြစ်ရင်နေဖို့ ရေကန်တူးမယ် စသဖြင့် အမျိုးမျိုး စဉ်းစားပြီး စိုက်ပျိုးလိုက်တာ အများကြီးပါပဲ။

နောက်တော့ လမ်းဖောက်တာတွေပါ ပါလာတယ်။ သူက ကုသိုလ်ရဖို့တော့ မဟုတ်ပါဘူး။ သူသေပြီး ဘာကောင် ပြန်ဖြစ်ဖြစ် နေရတာ အစဉ်ပြေအောင် လုပ်တာပါပဲ၊ ဒါပေမယ့် သူစိုက်ပျိုးထားတာတွေ ကြီးလာတော့ မျောက်တွေ၊ ငှက်တွေ၊ ငါးတွေ စသည်ဖြင့် စားကြ၊ သောက်ကြ၊ နေကြ၊ နားကြ ဖြစ်နေပါတယ်။

အဲဒီညမှာတော့ သူက အားလုံးကို နှုတ်ဆက်ပြီး အိပ်ယာပေါ်မှာ သေမယ့်အချိန်ကို စောင့်နေပါတယ်။
အာရုဏ်တက်ချိန်အထိလဲ မသေရော၊ သူ့ကို စိတ်ဆင်းရဲအောင် လုပ်ရမလားလို့ ဘုရားရှင်ကို စိတ်ဆိုးပြီး ရန်တွေ့ဖို့ ထွက်လာပါတယ်။

ဘုရားရှင်က ဟောအပြီးနောက်ပိုင်း ဘာတွေလုပ်လဲဆိုတာ မေးပြီး ဒါတွေဟာ အသက်ရှည်ရာကောင်းမှုတွေ ဖြစ်ကြောင်း ဟောပါတယ်။ ဒီတော့ သာမာန်ဗေဒင်လို သက်သက်မှာ မမှန်နိုင်ဘူးဆိုတာ သိသာပါတယ်။ ကံ နဲ့ ကံ ရဲ့အကျိုးကို ယုံရပါမယ်။

ဒီလိုမဟုတ်ဘဲ ဂြိုလ်စီး၊ ဂြိုလ်နင်း၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့်၊ လက်ဝါးမှ လမ်းကြောင်းများ ညွှန်ရာတွေကိုပဲ ယုံနေမယ်ဆိုရင် ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမာဒိဋ္ဌိ မဖြစ်တော့ဘဲ မိစ္ဆာဒိဋ္ဌိတောင် ဖြစ်သွားပါမယ်။

ထိုအကြောင်းတွေမသိဘဲ မိမိတို့ဘေးဖြစ်မှာ ကြောက်ပြီး ဘုရားမှာ ယတြာချေတဲ့ အနေနဲ့ ကိုးကွယ်နေတာ ကတော့ ဘယ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

ဘုရားဟောတဲ့ ပဋ္ဌာန်းတရား(၂၄ ပစ္စည်း) ကိုလည်း စည်းချတယ်ဆိုပြီး ရွတ်ဖတ်တာ ရှိကြပါတယ်။ စဉ်းစားကြည့်ရင် ဘုရားရဲ့တရားကို အစောင့်ချသလိုဖြစ်နေပါတယ်။ မလုပ်သင့်ပါဘူး။

အသက်ငယ်စဉ်အခါထဲက အမှတ်မမှားကြရအောင် သတိရှိကြရပါမယ်။ အမှတ်မှား၊ အသိမှား၊ အယူမှားပြီး
သံသရာကလွတ်နိုင်မှာမဟုတ်တော့ပါ။ ထို့ကြောင့် မိမိတို့ဘေးကိုကြောက်လို့၊ လာဘ်လိုချင်လို့၊ မိရိုးဖလာအရ စသည်ဖြင့် မကိုးကွယ်ကြပါရန် သတိပေး ရေးသားအပ်ပါတယ်။

ထိုသို့ဖြစ်နေပါကလည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ “ပညာဟူသည် အိုသည်မရှိ”တဲ့။ မိမိတို့သိရှိပြီးတာနဲ့ ပြင်လိုက်ရင် အကောင်းဆုံးဖြစ်မှာပါ။ အသိတရား ကို လိုက်ကျင့်နိုင်မှသာ တရား၏အနှစ်သာရကို ခံစားရမှာ ဖြစ်ပါတယ်။

သဒ္ဓါကိုအဖော်ပြု၍ ဉာဏ်နှင့်ယှဉ်သော သူတော်ကောင်းများဖြစ်ကြပါစေ။

* သဒ္ဓါဓိက ဗုဒ္ဓဘာသာ

ကျွန်တော်တို့တွေသည် ဘာသာဝင်အရပြောရရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင် ဖြစ်လာ ခဲ့ရင် ဘုရားသာသနာတော်နဲ့ ကြုံနေတဲ့ကာလမှာ ကမ္မဿကတ (ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ဉာဏ်)နှင့် သစ္စာနုလောမိကဉာဏ်(သစ္စာသိတဲ့ဉာဏ်) ရအောင်ကြိုးစားနိုင်မှသာလျှင် အထက်တန်းစားဗုဒ္ဓဘာသာဝင် ဖြစ်ပါမယ်။

သဒ္ဓါဓိက ဗုဒ္ဓဘာသာ ဆိုသည်မှာ သဒ္ဓါတရားကိုအရင်းခံပြီး ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

ကိုးကွယ်ရာမှာ သဒ္ဓါတရားနှင့် ပညာဉာဏ် အတွဲညီရပါမယ်။ သဒ္ဓါတရားလွန်ကဲ ပညာနည်းက အလွဲယုံကြည်မှု ဖြစ်တတ်ပါတယ်။

ပညာမပါတော့ အရာရာတိုင်းကို ယုံကြည်လွယ်ပါတယ်။ ဗုဒ္ဓဘာသာ ဘုရားရှင်၏ ၀ါဒက ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။
(ကိုယ်ပိုင်ဉာဏ်နှင့်ဝေဖန်ပိုင်းခြားရသည့်ဝါဒ ဖြစ်ပါတယ်)။ ယုံကြည်မှုလွန်ကဲပြီး ဘိုးတော်၊ ဘွားတော်၊ နတ်တွေကို ယုံကြည်မိရင် ဒိဋ္ဌိ ဖြစ်ပါမယ်။

မိမိကအမှားလုပ်နေရင်ထိုအမှားကို ပြင်နိုင်ရပါမယ်။ သိပြီးတော့ပြင်နိုင်တဲ့ပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ပါ တယ်။ တိဟိတ်ဆိုတာက အမောဟ(ပညာ) ပြဋ္ဌာန်းပါတယ်။ တိဟိတ်ပုဂ္ဂိုလ်က ဒီဘ၀မှာဘဲ တရား ရနိုင်ပါ တယ်။ မိမိသည် တိဟိတ်လား၊ ဒွိဟိတ်လားဆိုတာ ကိုယ့်ကိုကိုယ်ပြန်ပြီး မေးကြည့်ရင် သိနိုင်ပါတယ်။

ဘုရားရှင်လက်ထက်တော်တုန်းက သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ တစ်ယောက်က နွားလို ကျင့်တယ်၊ နောက်တစ်ယောက်က ခွေးလို ကျင့်ကြံကြတယ်။ ထိုအကျင့်တွေဟာ တရားမရနိုင်ပါဘူး။ သူတို့တွေကျင့်တာ နှစ်ပေါင်း(၃၃)နှစ် ကြာလာသော်လည်း ဘာတရားမှမရကြဘူး။ သူတို့ဆရာကြီးတွေပြောသလို တစ်ခုမှ
ဖြစ်မလာတော့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး ဘုရားထံလျှောက်ကြားပါတယ်။

ဘုရားက နွားလိုကျင့်ပြီးသေရင် နွားဖြစ်မယ်။ နွားလိုကျင့်တာက ပစ္စုပ္ပန်မှာလည်း စီးပွားတက်မယ်၊ သံသရာ မှလည်း လွတ်မြောက်မယ် ဆိုတဲ့အယူကို မစွန့်ဘဲနဲ့ဆိုရင် နွားဘ၀ကသေရင် အ၀ီဇိငရဲ ကျမယ်လို့ ဟောတော်မူ ခဲ့ပါတယ်။

ထို့ကြောင့် ပညာမွဲတော့ လွဲတက်ပါတယ်။ သဒ္ဓါနှင့် ပညာညှိနှိုင်းပြီးမှ ယုံကြည်ကြဖို့လိုပါတယ်။ သဒ္ဓါနောက်က ပညာပါရင် အဲဒီသဒ္ဓါတရားက နိဗ္ဗာန်ထိ ပို့ဆောင်နိုင်ပါတယ်။

ယခုလည်း မိမိယုံကြည်ချက်ကို ဘုရား၊ တရား၊ သံဃာ အပေါ်မှာသာ မထားဘဲ နတ်တွေအပေါ်မှာ လည်းထားရှိနေကြပါတယ်။ သေချာစဉ်းစာကြည့်ရင် (၃၇)မင်းနတ် အားလုံးဟာ အသေဆိုးနဲ့သေခဲ့ကြတာပါ။
အစွဲကြီးပြီးတော့ ပြိဿာတွေ ဖြစ်နေတဲ့သူတွေဘဲဖြစ်ပါတယ်။

ဒါတွေကို ယုံကြည်နေမယ်ဦး ဆိုရင်တော့ မိမိဘယ်လိုဖြစ်မယ်ဆိုတာ မိမိကိုယ်တိုင်သိသင့်ပါပြီ။

နတ်နဲ့မင်္ဂလာဆောင်တယ်ဆိုတာက ရှိပါသေးတယ်။ အဲဒီ နတ်ကတော်အမျိုးသမီးမှာလည်း အမျိုးသားက ရှိပြီးသားပါ။ ဘယ်လိုဖြစ်မယ်ဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ ဒါတွေကအင်မတန်ကို မှားနေကြ တာတွေပါ။ ပြောမယ်ဆိုရင် ရေးလို့ပင်ကုန်မှာမဟုတ်တော့ပါဘူး။

ဒီလိုအယူမှားတွေ၊ အမွေဆိုးတွေကို နောက်ပိုင်းလူငယ်တွေမှာ မဖြစ်ကြရန် မိမိတို့က ပြောပြပေးနိုင်ရပါမယ်။ မိမိတို့ယုံကြည်မှုတွေရဲ့နောက်မှာ ပညာမပါတော့ အလွဲလွဲ၊ အမှားမှားတွေ ဖြစ်ကြရပါတယ်။

ကျွန်တော်ရေးသားထားသည်ကိုပင် မိမိဉာဏ်နှင့် ဆုံးဖြတ်ပြီးမှ ယုံပါ။

ကံနှင့် ကံ၏ အကျိုးပေးကို ယုံကြည်ရင် ဘိုးတော်တွေ၊ နတ်တွေကို ပူဇော်နေစရာမလိုတော့ပါဘူး။

ဘုရားကိုးဆူ ပူဇော်တာတွေလည်းရှိကြပါတယ်။ ဘုရားကို ပူဇော်တာဖြစ်လို့ ကုသိုလ်တော့ ဖြစ်ပါတယ်။ သို့ပေမယ့် မသန့်ရှင်းပါဘူး။ ဘုရားကိုးဆူ ပူဇော်တာဟာ ထေရ၀ါဒမှကျင့်စဉ် တစ်ရပ်လည်း မဟုတ်ပါဘူး။ ဘုရားကိုပဲ သန့်သန့်ရှင်းရှင်း ပူဇော်လိုက်ပါ။

ဘယ်ကစသလဲ ဆိုတော့။ ဝေသာလီပြည် ကပ်ဆိုက်တော့ ပြည်သူတွေက နတ်မင်းကြီးကိုးပါးက လုပ်ထား တာဆိုပြီး နတ်မင်းကြီးကိုးပါးကိုပူဇော်ဖို့အတွက် ဗလိနတ်စာပူဇော်ပွဲဆိုပြီး သတ္တ၀ါကိုးကောင်၊ ကိုးမျိုးနဲ့ ပူဇော်ကြတာပါပဲ။

ဘုရားကိုး ဆူစင်မှာ မြတ်စွာဘုရားရှင်က အလယ်က၊ ဘေးမှာ ရဟန္တာအရှင်မြတ်များ။ ထပ်ပြီးတော့ ၀န်းရံထားတာက နတ်မင်းကြီးကိုးပါး။ ထပ်ပြီးပါပါသေးတယ်။ သူတို့ရဲ့ကိုယ်စားလှယ်တော်များဖြစ်တဲ့ တိရိစ္ဆာန်ကိုးကောင်။

မြတ်စွာဘုရားရှင်ကို ရောနှောပြီး စင်တစ်ခုတည်းမှာ ဗြဟ္မဏတွေနဲ့ရောပြီး ကိုးကွယ်တာ မဖြစ်သင့်ပါဘူး။

ဘယ်ဘုရားလေးက ဘယ်မှာနေဆိုတာမျိုး စသဖြင့်ဘုရားကိုးဆူဆရာက ဘုရားဆရာလိုလို ဆရာလုပ်နေ ပါတယ်။ ရွတ်ဖတ်နေတာကလည်း ဘေးကင်းအောင်ကြီးပဲ။ ပုဏ္ဏားတွေရဲ့လေသံနဲ့ပြောတာပါ။ ဒါတွေက ပညာမပါလို့ ဖြစ်နေရတာပါ။ ကိုးန၀င်းမိုးလင်းမှ သိမယ်ဆိုတာလည်း အတော်ကိုစွဲနေကြပါတယ်။

ကိုးန၀င်းစိတ်တာကို မကောင်းဘူး၊ ကုသိုလ်မရဘူး ပြောတာမဟုတ်ပါဘူး။ န၀င်းတွေ၊ ဥုံ၊ သြောင်းတွေဆိုတာ ထေရ၀ါဒမှာ မရှိပါဘူး။ မြန်မာတွေက ကိုးဂဏန်းကို ကြိုက်တော့ လူ့အကြိုက် လိုက်လုပ်နေကြသလိုပါဘဲ။

ဗုဒ္ဓဂုဏ်တော်ကို တစ်ခေါက်ပဲရရ စိတ်ထဲမှာ သန့်သန့်လေးပွားလိုက်ပါ။ ဗုဒ္ဓနုဿတိဖြစ်အောင် ပွားများကြပါ။ မိမိနှစ်သက်တဲ့ ဂုဏ်တော်ကို အချိန်နေရာ မရွေးပွားများနိုင်ပါတယ်။ ပြဿဒါး၊ ရက်ရာဇာရွေးစရာမလိုပါဘူး။

ဘုရားရှင်က ပုဗ္ဗာဏှသုတ်မှာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသောနိမိတ်များသာ ဖြစ်နေမည့်အကြောင်း ရတနာ (၃)ပါးကို
အခြေခံတိုင်တည် သစ္စာတရားကို ဖော်ကျူးဟောကြားခဲ့ဖြစ်ပါတယ်။

ထို့ကြောင့်မိမိတို့ ရှိနှင့်ထားသော သဒ္ဓါတရားကို ပညာဉာဏ်နှင့် အတွဲညီစွာ ကိုးကွယ်၊ အားထုတ်နိုင်မှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုးနပ်ပါလိမ့်မည်။

စာဖတ်သူများ အသိဉာဏ် ပညာတိုးပွားကာ၊ အကျင့်တရားလိုက်ပါ၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။

* ပညာဓိက ဗုဒ္ဓဘာသာ

ပညာဓိက ဗုဒ္ဓဘာသာ ဆိုသည်မှာ ပညာဉာဏ်နှင့်ယှဉ်တွဲ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ အတက်တန်းစားဗုဒ္ဓဘာသာဖြစ်ပါတယ်။

ကျွန်တော်တို့ဘုရားသည် ဉာဏ်ပညာကို အဓိကအားထား၍ ပါရမီဖြည့်ကျင့်ခဲ့သောကြောင့် လေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့ရပါတယ်။

ဘုရားရှင်ကလည်း “ဉာဏ်သာလျှင် အမိဉာဏ်သာလျှင်အဖ” ဟုဟောကြားတော်မူခဲ့ပါတယ်။

ပညာ ဆိုသည်မှာ မိမိပြုလုပ်သော အလုပ်တစ်ခုသည် မှား၊ မှန်ခွဲခြားကာ အမှန်ကိုပြုလုပ်နိုင်စွမ်းရှိသော ဉာဏ်ကိုေ ခ်ါရပါမည်။

လူဘ၀ရောက်လာလို့မှ မိမိက အဓိကနှင့် အဓိကမဟုတ်တာကို မခွဲခြားတတ်ပါက လူဖြစ်ကျိုးနပ်မည်မဟုတ်ပါ။ အရေးမကြီးတာကို အရေးတကြီးမလုပ်မိဖို့က အရေးကြီးပါတယ်။ ရှေ့ကရေးခဲ့သော အောက်တန်းစားဗုဒ္ဓ ဘာသာဝင်များနှင့် သဒ္ဓါဓိက ဗုဒ္ဓဘာသာဝင်တို့မှာ မိမိကိုယ်တိုင် ဘာဖြစ်လို့ဖြစ် နေမှန်းကိုပင် သိကြမှာ မဟုတ်ပါဘူး။

ဉာဏ်ကို ခွဲခြားလိုက်မည်ဆိုပါက သာသနာတွင်း ဉာဏ်နှင့် သာသာနာပ ဉာဏ် ဟုခွဲခြားသိရပါမယ်။

သာသနာပဉာဏ်ဆို သည်မှာ ကမ္မဿကတဉာဏ်(ကံနှင့် ကံ၏အကျိုးပေးကိုယုံကြည်သောဉာဏ်)၊ သာသနာတွင်း ဉာဏ်ဆိုသည်မှာသစ္စာနုလောမိကဉာဏ်(သစ္စာလေးပါးကို ပိုင်းခြားထင်ထင်
သိမြင်သောဉာဏ်) ဖြစ်ပါတယ်။

သာသနာဆိုသည်မှာ ဘုရားရှင်က ခန္ဓာဉာဏ်ရောက်ကြဖို့၊ နိဗ္ဗာန် ရောက်နိုင်ကြဖို့၊ သစ္စာသိဖို့၊ ယဉ်ကျေးကြဖို့၊
လိမ္မာကြဖို့ဆုံးမ ဟောကြားခဲ့တဲ့ အဆုံးအမ တရားဟူသမျှကို ခေါ်ပါတယ်။

ဘုရားရှင်၏ အဆုံးအမတွေကို ရင်ထဲမှာကိန်းနေပြီးတော့ လောကဓံတရားတွေနဲ့ တွေ့ကြုံလာတဲ့အချိန်မှာ ဆင်ခြင်နိုင်အောင်ကြိုးစားတယ်၊ သိအောင်ကြိုးစားတယ်၊ သိပြီးရင်လည်း လက်တွေ့ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်သည် သာသနာတွင်း တရားကိန်းတယ်လို့ပြောရပါမယ်။

ဘုရားရှင်တော် ပေါ်လာမှသာ သစ္စာတရားတွေက သိခွင့်ရတာပါ။ သာမာန် ဒါန၊ သီလ၊ သမထ အလုပ်တွေက
ဘုရားမပွင့်လည်း ပြုလုပ်ကြပါတယ်။

ဘုရားလောင်း ဝေသံသရာမင်းသည် ဆင်ဖြူတော်ကို လှူဒါန်းတော်မူခဲ့ပါတယ်။ အဲဒီအချိန်က သာသနာပကာလ ဖြစ်ပါတယ်။ ဘယ်သူကမှ လှူဖို့တိုက်တွန်းတာလည်း မဟုတ်ပါဘူး။ သားနဲ့သမီးကို ကျွန်အဖြစ်ခိုင်းဖို့ အလှူခံတော့လည်း လှူဒါန်းခဲ့ပါတယ်။ ထို့ကြောင့် ဘုရားမပွင့်သော်လည်း ရှိနေတဲ့တရားဖြစ်သောကြောင့် သာသနာပတရား ဖြစ်ပါတယ်။

ဒါန၊ သီလ၊ သမထ အလုပ်တွေကို ဘာသာဝင်တိုင်းလုပ်ကြပါတယ်။ ဆေးရုံတွေ၊ မျက်မမြင်ကျောင်းတွေ ဆိုလည်း ခရစ်ယာန်တွေ စလုပ်ခဲ့တာတွေပါ။ သူတို့လုပ်နေတာတွေက သစ္စာသိပြီးလုပ်တာလည်းမဟုတ်ပါဘူး။ အကျိုးအကြောင်း နာလည်း၍ ခန္ဓာဉာဏ်ရောက် ဆင်ခြင်ပြီးလုပ်တာလည်း မဟုတ်ပါဘူး။

ဗုဒ္ဓဘာသာမှသာ ထိုတရားတွေကို သိရတာပါ။ ထို့ကြောင့် မိမိကဒါနတွေလုပ် နေသော်လည်း ဘာမှ မသိပါက အခြားဘာသာတွေနှင့် အလားတူပင်ဖြစ်နေပါမယ်။

ဘုရားရှင်က သစ္စာတရားကိုသိခဲ့ပြီး သတ္တ၀ါတွေကိုလည်း သစ္စာသိပြီး လုပ်သောအလုပ်၊ ကျင့်သောတရားများ ဖြစ်ရန်ဟောကြားခဲ့ပါတယ်။

အတိတ်တုန်းက မိမိတို့က ဘာမှမသိဘဲလုပ်ပြုလုပ်ခဲ့ကြလို့ သံသရာလည်နေရတာပါ။ မသိတာက (အ၀ိဇ္ဇာ)၊
မသိတော့ဘုံ၊ ဘ၀တွေလိုချင်ပြီး ဆုတောင်းခဲ့တာက(တဏှာ)၊ ငါ့အလှူ၊ ငါလုပ်တာလို့ စွဲတာက(ဒိဋ္ဌိ)၊ ဒါတွေကြောင့် လက်ရှိခန္ဓာကြီးရနေရတာပါ။

အကြောင်းရင်းကိုကြည့်ရင် သစ္စာမသိ၊ ဉာဏ်မရှိဘဲလုပ်ခဲ့တာကြောင့်ပါ။ ဒီတရားတွေကလည်း ဘုရားရှင်ပွင့်မှ သိရတာပါ။

“ဘုရားရှင်တော် မပွင့်ပေါ်လျှင်၊
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ မသိရ၊
များလှအပြစ်တွေ”…၊

အများအားဖြင့် သိနေတာက သူများအသက်သတ်မှ၊ သူတပါးပစ္စည်းခိုးမှ၊ သူတပါးသားမယားကို ပြစ်မှားမှ၊ လိမ်ညာနေမှ၊ မူးရစ်နေမှ အကုသိုလ်လို့သိကြပါတယ်။ ဒါတွေက အကြမ်းစား အကုသိုလ်တွေပါ။

ဘုရားရှေ့မှာ အ၀ိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိတွေနဲ့ ဘုံ၊ ဘ၀တွေ၊ လိုချင်တာတွေ တောင်းနေတာကို အကုသိုလ်ဆိုတာ မသိကြပါဘူး။ ဒါမျိုးကတော့ နူးညံတဲ့ အကုသိုလ်ဖြစ်ပါတယ်။

အကုသိုလ်က လုပ်နေတဲ့ အချိန်မှာလည်း အပြစ်ရှိပါတယ်။ အကျိုးပေးရင်လည်း မကောင်းကျိုးဘဲရပါတယ်။

မိမိတို့တွေက အတိတ်က အ၀ိဇ္ဇာ ဦးဆောင်ပြီး ပြုလုပ်ခဲ့တာက သမုဒယသစ္စာပါ။ သမုဒယကြောင့် ယခု ဒုက္ခသစ္စာ ရနေတာပါ။

ဒုက္ခသစ္စာ ဆိုတာတော့ ဆင်းရဲခြင်းတရားဖြစ်ပါတယ်။ လက်ရှိခန္ဓာကြီးက သက်သေပြနေပါတယ်။ အတိတ်တုန်းက မိမိတို့ရဲ့ရင်ထဲမှာ ဘုရားမပွင့်ခဲ့လို့၊ သစ္စာမသိခဲ့လို့၊ ယခုချိန်ထိ ဆင်းရဲကျိုးခန္ဓာကြီးရနေတာပါ။

ထို့အတွက် မိမိတို့တွေသည် ဓမ္မအရသာကို သိအောင်လုပ်ပြီး ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
အတိုင်းလိုက်ကျင့်ရပါမယ်။ ယောင်းမသည်ဟင်း၏ အရသာကိုမသိရသလို အသိဉာဏ်မရှိသောသူသည်လည်း တရားအရသာကို သိရမှာမဟုတ်ပါဘူး။ ထို့ကြောင့် ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာ နိဗ္ဗာန် ကိုသာ ရည်စူး၍ပြုလုပ်ရပါမယ်။

အလှူဒါန ပစ္စည်းအနည်း-အများက အဓိက မဟုတ်ပါဘူး။ မိမိ လှူဖွယ်ပစ္စည်းရဲ့ စင်ကြယ်မှု၊ အလှူခံပုဂ္ဂိုလ်၊ မိမိရဲ့စိတ်ထားပေါ်မူတည်ပြီး အကျိုးပေးရလဒ်လည်း ကွားခြားရပါတယ်။

မိမိတို့ရဲ့ကောင်းမွန်တဲ့ သဒ္ဓါတရား၊ သီလစောင့်တည်နိုင်မှု၊ ဉာဏ်ပညာတို့ကို ကောင်းစွာအသုံးချ၍ သံသရာ
လွတ်ကြောင်းတရားများကိုသိရှိ၊ ကျင့်ကြံနိုင်မှသာ ပညာဓိကဗုဒ္ဓဘာသာ ဖြစ်ပါလိမ့်မည်။

မိမိသိရှိလိုက်ရတဲ့ သံဝေဂတရား၊ အသိတရားကို လိုက်နာကျင့်ကြံဖို့က အရေးကြီးပါတယ်။ အသိကို လိုက်မကျင့်တော့၊ သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။

ဉာဏ်ပညာနှင့် ယှဉ်ဘက် ကိုးကွယ်သော၊ ဆုတောင်းသောသူများ ဖြစ်ကြရအောင် ကျင့်ကြံနိုင်မှသာလျှင်
မိမိသည် သံသရာဘေးမှ လွတ်မြောင်နိုင်ပါလိမ့်မည်။

“ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ဟောဖော်ပြောကြား၊ မြတ်တရားကြောင့်၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ သိကြရ၊
များလှကျေးဇူးတွေ”…။

(BlackPrince, ဧဒင်ဥယျာဉ်)

၂၄-ပစ္စည်း တိုကျဉ်းလိုရင်းမြန်မာပြန်

(၁) ဟေတုပစ္စယော-အကြောင်းတရားအနေအားဖြင့် ကျေးဇူးပြုတတ်သောတရားသည်၎င်း၊

(၂) အာရမ္မဏပစ္စယော-အာရုံအနေအားဖြင့်---

(၃) အဓိပတိပစ္စယော-အကြီးအကဲအနေအားဖြင့်---

(၄) အနန္တရပစ္စယော-အခြားအကွယ်မရှိသောအားဖြင့်---

(၅) သမနန္တရပစ္စယော-အကြားကာလမရှိသောအားဖြင့်---

(၆) သဟဇာတပစ္စယော-အတူတကွဖြစ်ပေါ်(စေ)သောအားဖြင့်---

(၇) အညမညပစ္စယော-အချင်းချင်းဖြစ်(စေ)ခြင်း၊ ထောက်ပံ့ခြင်းအားဖြင့်---

(၈) နိဿယပစ္စယော-တည်ရာမှီရာအနေအားဖြင့်---

(၉) ဥပနိဿယပစ္စယော-အားကြီးသော တည်ရာမှီရာအနေအားဖြင့်---

(၁၀) ပုရေဇာတပစ္စယော-ရှေးဦးစွာဖြစ်၍ ဖြစ်ပေါ်မည့်အနေအားဖြင့်---

(၁၁) ပစ္ဆာဇာတပစ္စယော-ရှေးဦးစွာဖြစ်သောရုပ်တရားများကို ထောက်ပံ့သောအားဖြင့်---

(၁၂) အာသေ၀နပစ္စယော-ထပ်ခါတလဲလဲအားထုတ်၍ အားကြီးအောင်ပြုသောအားဖြင့်---

(၁၃) ကမ္မပစ္စယော-စိတ်၏အားထုတ်မှုတည်းဟူသော အမူအရာအားဖြင့်---

(၁၄) ၀ိပါကပစ္စယော-အားထုတ်မှုကင်း ငြိမ်သက်ခြင်းကြောင့် အားထုတ်မှုကင်း ငြိမ်သက်ခြင်းရှိအောင်ပြုသောအားဖြင့်---

(၁၅) အာဟာရပစ္စယော-ရုပ်နာမ်တို့ကို ထောက်ပံ့သောအားဖြင့်---

(၁၆) ဣနြ္ဒိယပစ္စယော-အစိုးတရပြုသောအားဖြင့်---

(၁၇) ဈာနပစ္စယော-ဆန့်ကျင်ဘက်တို့ကို လောင်မြိုက်စေသောအားဖြင့်---

(၁၈) မဂ္ဂပစ္စယော-ထိုထိုဂတိနှင့်ကုသိုလ်အကုသိုလ်တို့မှ ထွက်မြောက်စေသောအားဖြင့်---

(၁၉) သမ္ပယုတ္တပစ္စယော-မှီရာ အာရုံ အဖြစ် အချုပ်တူညီမှုတည်းဟူသော အတူတကွဖြစ်ခြင်းအားဖြင့်---

(၂၀) ၀ိပ္ပယုတ္တပစ္စယော-မှီရာ အာရုံ အဖြစ် အချုပ်ကွဲပြားမှုတည်းဟူသော တကွဲတပြားဖြစ်ခြင်းအားဖြင့်---

(၂၁) အတ္ထိပစ္စယော-မိမိကိုယ်တိုင် ပစ္စုပ္ပန်တည့်တည့်သဘောရှိသည်ဖြစ်၍ ယင်းသဘောရှိသောတရားတို့ကို

ထောက်ပံ့သောအားဖြင့်---

(၂၂) နတ္ထိပစ္စယော-မိမိ၏အခြားမဲ့၌ဖြစ်ပေါ်လာမည့်နာမ်တရားတို့ကို ဖြစ်ခွင့်ပေးသောအားဖြင့်---

(၂၃) ၀ိဂတပစ္စယော-မိမိ၏အခြားမဲ့၌ ဖြစ်ပေါ်လာမည့်နာမ်တရားတို့ကို နေရာပေးသောအားဖြင့်---

(၂၄) အ၀ိဂတပစ္စယော-မိမိကိုယ်တိုင်ပစ္စုပ္ပန်တည့်တည့်သဘောရှိသည်ဖြစ်၍ ယင်းသဘောရှိသောတရားတို့ကို

မပျောက်ပျက်စေသောအားဖြင့် ကျေးဇူးပြုတတ်သောတရားသည်၎င်း၊ အတ္ထိ-စင်စစ်မသွေ ရှိပါပေ၏။ ဣတိ-ဤသို့၊ ဗောဓေနံ္တ-သိတော်မူသောမြတ်စွာဘုရားကို၊ ၀န္ဒာမိ-ဦးနှိပ်ရိုကျိုး၊ လက်စိုမိုးကာ ရှိခိုးကန်တော့ပါ၏ဘုရား။

မှတ်ချက်။ ။ပဋ္ဌာန်း (၂၄) ပစ္စည်းကို ပါဠိ+မြန်မာနှစ်ဘာသာဖြင့် ရွတ်ဖတ်ပူဇော်လိုကြသော ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့အတွက် မူရင်းပဋ္ဌာန်းအဋ္ဌကတာကြီးမှ တိုက်ရိုက်ဘာသာပြန်၍ တိုတိုကျဉ်းကျဉ်း ဖေါ်ပြပေးလိုက်ပါသည်။

Saturday 1 October 2011

တရားထိုင်ခြင်းကို လေ့ကျင့်သင်ကြားသည့် ဗြိတိန်စာသင်ကျောင်းကို အစိုးရ ကူညီမည်

အိန္ဒိယစတိုင် တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်း Meditation ကို လေ့ကျင့် သင်ကြားပေးနေသည့် ဗြိတိန်စာသင်ကျောင်းကို အစိုးရက ရန်ပုံငွေ ကူညီ ပေးသွားမည်ဖြစ်သည်။

လန်ကတ်ရှိုင်းယားဒေသ၊ စကယ်မာဒေးအရပ်ရှိ မဟာရိရှီ ကျောင်းတွင် အိန္ဒိယတရားပြ ဂုရုဆရာကြီး မဟာရိရှီမဲဟေးယောဂီ၏ သင်ကြားမှုများနှင့် အကျင့်အကြံတို့ကို သင်ကြားပေးလျက်ရှိသည်။ မဟာရိရှိ မဲဟေးယောဂီ၏ တပည့်များထဲတွင် ဂီတအနုပညာရှင်၊ အဆိုကျော်များဖြစ်သည့် The Beatles အဖွဲ့ဝင်များ ရှိခဲ့ဖူးသည်။

တရားထိုင်ခြင်းဖြင့် စိတ်၏ ငြိမ်းအေးမှုကို ရရှိစေသည့်အပြင် စာသင်ယူခြင်းလည်း တိုးတက်လာနိုင်သည်

တရားထိုင်ခြင်းဖြင့် စိတ်၏ ငြိမ်းအေးမှုကို ရရှိစေသည့်အပြင် စာသင်ယူခြင်းလည်း တိုးတက်လာနိုင်သည်

နေ့စဉ် ကျောင်းတက်ရက်တိုင်း ကျောင်းချိန် မစတင်မီနှင့် ကျောင်းဆင်းချိန်များတွင် အသက် ၄ နှစ် အရွယ် ကလေးများလည်း တရားထိုင်ခြင်း သင်ခန်းစာများကို တက်ရောက်လေ့လာကြသည်။ အစိုးရ ထောက်ပံ့ကြေးငွေ ရရှိထားသည့် ကျောင်း ၂၄ ကျောင်းတွင် တစ်ကျောင်းဖြစ်သော မဟာရိရှီကျောင်းက ဤသို့ တရားဘာဝနာကို လေ့ကျင့် သင်ကြားပေးခြင်းဖြင့် ကျောင်းသူကျောင်းသားများ၊ တပည့်များအနေဖြင့် စိတ်ငြိမ်း အေးချမ်းသာမှုကို ရရှိခံစားကြပြီး သင်ယူလေ့လာခြင်း စွမ်းရည်ကိုလည်း တိုးတက်စေသည်ဟု ဆို၏။

အစိုးရ ထောက်ပံ့ ကူညီသော်ငြားလည်း အမျိုးသားသင်ရိုးညွန်းတမ်းကို တစ်ပုံစံတည်း လိုက်နာ ဆောင်ရွက်ရန် မလိုအပ်ပါ။

မောက္ခနိုင်ငံတကာ ပညာရေးသတင်း

၂၀၁၁ ခုနှစ်အတွက် CNN မှ ရွေးချယ်တဲ့ ဟီးရိုး ၁၀ ဦး

ကမ္ဘာကြီးကို သူရဲကောင်းတွေက နေ့တိုင်း ပြောင်းလဲပစ်နေသည်။ ဒါပေမဲ့ အခု ၂၀၁၁ ခုနှစ် 'Top 10 CNN Heroes' ဆုအတွက် CNN ပရိသတ်တွေ မဲပေး ရွေးချယ်တဲ့ သူရဲကောင်းတွေက ရှေ့တန်း စစ်မျက်နှာပြင်က မဟုတ်၊ နိုင်ငံခေါင်းဆောင်တွေ မဟုတ်။ သာမန် ဆင်းရဲသားတွေ၊ ဟိုတယ် ၀န်ထမ်းတွေ၊ စစ်ပွဲမှာ ယောက်ျား သေဆုံးခဲ့ပြီး ကျန်ရစ်တဲ့ မုဆိုးမတွေ ဖြစ်သည်။

Top 10 စာရင်းဝင် သူရဲကောင်းတစ်ဦးချင်းက ဒေါ်လာ ၅၀,၀၀၀ ရမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၁ ရက်နေ့ တကမ္ဘာလုံး တိုက်ရိုက်လွှင့် ကျင်းပမယ့် CNN Heroes ဂုဏ်ပြုပွဲ အခမ်းအနားကို တက်ရောက်ရမှာ ဖြစ်သည်။

ထိပ်တန်း သူရဲကောင်း ၁၀ ဦးထဲမှ နောက်ထပ် တစ်နှစ်တာ CNN သူရဲကောင်းတစ်ဦးကိုလည်း ရွေးချယ်မည် ဖြစ်သည်။ တစ်နှစ်တာ သူရဲကောင်း သတ်မှတ်ခံရသူက ဒေါ်လာ ၂၅၀,၀၀၀ ထပ်ရရှိမည်။

၂၀၁၁ သူရဲကောင်းတစ်ဦးထဲအတွက် ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး မည်သူမဆို အင်တာနက်နဲ့ မိုဘိုင်းလ်ဖုန်းတွေကနေ CNNHeroes.com. မှာ မဲပေးနိုင်သည်။

တစ်နှစ်တာ CNN Heroes ရွေးချယ်မှုမှာ ငါးနှစ်ဆက်တိုက် ရှိလာပြီး၊ နိုင်ငံပေါင်း ၁၀၀ ကျော်မှ လူ ၄၀,၀၀၀ ကျော် သူရဲကောင်းအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရသည်။

ယခုနှစ်အတွက် ထိပ်တန်း ဟီးရိုး ၁၀ ဦး (နာမည် အက္ခရာစဉ်လိုက်)

Eddie Canales

Eddie Canale ရဲ့ သားက ၂၀၀၁ခုနှစ် အထက်တန်းကျောင်း ဘေ့စ်ဘောကစားပွဲမှာ ကျောရိုးကျိုးသွားသည်။ ဒီနေ့ Eddie က Gridiron Heroes လူမှုရေးအဖွဲ့ကို ထူထောင်ထားပြီး ကျောရိုးခါးရိုး ထိခိုက်ဒဏ်ရာရသူများ ဘ၀ဆက်လက်ရှင်သန်ဖို့ အကူအညီပေးနေသည်။

Taryn Davis

Taryn Davis ၂၁ နှစ် အရွယ်မှာ သူမယောက်ျား အမေရိကန်စစ်တပ်မှ တပ်ကြပ် အီရတ်မှာ အသတ်ခံရသည်။၂၀၀၇ ခုနှစ်မှာ သူမက အမေရိကန် မုဆိုးမများ အဖွဲ့ကို စတင်ထူထောင်ခဲ့သည်။ လက်ရှိ သူမရဲ့ လူမှုရေးအဖွဲ့က မုဆိုးမငယ် ၈၀၀ နီးပါးကို ကူညီထောက်ပံ့ပေးနေသည်။

Sal Dimiceli

Sal Dimiceli က ဒုက္ခရောက်နေသူတွေ သူတို့ခြေထောက်ပေါ် သူတို့ရပ်နိုင်အောင် အကူညီပေးနေသည်။ သူထောင်ထားတဲ့ လူမှုရေးအဖွဲ့က နှစ်စဉ် လူ ၅၀၀ ကျော်ရဲ့ အစားအစာ၊ နေရာ၊ အိုးခွက်ပန်းကန် နဲ့ အခြား လိုအပ်ချက်များကို ကူညီပေးနေသည်။

Elena Durón Miranda

Elena Duron Miranda ကလေးဘ၀က အာဂျင်တီးနားနိုင်ငံ ဘာရီလိုချီမြို့ အမှိုက်ပုံတွေမှာ ရှာဖွေစားသောက် ရသူ ဖြစ်သည်။ ဒီနေ့ သူမရဲ့ PETISOS လူမှုရေးအဖွဲ့က အာဂျင်တီးနား အမှိုက်ပုံတွေမှ ကလေး ၂၀၀ ကျော်ကို စောင့်ရှောက်ထားပြီး ကျောင်းထားပေးလျက် ရှိသည်။

Derreck Kayongo

Derreck Kayongo နဲ့ အဖွဲ့က ဟိုတယ်တွေမှာ သုံးပြီးသား ဆပ်ပြာ အကျန်တွေ စုဆောင်းပြီး၊ အာဖရိကမှ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် ပြန်လည်ပြုပြင် အသုံးချသည်။ သူ့အလုပ်ကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး၊ အာဖရိက ကိုးနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်တွေကို ဆပ်ပြာအတုံး ၁၀၀,၀၀၀ ကျော် ပေးနိုင်ခဲ့သည်။

Diane Latiker

Diane Latiker နေတဲ့ ချီကာဂို ရပ်ကွက်ကြီးနားမှာ အကြမ်းဖက်ဂိုဏ်းတွေ များပြားလွန်းသည်။ သူမ အိမ်မှာ လူငယ်တွေအတွက် ကျောင်းလေးတစ်ကျောင်း စဖွင့်ထားခဲ့ပြီး၊ ကနေ့ အဲဒီကျောင်းက လူငယ် ၃၀၀ ကျော် အတွက် ခိုလှုံရာ ဖြစ်လာသည်။

Robin Lim

Robin Lim က ကိုယ်ဝန်ဆောင်တဲ့ သူ့ညီမ မီးဖွားရင်း သေဆုံးပြီးနောက်၊ သားဖွားဆရာမ ဖြစ်လာခဲ့သည်။ ၂၀၀၃ ခုနှစ်ကတည်းက သူမနဲ့ အဖွဲ့က အင်ဒိုနီးရှားမှ ဆင်းရဲတဲ့ အမျိုးသမီးများရဲ့ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်မှု၊ ကလေးမွေးဖွားမှုတွေကို ကူညီပေးနေသည်။

Patrice Millet

Patrice Millet က ကင်ဆာရောဂါ ရရှိလာပြီးနောက်၊ သူ့ဇာတိ ဟေတီနိုင်ငံမှာရှိတဲ့ ကလေးတွေအတွက် ဘ၀ကို မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့သည်။ သူနဲ့ သူ့အဖွဲ့က ဆင်းရဲသားရပ်ကွက်မှ ကလေးငယ် ရာပေါင်းများစွာအတွက် ဘောလုံးအသင်း၊ နည်းပြခြင်း၊ စားစရာပေးခြင်း၊ တာဝန်သိတဲ့ နိုင်ငံသားဖြစ်ထွန်းရေးတွေ သင်ကြားပေးသည်။

Bruno Serato

စာဖိုမှုး Burno Serato က သူ့မိသားစုနဲ့အတူ မိုတယ် တစ်ခုမှာ မှာနေထိုင်ပြီး၊ ၂၀၀၅ ခုနှစ်ကတည်းက ဆင်းရဲတဲ့ ကလေးတွေကို ညစာကျွေးလာခဲ့သူ ဖြစ်သည်။ အခု သူက ကယ်လီဖောနီးယားပြည်နယ် အက်နာဟိုင်းမ်မြို့ Boys and Girls Club မှာ ဆင်းရဲတဲ့ ကလေး ၂၀၀ ကျော်ကို နေ့တိုင်း ညစာကျွေးနေသည်။

Amy Stokes

Amy Stokes က တောင်အာဖရိကမှ HIV/AIDS ရောဂါခံစားရသူများနဲ့ ဆင်းရဲတဲ့ ကလေးတွေ အတွက် နွေးထွေးတဲ့ မိသားစုဘ၀ တည်ဆောက်ပေးနေသူ ဖြစ်သည်။ အင်တာနက်ကနေ တကမ္ဘာလုံးမှ လူငယ် ၃၀၀ ကျော်ကို ချိတ်ဆက်၊ အကူအညီရယူပြီး၊ သူမရဲ့ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

Source: CNN

ဝင့်ထန်း

Friday 30 September 2011

အများဆုံး ကြုံတွေ့ရတဲ့ လူသတ်သမား အဆုတ်ကင်ဆာ

ဒီနေ့ ဆွေးနွေးမည့် ခေါင်းစဉ်က ဘာပါလဲ ကမ္ဘာမှာရော မြန်မာ နိုင်ငံမှာ ပါ အများဆုံး ကြုံတွေ့ရတဲ့ လူသတ် သမား အဆုတ် ကင်ဆာ ရောဂါ အကြောင်း ပဲ ဖြစ်ပါတယ်။

အဆုတ်ကင်ဆာ ရောဂါဆိုတာ ဘာပါလဲ

အဆုတ်ကင်ဆာ အကြောင်းကို မဆွေးနွေးမီ အဆုတ်ရဲ့ခန္ဓာဗေဒ တည်ဆောက်ပုံနှင့် ဇီဝကမ္မဗေဒ လုပ်ငန်းတွေကို အနည်းဆုံး အတိုချုံး ဆွေးနွေးတင်ပြပါမယ်။ အဆုတ် ကင်ဆာ ဖြစ်လာတဲ့ အခါ ရောဂါလက္ခ ဏာတွေ ဘယ်လိုဖြစ်ပေါ်လာတယ် ဆိုတာ ပိုသ ဘောပေါက် နားလည်စေ ချင်လို့ပါ။

အဆုတ်ရဲ့ ခန္ဓာဗေဒတည်ဆောက် ပုံနဲ့ ဇီဝကမ္မ လုပ်ငန်း တွေကို သိပါရစေ

အဆုတ်ဟာ ဘယ်ညာအနေနဲ့ နှလုံးရဲ့ တစ်ဖက်တစ်ချက် ရင်ခေါင်း အတွင်းမှာရှိပါတယ်။ ရင်ခေါင်းဆိုတာ ကလည်း လည်ပင်းနဲ့ ဝမ်းဗိုက်ကြား ထဲက ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပြီး နောက်ဘက်မှာ ကျောရိုး၊ ဘေးမှာနံရိုး နဲ့ ရှေ့ပိုင်းမှာ ရင်ညွန့်ရိုး (Sternum) တွေနဲ့ ကန့်သတ်သတ်မှတ် ထားပြီး ၎င်းတို့ကြားနဲ့ အပေါ်တွေ မှာရှိတဲ့ြွကက်သား၊ အဆီပြင် အရေပြားတွေနဲ့ ဖုံးလွှမ်းထားပါတယ်။

ဝမ်းဗိုက်နဲ့ ရင်ခေါင်းပိုင်းကိုတော့ Sternum) ဆိုတဲ့ ကြွက်သားနဲ့ အရွတ်ပြားစပ်နေတဲ့ ကြွက်သား ပြားကြီးက ခြားနားထားပါတယ်။ အသက်ရှူတဲ့အခါမှာ ဒြွီကက်သား ပြားကြီးက အောက်ဘက်ကို ဆင်း သွားပြီး နံရိုးတွေက ဘေးကို ကားထွက်ကာ ရှေ့ပိုင်းက အပေါ်ကို တက်လာ လို့ရင်ခေါင်း အတွင်းပိုင်းဟာ ကျယ်လာပြီး ရှူသွင်းလိုက်တဲ့ လေ တွေကို စုပ်ယူကာ အဆုတ်ထဲကို လေတွေ အသက်ရြှွူပန်က တစ်ဆင့် ဝင်လာပါတယ်။

အဆုတ်ရဲ့ လေအိတ် Alveoli ရဲ့ အတွင်းအမြှေးပါးကို ဖြတ်ပြီး သွေးထဲဝင်လာတဲ့ ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်နဲ့ ရှူသွင်း လိုက်တဲ့လေထဲက အောက်ဆီဂျင် ဓာတ်တွေ လဲလှယ်မှုဖြစ်ကြ ပါတယ်။ ဒါကြောင့် ရှူသွင်းတဲ့လေထဲမှာ အောက်ဆီဂျင်ဓာတ်များပြီး ရှူ ထုတ်လိုက်တဲ့လေမှာတော့ ကာဗွန် ဒိုင်အောက်ဆိုက်တွေပါတယ်။ အသက်မရှူနိုင်တဲ့အခါတွေ၊ အဆုတ် ထဲကို သွေးမသွား လာနိုင်တဲ့ အခါတွေ၊ အဆုတ်လေအိတ်တွေ ရောင်ခဲပြီး အမြှေးပါးတွေ ပျက်စီးတဲ့အခါတွေမှာ ဒီလိုဓာတ်တွေ လဲလှယ်ရွှေ့ပြောင်းမှု မလုပ်နိုင်လို့ လူဟာ အသက်ရှူမဝ မရဘဲ ပြာနှမ်းလာ တတ်ပါတယ်။

နှာခေါင်း၊ ပါးစပ်ကနေ ရှူ သွင်းလိုက်တဲ့ လေဟာ အာခံတွင်းကို ဖြတ်ပြီး အသက်ရြှွူပန် အကြီး (Trachea) ကနေတစ်ဆင့် ဘယ်ညာ အသက်ရြှွူပန် အဆင့်ဆင့်ကနေ နောက်ဆုံးလေအိတ် Alveoli လေး တွေ အထိ ရောက်သွားပါတယ်။ ညာဘက်အဆုတ်မှာတော့ အပေါ်ပိုင်း အလယ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး Lobes ၃ ခုခွဲထားကာ ဘယ်ဘက် အဆုတ်မှာတော့ အထက်ပိုင်းနဲ့ အောက်ပိုင်း ဆိုပြီး အဓိက ၂ပိုင်းခွဲခြား ထားပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့ နေရာပေါ်မူတည်ပြီး ရောဂါလက္ခဏာ တွေ ကွာခြားတတ်လို့ ကြိုတင် သိထားစေခြင်းပဲ ဖြစ်ပါတယ်။

အဆုတ် ၂ ခုကြားက အမြှေးပါးဖုံးအုပ်ထားတဲ့ (Pericardium) အိတ်ထဲမှာ နှလုံးရှိ နေပြီး နှလုံးနောက်ဘက် ရင်ခေါင်း အတွင်းမှာ အစာမျြွိုပန် Oesophagus နဲ့ အသက်ရြှွူပန်၊ သွေးကြော မကြီးများနဲ့ အာရုံကြောတွေလည်း ရှိနေကြပါတယ်။ အဆုတ်ကိုတော့ အမြှေးပါးအိတ် Pleural Cavity က ဖုံးလွှမ်းထားပါတယ်။ ဒီလိုရင်ခေါင်း အတွင်းမှာ အဆုတ်အပြင် အခြား ခန္ဓာအစိတ်အပိုင်း တွေရှိနေတယ်ဆို တာတင်ပြရတာကတော့ ဓာတ်မှန် ရိုက်တဲ့အခါ ရင်ခေါင်းအတွင်းမှာ အကြိတ်အဖုတွေ တွေ့ပါက အခြား ခန္ဓာအစိတ်အပိုင်းတွေကလည်း ဖြစ် နိုင်တယ် ဆိုတာ သိထားစေချင်လို့ ဖြစ်ပါတယ်။

အဲဒီတော့ အဆုတ်ကင်ဆာ ဆိုတာ ဘာလဲလို့ မေးပါရစေ

အတိုဆုံးရှင်းပြရရင်တော့ အဆုတ်ကစတင်ဖြစ်နေတဲ့ ကင်ဆာကို အဓိက ဆိုလိုတာဖြစ်ပါတယ်။ ကင်ဆာဆိုတာကတော့ ခန္ဓာကိုယ် မှာ ဆဲလ်တွေဟာ ဖြစ်-တည်-ပျက် ဆိုတဲ့ သဘာဝသဘောတရားအတိုင်း ပုံမှန်အားဖြင့် ဖြစ်ပေါ်လာပြီး ခေတ္တ တည်ကာ ပျက်စီးသွားကြပါတယ်။ ဒီလိုပျက်စီးသွားတဲ့ဆဲလ်တွေ နေရာ မှာ ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာပြီး အစားထိုးကြလို့ အသက်ရှင်နေသမျှ ခန္ဓာကိုယ်ကြီး တည်မြဲနေတာ ဖြစ်ပါ တယ်။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် တချို့ဆဲလ်တွေဟာ ပုံမှန်မဟုတ်တော့လို့ ပျက်ချိန်တန် မပျက်စီးဘဲ အထိန်း အကွပ်အတား အဆီးမရှိ ပွားများ ကြီးထွားလာကာ အနီးအနားက ခန္ဓာအစိတ်အပိုင်း တွေထဲထိုးဝင်အမြစ်တွယ်ကာ ထပ်မံ ပွားများသလို အဆီရည်ြွပန် Lymphatic တွေ သွေးကြော တွေထဲကိုပါ တိုးဝင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာ ပျံ့နှံ့အမြစ်တွယ်ကြီးထွားကာ ဒုက္ခ ပေးတတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့ အခြေအနေကိုတော့ ကင်ဆာရောဂါ လို့ခေါ်ပါတယ်။ အဆုတ်မှာ ဒီလို အခြေအနေ တွေ ဖြစ်နေတာကို အဆုတ်ကင်ဆာ ဖြစ်တယ်လို့ ဆိုပါ တယ်။ တကယ်တော့ အဆုတ်ရဲ့ လြွေပန်တွေမှာ အဖြစ်များတာမို့ အဆုတ်ကင်ဆာကို Bronchogenic Cancer လို့လည်း အသိများကြပါ တယ်။ အဆုတ်ကို ဖုံးအုပ်ထားတဲ့ အမြှေးပါးက ဖြစ်လာတဲ့ ကင်ဆာ အမျိုးအစားကိုတော့ Mesothelioma Cancer လို့ ခေါ်ပါတယ်။ Mesothelioma

အဆုတ် ကင်ဆာဆိုတာက အဆုတ်က စတင်ဖြစ်နေတဲ့ ကင်ဆာကို အဓိက ဆိုလိုတာ ဆိုတော့ အဆုတ်က စတင်မဖြစ်တဲ့ အဆုတ်ကင်ဆာ ဆိုတာ များ ရှိပါသေးသလား

ရှိပါတယ်။ တကယ်တော့ ဒီ အဆုတ်က စတင်တာ မဟုတ်ဘဲ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ကင်ဆာရောဂါဖြစ်ပြီး ရောဂါရင့်လာ လို့ ကင်ဆာဆဲလ်တွေ သွေးကြော တွေက တစ်ဆင့် အဆုတ်မှာ လာရောက် အနည်တင်ကာ ပွားများကြီး ထွားဒုက္ခ ပေးတဲ့ ကင်ဆာတွေက ပိုလို့တောင် အဖြစ်များပါသေးတယ်။ ဒီလိုကင်ဆာ မျိုးကိုတော့ Secondary သို့မဟုတ် Metastatic Lung Cancer လို့ ခေါ်ပါတယ်။ ရင်သားကင်ဆာတွေ၊ ဆီးကျိတ်ကင်ဆာတွေ၊ အရိုးကင်ဆာ တွေ၊ သိုင်းရွိုက်ကင်ဆာတွေကနေ အဆုတ်မှာ ပျံ့နှံ့အမြစ်တွယ် ပွားများ တာတွေ အဖြစ်များ ကြပါတယ်။

အဆုတ်ကင်ဆာဟာ အဖြစ်များတဲ့ ကင်ဆာပါလား

တကယ်တော့ ဒီကင်ဆာဟာ ကမ္ဘာပေါ်မှာ အမျိုးသားကော အမျိုး သမီးတွေမှာပါ အများဆုံးကြုံတွေ့ရတဲ့ လူသတ်သမား ကင်ဆာ ရောဂါဖြစ်ပါ တယ်။ အမေရိကန် ကင်ဆာရောဂါ အဖွဲ့ကြီးက ခန့်မှန်းချက်အရတော့ ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန် လူမျိုး ၂၃၀ဝ၀ဝ ခန့်ဟာ အဆုတ်ကင်ဆာ ဖြစ်ပွားခံစားနေရပြီးထိုအထဲမှ၁၆၀ဝ၀ဝ ခန့်ဟာ သေဆုံးနိုင်ပါတယ်တဲ့။ ဘဝ သက်တမ်း တစ်လျှောက်မှာတော့ လူ ၁၄ ယောက်မှာ တစ်ယောက်ဟာ အဆုတ် ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။ အဆုတ်ကင်ဆာဟာ အသက် ကြီးသူတွေမှာ အဖြစ်များပြီး ၇၀ရာခိုင် နှုန်းခန့်ဟာ အသက် ၆၅ နှစ်ကျော် မှာ ဖြစ်လေ့ရှိပါတယ်။ ၁၉၃၀ ပြည့်နှစ် မတိုင်မီက ဆေးလိပ်သောက်ဆုံးမှု မြင့်မား လာတဲ့ အခါမှာတော့ သိသိ သာသာ အဖြစ်နှုန်းများလာပါတယ်။ ဒါပေမယ့် ယခုတော့ ဆေးလိပ် သောက်မှုရဲ့ အန္တရာယ်တွေကို ပညာ ပေးတာကြောင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတချို့မှာ အဆုတ်ကင်ဆာအဖြစ် နှုန်း ကျဆင်းစပြုနေပြီ မှန်သော် လည်း ယခုထက်တိုင် အဆုတ် ကင်ဆာကတော့ ကမ္ဘာပေါ်မှာ နံပါတ် (၁) လူသတ်သမား ကင်ဆာရောဂါ နေရာမှာရှိနေတုန်းပါပဲ။

အဆုတ်ကင်ဆာကို ဘာတွေက ဖြစ်စေပါသလဲ

ဆေးလိပ်သောက်မှုကတော့ အဆုတ်ကင်ဆာနဲ့ အထူးပဲ ဆက် နွယ်နေပြီး အဆုတ်ကင်ဆာ ၉၀ရာခိုင် နှုန်းခန့်ဟာ ဆေးလိပ်သောက်သုံးခြင်း ကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဆေးလိပ် သောက်သုံးမှုပမာဏနဲ့ ဘယ်လောက်ကြာကြာ သောက်သုံးခဲ့ တယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။ ဆေးတံနဲ့ ဆေးပြင်းလိပ်သောက်တဲ့ သူတွေက ဆေးလိပ်လုံးဝမသောက်တဲ့ သူတွေထက် အဆုတ်ကင်ဆာဖြစ်ဖို့ ၅ဆအန္တရာယ်ရှိပေမယ့် တစ်နေ့ စီးကရက်တစ်ဘူးသောက်သူကတော့ ၂၅ဆ ပိုအန္တရာယ်ရှိပါတယ်။ ဆေးလိပ်မှာ ဓာတုဓာတ်ပေါင်း ၄၀ဝ၀ ခန့်ရှိရာမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေလည်း အတော်များများ ပါဝင်ပါတယ်။

အဓိကကတော့ Nitrosamines နဲ့ Polycyclic Aromatic Hydrocarbons တွေ ဖြစ်ကြပါတယ်။ ဆေးလိပ်ကို ဖြတ် လိုက်ရင်တော့ ပုံမှန်ဆဲလ်တွေက ပုံမမှန်တဲ့ ဆဲလ်တွေကို ပြန်အစားထိုး ကြတာမို့ ၁၅ နှစ်ခန့် ဆေးလိပ်ဖြတ် လိုက်ပါက ဆေးလိပ် မသောက်သူလို အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အန္တရာယ် လျော့သွားမှာဖြစ်ပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက် ပေမယ့် သူများသောက်တဲ့ ဆေးလိပ် ငွေ့ကို ရှူနေရသူတွေလည်း အန္တရာယ် ရှိပါတယ်။ ဆေးလိပ်လုံးဝမရှူရှိုက် သူနှင့်ယှဉ်လျှင် သူတို့လည်း ၂၄ ရာခိုင်နှုန်း ပိုပြီးအန္တရာယ်ရှိတာကို သုတေသနက ဖော်ပြထား ပါတယ်။ အမေရိကန်မှာ နှစ်စဉ် အဆုတ် ကင်ဆာကြောင့် သေဆုံးသူ ၃၀ဝ၀ ခန့်ဟာ Passive Smoking တစ်ဆင့် ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းကြောင့် ဖြစ်ကြရပါတယ်။ အဆုတ် ကင်ဆာ ဖြစ်စေတဲ့ အခြားအကြောင်းကတော့ Asbestos Fibresတွေ ဖြစ်ပါတယ်။

အဲဒီ ဓာတုပစ္စည်းတွေကို ရှူမိလိုက်ပါက တစ်သက်လုံးအဆုတ်ထဲမှာ ရှိနေ တတ်ပြီး ကင်ဆာဖြစ်စေတတ်ပါ တယ်။ အပူနဲ့ အသံတွေ တားဆီးဖို့ မျက်နှာကျက် အကာတွေအဖြစ် Asbestos ကို အသုံးပြုတဲ့အခါ လုပ် သားတွေကို ထိခိုက်အန္တရာယ်ရှိ စေတာမို့ တချို့နိုင်ငံတွေမှာ တား မြစ်ထားကြပါတယ်။ ဒီဓာတ်ပစ္စည်း တွေက အမြှေးပါးတွေမှာ Mesothelioma ကင်ဆာ အမျိုးအစား ကိုဖြစ်စေပြီး ဆေးလိပ်သောက် သုံးပါက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ၅ ဆကနေ အဆပေါင်း ၅၀-၉၀ အထိ ပိုမိုအန္တရာယ်ရှိစေတတ်ပါတယ်။ Uranium ဓာတ်ယိုယွင်း ပျက် စီးတဲ့အခါမှာ သဘာဝ အလျောက် ထွက်တဲ့ Radon gas ဟာလည်း အမေရိကန်ပြည်ထောင်စုမှာဖြစ်ပွားတဲ့ အဆုတ်ကင်ဆာကြောင့်သေဆုံးမှု ၁၂ရာခိုင်နှုန်း အရေအတွက်အားဖြင့် ၂၀ဝ၀ဝ ခန့်ရဲ့ တရားခံဖြစ် တယ်လို့ ပြောပါတယ်။ ဒီဓာတ်ဟာ မြေကြီးထဲ က ထွက်လာပြီး အနံ့အသက်မရှိဘဲ ဒုက္ခပေးပါတယ်။ ဆေးလိပ်သောက် သူတွေကို ပိုအထိနာစေတယ်လို့ ဆို ပါတယ်။ မြန်မာနိုင်ငံ မှာတော့ ဒီ အနုမြူဓာတ်တွေ မသုံးလို့ ဒီ Gas ရဲ့ အန္တရာယ်တော့ မရှိလောက်ဘူး လို့ ယူဆရပါတယ်။ မျိုးရိုးဗီဇကလည်း အဆုတ် ကင်ဆာဖြစ်စေတတ်ပါတယ်။ တချို့ ဆေးလိပ် လုံးဝမ သောက်ပေမယ့် ဆွေမျိုးသားချင်းတွေမှာ အဆုတ် ကင်ဆာဖြစ်သူရှိရင် ဖြစ်ဖို့အခွင့် အလမ်းပိုများတာကို တွေ့ကြရပါ တယ်။

သုတေသနပြုချက်အရ DNA မှာ ဒီကင်ဆာပိုဖြစ်စေတဲ့ မျိုးရိုးဗီဇဟာ ခရိုမိုဆုန်းနံပါတ် (၁၅)ရဲ့ q.arm မှာ ရှိနေပြီး Nicotine စတာနဲ့ ပေါင်းစပ် ကာကင်ဆာဖြစ်စေတယ်လို့ဆိုပါတယ်။ နာတာရှည် အသက်ရြှွူပန် ကျဉ်းမြောင်းတဲ့ အဆုတ်ရောဂါ (COPD) ပန်းနာရင်ကျပ်သည်တွေ ဟာလည်း သာမန်လူတွေထက် အဆုတ်ကင်ဆာဖြစ်ဖို့ ၄-၆ ဆ အန္တရာယ်ပိုများကြပါတယ်။ ယခင်က အဆုတ်ကင်ဆာဖြစ် ဖူးသူတွေလည်း သာမန်ထက် အန္တရာယ်ပိုများတတ်သလို မော်တော် ကားတွေ၊ စက်ရုံတွေကထွက်တဲ့ ဓာတ်ပစ္စည်းတွေကလည်း အဆုတ် ကင်ဆာဖြစ်ပွားမှုကို Passive Smoker တွေမှာလို အန္တရာယ်ရှိစေ နိုင်ပါတယ်။

ပါမောက္ခဒေါက်တာမြသိန်းဟန်

Wednesday 28 September 2011

အင်တာနက်သုံးခြင်းက သက်ကြီးရွယ်အိုများအတွက် ကောင်းကျိုးဖြစ်စေနိုင်

Facebook နှင့် YouTube ကဲ့သို့ အင်တာနက်ဝက်ဘ်ဆိုက်များမှာ သက်ကြီးရွယ်အိုများအတွက် ဦးနှောက်ကို နိုးကြားသွက်လက်စေပြီး မှတ်ညဏ် လျော့ကျပျက်စီးခြင်းအား
ကာကွယ်တားဆီးနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ Social
Networking ဝက်ဘ်ဆိုက်များနှင့် Skype ကဲ့သို့ အွန်လိုင်းဝန်ဆောင်မှုများကို
မကြာခဏ အသုံးပြုတတ်သည့် သက်ကြီးရွယ်အိုများမှာ ထိုသို့
အသုံးပြုလေ့မရှိသည့် သက်ကြီးရွယ်အိုများထက် ဦးနှောက်ပိုင်းဆိုင်ရာတွင်
ပို၍ နိုးကြားသွက်လက်ကြကြောင်း လေ့လာမှုတစ်ခုက ဆိုသည်။
အင်တာနက်သုံးခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဖိစီးမှုနှင့်
စိတ်ဓာတ်ကျခြင်းတို့ကို လျော့နည်းစေနိုင်သလို သက်ကြီးရွယ်အိုများအတွက်
လူမှုပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံမှုတွင် အထောက်အကူ ဖြစ်စေသည်။ Social
network နှင့် IT နည်းပညာတို့မှာ သက်ကြီးရွယ်အိုများကို
ပိုမိုနုပျိုစေနိုင်ပြီး မှတ်ညဏ်ကိုလည်း ပိုမိုတိုးတက်စေနိုင်ကြောင်း
သိရသည်။ အီတလီနိုင်ငံမှ သုတေသနပညာရှင်များက စောင့်ရှောက်ရေးဂေဟာနှစ်ခုရှိ
သက်ကြီးရွယ်အိုများကို လေ့လာမှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဂေဟာများတွင်
လက်ပ်တော့နှင့် ဝါယာလက်စ် အင်တာနက်စနစ်များ တပ်ဆင်ပေးထားပြီး
အင်တာနက်သုံးစွဲပုံကို သင်ကြားပေးခဲ့ကြသည်။ သက်ကြီးရွယ်အိုများကိုလည်း
Facebook, Twitter ကဲ့သို့ Social networking ဝက်ဘ်ဆိုက်များနှင့် Skype
ကဲ့သို့ အွန်လိုင်းမှ တယ်လီဖုန်း ဆက်သွယ်ပြောဆိုနိုင်သည့်
ဝက်ဘ်ဆိုက်များတွင် ၎င်းတို့၏ ကိုယ်ပိုင် account များ ပြုလုပ်ပေးခဲ့သည်။
ထိုလေ့လာမှုအရ အင်တာနက်အသုံးပြုသည့် သက်ကြီးရွယ်အိုများမှာ
အင်တာနက်အသုံးမပြုသည့် သက်ကြီးရွယ်အိုများထက် ပိုမို
နိုးကြားတက်ကြွမှုရှိကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။ လွန်ခဲ့သည့်
နှစ်အနည်းငယ်အတွင်း အင်တာနက်မှ Social networking ဝက်ဘ်ဆိုက်များ
အသုံးပြုသည့် သက်ကြီးရွယ်အို အရေအတွက်မှာ ၈၀ ရာခိုင်နှုန်းအထိ
တိုးတက်လာခဲ့သည်။ Facebook နှင့် MySpace တွင် profile
ပြုလုပ်ထားသူများအနက် ၈ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အို အငြိမ်းစားများ
ဖြစ်ကြသည်။ သက်ကြီးရွယ်အို ၁ဒသမ၅သန်းကျော်မှာ Facebook တွင် profile
ပြုလုပ်ထားပြီး Skype အသုံးပြုကာ မိတ်ဆွေများ၊ ဆွေမျိုးများနှင့်
ဆက်သွယ်လေ့ရှိကြကြောင်းလည်း သိရသည်။

ထေရဝါဒ သာသနာ

ယနေ့ ကမ္ဘာတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဓိက ဂိုဏ်း နှစ် ဂိုဏ်း ရှိသည်။ ၎င်းတို့မှာ ထေရ၀ါဒ နှင့် မဟာယန ဟူ၍ဖြစ်သည်။ ရှေးလွန်လေပြီးသော အချိန်၌ အခြားသော ဂိုဏ်းများလဲ အများအပြား ရှိခဲ့ကြသည်။ သို့သော် ထိုဂိုဏ်းနှစ်ဂိုဏ်းသည်သာလျှင် အိန္ဒိယနိုင်ငံ ပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်း ပျံ့နှံ့ခြင်းဖြင့် ယနေ့ခေတ်ကာလထိအောင် ရှင်သန်လာပေသည်။

ထေရ၀ါဒသည် ပင်မအားဖြင့် အိန္ဒိယ တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ သီရီလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် ရှင်သန်ခဲ့၏။
မဟာယနသည် အဓိကအားဖြင့် အိန္ဒိယမြောက်ပိုင်း၊ တရုတ်၊ တိဘက်၊ ဂျပန်၊ မွန်ဂိုလိယ၊ ကိုရီးယား နှင့် ဗီယက်နမ် နိုင်ငံများတွင် ပျံ့နှံ့ခြင်းဖြင့် ရှင်သန်ခဲ့သည်။
ထိုအကြောင်းကြောင့်ပင် မဟာယနကို ရံဖန်ရံခါ မြောက်ပိုင်းဂိုဏ်း ဟု ညွှန်းဆိုကြပြီး ထေရ၀ါဒကို တောင်ပိုင်း ဂိုဏ်း ဟု ညွှန်းဆိုတတ်ကြပါသည်။

ထိုဂိုဏ်းနှစ်ခုတွင် သိသာထင်ရှားသော ကွဲလွဲချက်များ ရှိသော်လည်း.. သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကမ္မ၀ါဒ၊ ပဋိစ္စသမုပါဒ အစရှိသော အခြေခံ တရားများမှာမူ ဂိုဏ်းနှစ်ခုစလုံးတွင် ထပ်တူ တူညီကြသည့် အချက်ကိုမူ အလေးထားမှတ်ယူ သင့်သည်မှာ အရေးပါပေသည်။ ဂိုဏ်းနှစ်ခု၏ အဓိက မတူညီမှုမှာ မတူညီသော ဦးစားပေးမှုများနှင့် သမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ ဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို လိုက်နာခြင်းဖြင့် လွတ်မြောက် ငြိမ်းအေးခြငး နိဗ္ဗာန တရားမြတ်ကို မျက်မှောက်ပြုရေး .. နောက်ဆုံး အန္တိမပန်းတိုင်ကား အတူတူပင် ဖြစ်သည်။ ထေရ၀ါဒ ဟုသော အသုံးအနှုံးသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ (ထေရ) လျှောက်သောလမ်း ဟု သဒ္ဒါအလိုအရ အဓိပ္ပာယ် ရပေသည်။

ထေရ၀ါဒ ဂိုဏ်းသည် ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း မှတ်တမ်းတင် ထိန်းသိမ်းထားသော ပါဠိ တိပိဋက (ပိဋကတ် သုံးပုံ)အတိုင်း အစဉ်တစိုက် လက်ခံပါသည်။ ထေရ၀ါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓ၏ အဆုံးအမများကို စစ်မှန်သော မူလ အခြေအနေအတိုင်း ထိန်းသိမ်းခြင်း နှင့် အနာဂါတ် မျိုးဆက်အဆက်က် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆုံးအမများ ဆိုရာတွင် လူပုဂ္ဂိုလ်များအား လွတ်မြောက်ရာကို မည်သို့ ရှာဖွေရမည်ကို ညွှန်ပြနိုင်စွမ်း အပြည့်အ၀ ရှိသော လွတ်မြောက်ရေး အဆုံးအမ လမ်းညွှန်မှုများ ဟု ယူဆရပေမည်။ ထိုအကြောင်းကြောင့် ပင် အဆုံးအမများ၏ စွမ်းရည်ပြည့်ဝ ထိရောက်မှုကို ခေတ်အဆက်ဆက် အမြင့်ဆုံး ရှိမြဲ ရှိနေစေရန် အလို့ငှာ ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း ကြိုးကြိုးပမ်းပမ်း ထိန်းသိမ်းထားကြခြင်း ဖြစ်သည်။ အဆုံးအမများကို မူလပုံစံမှ ပြင်ဆင်လိုက်လျှင် သို့မဟုတ် တစ်နည်းနည်း ပြောင်းလဲလိုက်လျှင် ထိရောက်မှုသည် အချိန်နှင့်အမျှ လျော့ပါးသွားဖွယ် ရှိပေသည်။

ထေရ၀ါဒ ထုံးထမ်းအရ ပါဠိတိပိဋက၌ မပါရှိပဲ သတ်သတ် ထိန်းသိမ်းထားသော သို့မဟုတ် ဟောကြားခဲ့သော ဗုဒ္ဓ၏ အဆုံးအမများ ရှိသည် (ဆိုလိုသည်မှာ တိပိဋိကတွင် မှတ်တမ်း တင်ခဲ့ခြင်း မရှိပဲ တစ်စုံတရာသော ပုဂ္ဂိုလ်ကို ဟောကြားခဲ့သော နက်နဲသည့် တရားတော် ) ဟူသော ခံယူချက်ကိုလည်း ပစ်ပယ်ပါသည်။ ထို့ကြောင့် ပင်လျှင် ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့် ကြာမှ စတင် ပေါ်ထွန်းလာသော် မဟာယန သုတ္တန်များကို ထေရ၀ါဒက စစ်မှန်သည်ဟု လက်မခံကြပါ။ ဗုဒ္ဓအဆုံးအမများကို အဓိက ထိန်းသိမ်းနေသူများမှာ သံဃာ ဟု ခြုံငုံခေါ်ဝေါ်သော ရဟန်းတော်များပင် ဖြစ်ပါသည်။ ထေရ၀ါဒ သံဃာတို့သည် ဗုဒ္ဓက သတ်မှတ်တော်မူခဲ့သော၊ ၀ိနယပိဋကတွင် မှတ်တမ်းတင်ထားသည့် ရဟန်းဆိုင်ရာ ကျင့်ဝတ်တို့ကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးကြသည်။ ထို ရဟန်းဆိုင်ရာ ကျင့်ဝတ်များသည် ဗုဒ္ဓ၏အဆုံးအမများကို ကောင်းစွာတည်တံ့စေရေးအတွက် မရှိမဖြစ် ဖြစ်သည်ဟု ထေရ၀ါဒ သံဃာများက လက်ခံကြသည်။

ပုဂံပြည်မတိုင်ခင်က မြန်မာနိုင်ငံ နှင့် ထေရဝါဒ သာသနာ

ရှေးနှစ်ပေါင်းငါးထောင်လောက်က အင်ဒိုအာရိယန်လူမျိုးများ ဂင်္ဂါ ၊ အိန္ဒိယနိုင်ငံ အိန္ဒူ မြစ်ဝှမ်းများ သို့ မ၀င်ရောက်မပြန့် နှံ့မှီ နှင့် မောင်းဂွတ်အနွယ်ဝင်များ အာရှတိုက် အရှေ့ ပိုင်း ၊ အရှေ့ တောင်ပိုင်း များသို့ မ၀င်ရောက်မပြန့် နှံ့ သေးမှီကပင် မြန်မာနိုင်ငံတွင် ကျောက်လက်နက်များ အသုံးပြုခဲ့သည့် ရှေးဟောင်းလူမျိုးများ နေထိုင်ခဲ့ကြ‌သော အထောက်အထားများတွေ့ ရှိခဲ့ရသည်။

အထက်မြန်မာနိုင်ငံ ဒေသများနှင့်ပဲခူးခရိုင် ၊ မြင်းခြံ ၊ ပခုတ္ကူ ၊ သရက် ၊ မကွေးခရိုင်နှင့်ရခိုင် တနင်္သာရီ ကမ်းရိုးဒေသများတွင် အနှံ့ အပြား ရှာဖွေတူးဖေါ်ရရှိခဲ့သည်၊

ကျောက်ခေတ်လူမျိုးများ နောက်ပိုင်း ၊ အာရှတိုက်အရှေ့ တောင်ပိုင်း သို့ ဝင်ရောက်လာကြသည့် အင်ဒိုနီးရှင်းများသည် မြန်မာနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းတွင် နှစ်အတန်ကြာနေထိုင် သွားကြသည်ဟု ယူဆ ရသည်။

မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းတ၀ိုက်တွင် နှစ်ပေါင်းနှစ်ထောင်ကျော်က နေထိုင်သွားခဲ့ကြသည့် အင်ဒို နီးရှင်းများအား ရှေးခေတ် ပထ၀ီပညာရှင်ကြီး တိုလေမီက လူသားစား အရိုင်းအစိုင်းများ ဟုဖေါ်ပြခဲ့သည်။ မြိတ်ကျွန်းစုတ၀ိုက်ရှိ ဆလုံလူမျိုးများသည် အင်ဒိုနီးရှင်း အကြွင်းအကျန်များဟု သမိုင်းပညာရှင်များက ယူဆကြသည်။

သည်နောက်ပိုင်း အင်ဒိုအာရိယန်လူမျိုးများသည် အိန္ဒိယပြည်သို့ ၄င်း၊ မောင်းဂွတ်အနွယ်ဝင်များသည် အာရှတိုက်အရှေ့ ပိုင်း ၊ တောင်ပိုင်းများသို့ ဝင်ရောက်လာကြသည်။

ယင်းလူမျိုးကြီးနှစ်မျိုးသည် အာရှတိုက်သို့ ဝင်ရောက်လာကြပြီုးတွေ့  ဆုံခဲ့ကြသည် ကို အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များက လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ငါးရာနှင့် သုံးထောင်ခန့် အကြားဟု ခန့် မှန်းကြသည်။

မောင်းဂွတ်အနွယ်များအား အိန္ဒိယပြည်တွင် အင်ဒိုအာရိယန်များက ဖိသဖြင့်အရှေ့ တိဗက်နှင့်အနောက် တိဗက်ဟူ၍ အုပ်စုနှစ်စုကွဲသွားသည်။ အရှေ တိဗက်အုပ်စုက တရုတ်ပြည်ယူနန်နယ်ဘက်သို့ ဝင်ရောက်သွားပြီး အနောက်တိဗက်အုပ်စုက အိန္ဒိယပြည်တွင်းသို့ ဝင်ရောက်သွားသည်။ အနောက်တိဗက်အုပ်စုကို အင်ဒိုအာရိယန်များက ဖိသဖြင့် မဏိပူရ ၊ အာသံနယ်များမှတဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာကြသည်။

တရုတ်ပြည်ယူနန်နယ်ဘက်သို့ ဝင်ရောက်သွားကြသည့်အရှေ့ တိဗက်အုပ်စုသည် “တရုတ်ကဖိ ရှမ်းကအိ” သဖြင့် မြန်မာနိုင်ငံတွင်းသို့ အစုစု ကွဲပြီးဝင်ရောက်လာကြပြန်သည်။

သို့ ရာတွင် မောင်းဂွတ်အနွယ်ဝင် မွန်ခမာလူမျိုးစုများသည်အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသများ သို့ သမိုင်း၏ ခပ်စောစော အချိန်ပိုင်းလောက်ကပင် ၀င်ရောက်နေ ကြပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀၀နှင့် ၂၅၀၀ ကြားတွင် တရုတ်ပြည်ချင်မင်းဆက်ဘုရင်များသည် ယခင်က လူမျိုးစု အလိုက် အကွဲကွဲအပြားပြား ပေါ်ပေါက်လျက်ရှိသည့် ပြည်နယ်များအား တရုတ်ပြည်ကြီးတပြည် ဖြစ်လာရန် စည်းလုံးနိုင်ခဲ့ကြသည်။

ထို့ အတူ အိန္ဒိယပြည် ( တောင်ပိုင်းမှလွဲ၍ ) စန္ဒဂုတ်မင်းဆက်ဘုရင်များသည် လူမျိုးစုအလိုက် အကွဲကွဲ အပြားပြား ဖြစ်နေပေါ်နေကြသည့် ၊ မာဂဓ ၊ ၀ိဒေဟ ၊ ကောသလ ၊ ပဉ္စလာစသည့် ပြည်နယ်များကို သိမ်း သွင်းပြီး အိန္ဒိယပြည်ကြီးကို စည်းလုံးနိုင်ခဲ့သည်၊ ထိုသမိုင်းများသည် အထောက်အထားခိုင်လုံသည့် အိန္ဒိယနှင့်တရုတ်ပြည် တို့ ၏သမိုင်းဝင်အဖြစ် အပျက် များဖြစ်သည်။

Wednesday 21 September 2011

ပါရမီဆယ်ပါးအကြောင်း

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို ဆင်ခြင်တော်မူသောအခါ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ ဟူသော ပါရမီဆယ်ပါးတို့ကို အစဉ်အတိုင်း တွေ့မြင်တော်မူကာ ဘ၀များစွာ ဖြည့်ကျင့်ခဲ့ရလေသည်။

ဒါနပါရမီ ဖြည့်ကျင့်တော်မူပုံ မိမိပိုင်သက်ရှိသက်မဲ့ပစ္စည်းများကို သူတစ်ပါးအားပေးကမ်း စွန့်ကြဲလှူဒါန်းမူဒါနပါရမီကို ပထမဆုံး ဖြည့်ကျင့်တော်မူသည်၊ ဘ၀များစွာ ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ ဤကောင်းမူကြောင့် လူစည်းစိမ် နတ်စည်းစိမ်လောကီ ဂုဏ်သိန်များကို သတကာတို့ကဲ့သို့ မတောင့်တ မမျှော်မှန်း၊ သတ္တ၀ါအများကို ကယ်မရန် သဗ္ဗညုတဉာဏ်ရဖို့သာ ရည်သန်တောင့်တတော်မူသည်။

ဘ၀များစွာ ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ သိဝိမင်းဘ၀နှင့် ဝေသန္တရာမင်းဘ၀ကား အလွန်ထင်ရှား၍ အသိများသော ဘ၀များဖြစ်ပေသည်။

ဘုရားအလောင်းတော်သည် သိဝိမင်းဖြစ်စဉ် အလှူဒါနဘက်၌ စိတ်အားထက်သန်ပုံကို စုံစမ်းလို၍ သိကြားမင်းသည် မျက်မမြင်ပုဏ္ဏားအိုယောင်ဆောင်ကာ မျက်စိတစ်ဘက်ကို အလှူခံလာသည်၊ သိဝိမင်းကြီးသည် မျက်စိနှစ်ဘက်ကိုပင်ထုတ်၍ ရက်ရက်ရောရော ပေးလှူလိုက်လေသည်။

ဝေသန္တရာမင်းဘ၀၌လည်း ဘုရားအလောင်းတော်သည် အလှူမဏ္ဍပ် ၆-ခု ဆောက်လုပ်၍ နေ့စဉ် ၆-သိန်းတန် အ၀တ်တန်ဆာ အစားအစာများကို လှူ၏၊ တစ်ခါကမူ ကလိင်္ဂတိုင်းမှ ပုဏ္ဏားတို့သည် တန်ဖိုးမဖြတ်နိုင်သော ဆင်ဖြူတော်ကိုပင် အလှူခံလာကြရာ ရက်ရက်ရောရောပင် လှူတော်မူ၏။

ဆင်ဖြူတော်လှူ၍ ပြည်သူတို့မကျေနပ်သဖြင့် ထီးနန်းစွန့်ကာ ဟိမ၀န္တာဝင်္ကဘာတောင်သို့ ထွက်ခွာသွား၏၊ မဒ္ဒီမိဖုရား သားတော်ဇာလီ၊ သမီးတော်ကဏှာဇိန်တို့နှင့်အတူ ရသေ့ဝတ်ဖြင့် နေလေသည်၊ ထိုအခါ၌လည်း အလှူခံလာသော ဇူဇကာပုဏ္ဏားအား သားတော်သမီးတော်တို့ကို လှူပြန်၏၊ ပုဏ္ဏားယောင်ဆောင်လျက် မိဖုရားကို အလှူခံလာသော သိကြားမင်းအားလည်း မဒ္ဒီမိဖုရားကို လှူပြန်သည်။

ဤသို့လျှင် ဘုရားအလောင်းတော်သည် ဘ၀များစွာ ဖြစ်လေရာတို့၌ ဒါနပါရမီကို ဖြည့်ကျင့်ရာတွင် ပစ္စည်းဥစ္စာကိုသာမက ဇနီး၊ မယား၊ သမီးသား တို့ကိုပင် စွန့်လှူခဲ့သည်၊ ထိုမျှသာမက များစွာသောဘ၀တို့၌ အင်္ဂါ ခြေ လက်နှင့် အသက်ကိုပင် စွန့်လှူခဲ့ဖူးသည်မှာ များလှလေပြီ။ဤသို့လျှင် ဘုရားအလောင်းတော်သည် ဘ၀များစွာ ဖြစ်လေရာတို့၌ ဒါနပါရမီကို ဖြည့်ကျင့်ရာတွင် ပစ္စည်းဥစ္စာကိုသာမက ဇနီး၊ မယား၊ သမီးသား တို့ကိုပင် စွန့်လှူခဲ့သည်၊ ထိုမျှသာမက များစွာသောဘ၀တို့၌ အင်္ဂါ ခြေ လက်နှင့် အသက်ကိုပင် စွန့်လှူခဲ့ဖူးသည်မှာ များလှလေပြီ။

(သီလပါရမီ)

အကုသိုလ်မဖြစ်အောင် ကိုယ်နူတ်တို့ကို စောင့်ထိန်းခြင်းကို သီလဟု ခေါ်သည်၊ ထိုသီလမှာ ငါးပါးသီလ ရှစ်ပါးသီလ စသည်ဖြင့် များစွာရှိသည်၊ ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ သီလပါရမီတော်ကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ အလီနသတ္တုမည်သော မင်းသားဖြစ်စဉ်က သီလပါရမီ ဖြည့်ကျင့်ပုံမှာလည်း ထင်ရှားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။


အလီနသတ္တုမင်းသား၏ ခမည်းတော်သည် သမင်လိုက်ရာမှ နယ်ကျွံ၍ ဘီလူးတစ်ဦး စိုးပိုင်သော ညောင်ပင်အောက်သို့ ရောက်သွားသည်။ “နောက်တစ်နေ့ ပြန်လာ၍ ဘီလူးအစားခံပါမည်” ဟူသောကတိဖြင့် ဘီလူးထံ ခွင့်ပန်၍ နန်းတော်သို့ ပြန်လာခဲ့သည်၊ ထိုအကြောင်းကို သားတော် အလီနသတ္တုမင်းသား သိသဖြင့် ခမည်းတော်ကိုယ်စား ဘီလူးအစားခံရန် သွားခဲ့လေသည်၊ မင်းသားသည် မိမိစောင့်ထိန်းထားသော ကိုယ်ကျင့်သီလ ညိုးနွမ်းမည်စိုးရိမ်၍ လက်နက်တစုံတရာကိုမျှ ယူမသွားခဲ့ပေ။

ဘီလူးသည် ဘုရားအလောင်းတော် အလီနသတ္တုမင်းသား၏ မကြောက်မရွံ့ ရဲဝံ့သော အမူအရာကို မြင်၍ မသတ်စားဝံ့တော့ဘဲ နောက်ဆုံးတွင် မင်းသား၏အဆုံးအမကို လိုက်နာကာ ငါးပါးသီလစောင့်ထန်းသူ ဖြစ်လာလေသည်။

ဒါနပါရမီဖြည့်ရာ၌ အသက်ကိုပင် စွန့်လှူရဲသော ဘုရားအလောင်းတော်သည် သီလပါရမီဖြည့်ကျင့်ရာ၌ ကိုယ်ကျင့်သီလကို အဘယ်ကြောင့် အသက်နှင့် မလဲဝံ့ဘဲ ရှိအံ့နည်း။



(နေက္ခမပါရမီ)

လောကီအာရုံ ကာမဂုဏ်များကို မစုံမက်ဘဲ စွန့်ခွာ၍ တစ်ကိုယ်တည်း ရသေ့ရဟန်းပြုလိုခြင်း (တောထွက်ခြင်း)မျိုးကို နက္ခမ္မပါရမီ ဖြည့်သည်ဟုခေါ်၏၊ ဘုရားအလောင်းတော်၏ နေက္ခမ္မပါရမီဖြည့်ကျင့်သော ဘ၀များမှာ လွန်စွာ များလှ၏၊ အယောဃရ မည်သော မင်းသားဘ၀ကို မှတ်သားနိုင်ရုံ ထုတ်ပြမည်။


အယောယရမင်းသား ဖွားမြင်ပြီးနောက် ဘီလူးရန်ကို ကြောက်သဖြင့် ၁၆-နှစ်အရွယ်တိုင်အောင် သံလှောင်အိမ်အတွင်းမှာပင် ထား၍ ပညာသင်ပေးကြရ၏၊ ၁၆-နှစ်အရွယ်ရောက်သော် ထီးနန်းအပ်မည်ဟု စီစဉ်ကာ အပြင်သို့ ထုတ်ဆောင်ကြ၏၊

ထိုအခါ ဘုရားအလောင်းတော်မင်းသာသည် “အမိဝမ်းတွင်း၌ ဆယ်လ၊ သံလှောင်အိမ်အတွင်း၌ ၁၆-နှစ် နေ၍ လွတ်မြောက်လာခဲ့ရသော်လည်း သေခြင်းဘေးကမူ မလွတ်မြောက်နိုင်သေး” ဟု တွေးမိကာ ထီးနန်းစည်းစိမ်ကို လက်မခံဘဲ တောထွက်ကာ ရသေ့ပြုလုပ်သွားလေသည်။



(ပညာပါရမီ)

ပညာပါရမီဖြည့်သည်ဆိုရာ၌ ပထမ မိမိတတ်သိနားလည်အောင် သင်ရ၏၊ တိုးတက်အောင် ကြံစည် စဉ်းစားရာ၏၊ ထိုသို့ တတ်သိနားလည်ထားသော ပညာကို သူတပါးတို့အား တတ်အောင် သင်ပြပေးခြင်း၊ ထိုပညာဖြင့် အများအကျိုးရှိအောင် ဆောင်ရွက်ပေးခြင်းကို ပညာပါရမီဖြည့်ကျင့်သည်ဟု ခေါ်သည်။

ဘုရားအလောင်းတော်သည် ဘ၀များစွာ ပညာပါရမီဖြည့်ကျင့်ရာတွင် မဟောသဓာပညာရှိဖြစ်စဉ်က ပညာတန်ခိုးဖြင့် အများအကျိုးရှိအောင် ရွက်ဆောင်ပုံမှာ ထင်ရှားပေသည်၊ စူဠနီဗြဟ္မဒတ်မင်းသည် ဇမ္ဗူဒိပ်မင်းပေါင်းတစ်ရာကို ဖမ်းပြီးလျှင် အဆိပ်ခပ်သောအရက်ကိုတိုက်၍ သတ်ဖို့ ကြံစည်ထား၏၊ မဟောသဓာသည် ထိုအကြံကို သူ၏ဉာဏ်ပညာအစွမ်းဖြင့် ပျက်အောင် ဖျက်ခဲ့လေသည်၊ စူဠနီဗြဟ္မဒတ်မင်းနှင့် ၀ိဒေဟရာဇ်မင်းတို့ စစ်ခင်းရာ၌လည်း မဟောသဓာသည် တစ်ယောက်တလေမျှ အသက်မသေရအောင် သူ၏ပညာစွမ်းဖြင့် စစ်ပြေငြိမ်းသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။



(ခန္တီပါရမီ)

ငါ့အပေါ်၌ လူမိုက်တို့ပြုလုပ်လာသော စော်ကားမူကို ငါကပြန်၍ တုံ့ပြန်ပြုမူလျှင် ငါလည်း ထိုသူတို့ကဲ့သို့ မိုက်မဲသူသာ ဖြစ်ပေမည်” ဟု ကြံစည်၍ ဒေါသမထွက် စိတ်ပျက်အားငယ်မူ မရှိဘဲ စိတ်အေးအေးနှင့် မိမိက အလျှော့ပေး အနစ်နာခံလိုက်ခြင်းကို ခန္တီပါရမီဖြည့်သည်ဟု ခေါ်၏။


ဘုရားအလောင်းတော်သည် အများအကျိုး သယ်ပိုးရွက်ဆောင်၍ ခေါင်းဆောင်ရသော ဘ၀တိုင်း သည်းခံခြင်း ခန္တီပါရမီကိုလည်းဖြည့်ကျင့်ခဲ့သည်။ မျောက်မင်းဘ၀ တစ်ခုသည်ကား ခန္တီပါရမီ ဖြည့်ကျင့်မူနှင့် စပ်၍ မှတ်သားဖွယ်ကောင်းလှသည်။

ဘုရားအလောင်းတော်သည် တစ်ခါက အားကောင်းသော မျောက်မင်းဖြစ်၏၊ ဒေ၀ဒတ်လောင်း ပုဏ္ဏားတစ်ဦးသည် သစ်ပင်တက်ရာ၌ သစ်ကိုင်းကျိုး၍ ချောက်ထဲကျသွား၏၊ ငိုယိုမြည်တမ်းနေသော ထိုပုဏ္ဏားကို မျောက်မင်းတွေ့၍ ချောက်ထဲမှ ကယ်တင်လေသည်၊ ထို့နောက် မောပန်းသဖြင့် ထိုပုဏ္ဏား၏ ပေါင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်သွားခိုက် ပုဏ္ဏားမိုက်သည် ကျေးဇူးတရားကို မထောက်ထားဘဲ မျောက်မင်းအသား စားလို၍ ဦးခေါင်းကို ကျောက်ခဲဖြင့် ထုရိုက်လေသည်။

မျောက်မင်းလန့်နိုးကာ ချက်ချင်း သစ်ပင်ပေါ် ခုန်တက်ပြေးရ၏၊ ထိုရန်သူပုဏ္ဏားမိုက် တောထဲမှာ မျက်စိလည်ကာ သေရှာမည်ကိုလည်း စိုးရိမ်၏၊ အောက်သို့လည်း မဆင်းလာဝံ့။ သစ်ပင်ချင်း ခုန်ကူးကာ ဦးခေါင်းမှကျသော သွေးစက်များကို ခြေရာခံ၍ လိုက်ပါရန် မှာကြားလျက် လူသွားလမ်းအရောက် လမ်းပြပို့ဆောင်ပေးခဲ့သည်။



(ဝီရိယပါရမီ)

သတ္တ၀ါအများ ကောင်းစားချမ်းသာရေး လုပ်ငန်းမှန်သမျှ သက်စွန့်ကြိုးပမ်း အစွမ်းကုန်အားထုတ် ပြုလုပ်ဆောင်ရွက်ခြင်းကို ၀ီရိယပါရမီ ဖြည့်ကျင့်သည်ဟု ခေါ်၏။


ဘုရားအလောင်းတော်သည် မည်သည့်အခါမျှ လုံ့လ၀ီရိယ လျှော့ချလေ့မရှိ၊ ကိုယ်ရေးကိုယ်တာ အတွက်ဖြစ်စေ၊ သူတပါးအတွက်ဖြစ်စေ မကြောက်မရွံ့ စွန့်စွန့်စားစား အားထုတ် ပြုလုပ်မြဲဖြစ်သည်၊ ပူသည် အေးသည် ရမယ်ရှာ၍ မည်သည့်အခါမျှ ပျင်းရိလက်လျှော့ခြင်းမရှိ။ မဟာဇနကမင်းသား ဘ၀၌ လုံ့လ၀ီရိယပြုတော်မူပုံမှာ မှတ်သားဖွယ်ကောင်းလှသည်။

မဟာဇနကမင်းသားသည် သင်္ဘောဖြင့် ကုန်ရောင်းကုန်ဝယ် ထွက်ခဲ့ရာ သင်္ဘောစီးသူ လူအပေါင်းခုနှစ်ရာနှင့်အတူ ပင်လယ်ကူးစဉ် သင်္ဘောပျက်လေသည်၊ လူအားလုံးတို့ အားလျှော့၍ မကြိုးစားဘဲ အသေခံကြသော်လည်း ဘုရားအလောင်းတော်သည် ရှိသည့်အားကို အချည်းနှီးမထားဘဲ ၇-ရက်လုံးလုံး လက်ပစ်ကူးကာ ကြိုးစားခဲ့လေသည်။ ထို့နောက် မဏိမေခလာနတ်သမီး ကယ်ဆယ်၍ အသက်ဘေးမှ လွတ်မြောက်ရရုံမျှသာမက မိထိလာပြည်ကြီးကိုပင် စိုးစံရလေသည်၊ လက်ပစ်ကူး၍ မကြိုးစားခဲ့လျှင်ကား ကယ်ဆယ်သူနှင့် တွေ့နိုင်မည်မဟုတ်၍ အများနည်းတူ အသက်သေရပေမည်။

(သစ္စာပါရမီ)

သူတပါးကို လိမ်၍ ပြောခြင်း၊ ပြောသည့်အတိုင်း၊ ကတိခံသည့်အတိုင်း မလုပ်ခြင်းသည် သူတပါးအကျိုးပျက်အောင် ပြုလုပ်သည်မည်၏၊ လိမ်လည်လှည့်ဖြား မပြောကြားဘဲ ပြုလုပ်နိုင်သလောက်ကိုသာ ပြော၍၊ ပြောသည့်အတိုင်း လုပ်ခြင်း၊ မှန်ရာကိုသာ ပြောဆိုခြင်းသည် သစ္စာပါရမီမည်၏။

ဘုရားအလောင်းတော်သည် ဖြစ်လေရာဘ၀တိုင်း သူတပါးအကျိုးပျက်အောင် မုသားစကားကို မည်သည့်ဘ၀တွင်မျှ မဆိုခဲ့ပေ၊ ဘ၀တိုင်း သစ္စာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့လေသည်၊ သစ္စာပါရမီဖြည့်ကျင့်ရာ၌ သုတသောမ မင်းဘ၀ကား ထင်ရှားလှလေသည်။

ဘုရားအလောင်းတော်သည် မဟာသုတသောမမင်းဖြစ်စဉ် ရှင်ဘုရင် ဘ၀မှ လူသားစားမူကြောင့် တိုင်းပြည်မှ ထွက်ခွာသွားရသော ပေါရိသာဒသည် တောထဲမှာပင် နေရ၏၊ လူသားစား ပေါရိသာဒသည် တစ်နေ့သောအခါ သစ်ငုတ်စူး၍ ခြေဖ၀ါး၌ ဖြစ်သော အနာကို “နတ်မင်း ကယ်မပါ၊ ၇-ရက်အတွင်း ပျောက်အောင် ကယ်မလျှင် ဇမ္ဗူဒိပ်မင်းအပေါင်း၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ပါမည်”ဟု ညောင်ပင်စောင့်နတ်မင်းကြီးအား ကတိခံထား၏၊ ထိုအနာ သူ့ဘာသာ ပျောက်သွားသည်ကို နတ်မသည်ဟု ထင်ကာ ဇမ္ဗူဒိတ်မင်းတို့ကို ယဇ်ပူဇော်ရန် ဖမ်းထားသည်။

တက္ကသိုလ်ပညာသင်စဉ်က ဆရာတော်ဖူးသော သုတသောမမင်းကိုလည်း ဖမ်းသွားသည်၊ သုတသောမမင်းသည် အဖမ်းမခံရမီကလေးကမှ ပုဏ္ဏားတစ်ဦးအထံ၌ တရားဂါထာ နာယူရန် ၀န်ခံခဲ့သော ကတိစကားကို သတိရ၍ “တရားနာပြီးလဆင် ပြန်လာပါမည်”ဟု ပေါရိသာဒထံ ခွင့်တောင်း၏၊ ပေါရိသာဒလည်း လွယ်လွယ်ပင် ပြန်လွှတ်လိုက်သည်၊ တရားနာပြီးသောအခါ သတ်တော့မည်ကိုသိပါလျက် သစ္စာမဖျက်ဘဲ မကြောက်မရွံ့ အသက်စွန့်၍ ပေါရိသာဒထံ ပြန်လာခဲ့သည်။ သုတသောမမင်း၏ သေဘေးမှ အသက်စွန့်၍ ပေါရိသာဒထံ ပြန်လာခဲ့သည်။ သုတသောမမင်း၏ သေဘေးမှ ကြောက်ရွံ့မူမရှိပုံကို မေးမြန်းရာမှ အစပြု၍ အလောင်းတော်သုတသောမမင်း ပြောပြသော တရားစကားကြောင့် ဇမ္ဗူဒိပ်မင်းအားလုံးသည် အသတ်မခံရတော့ဘဲ ပေါရိသာဒလည်း လူကောင်းတစ်ယောက် ဖြစ်လာကာ သူ့ထီးနန်းကို ပြန်ရခဲ့လေသည်။

(အဓိဋ္ဌာန်ပါရမီ)

ဒါနစသော ပါရမီ ကောင်းမူများကို သတ်မှတ်ထားသည့်အတိုင်း မပျက်မကွက် စွဲစွဲမြဲမြဲ အောင်မြင်ပြီးမြောက်အောင် ပြုလုပ်မည်ဟု စိတ်ကို ဆုံးဖြတ်ထားမူ၊ ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်မူကို အဓိဋ္ဌာန် ဟုခေါ်၏၊ ဘုရားအလောင်းတော်သည် ဘ၀များစွာ အဓိဋ္ဌာန်ပါရမီတော်ကိုလည်း ဖြည့်ကျင့်ခဲ့သည်။ တေမိယမင်းစားဖြစ်စဉ်က အဓိဋ္ဌာန်ပါရမီ ဖြည့်ကျင့်ပုံမှာ အလွန်ထင်ရှားလှပေသည်။
ဘုရားအလောင်းတော်သည် တေမိယမင်းသား မဖြစ်မီ ဘ၀တစ်ခုတွင် ရှင်ဘုရင်ဖြစ်စဉ်က အငြင်ပွားမူများကို တရားအဆုံးအဖြတ်ပေးရာတွင် အနည်းငယ်မှားယွင်းခဲ့သဖြင့် ငရဲကျခဲ့ရဖူးသည်၊ တေမိယမင်းသားကလေးသည် တစ်လသားအရွယ် ထီးဖြူအောက်၌ ပက်လက်နေစဉ် ထီးဖြူကို မြင်သည်မှ စ၍ ရှေးဘ၀များကို ပြန်လည် သိမြင်နိုင်သော ဇာတိဿရဉာဏ်ကို ရလေသည်။ ရှေးမင်းဖြစ်စဉ်က အဆုံးအဖြတ် အမိန့်ပေးလွဲ၍ ငရဲကျခံရပုံကို ပြန်လည်သတိရကာ မင်းဖြစ်ရမည်ကို လွန်စွာ ကြောက်ရွံ့ထိတ်လန့်သွားလေသည်။

ထိုအခါ ရှေးဘ၀က မိခင်ဟောင်းဖြစ်ခဲ့ဖူးသော ထီးချက်စောင့်နတ်သမီး သိသွားသဖြင့် “ချစ်သား-- တေမိယမင်း--မကြောက်ပါနှင့်၊ မင်းမလုပ်ချင်လျှင် ဆွံ့ အ နားပင်းဟန် ဆောင်နေလိုက်ပါ” ဟု တိုက်တွန်း အကြံပေးလေသည်။

ထိုအခါမှစ၍ “မည်သည့်အကြောင်းကြောင့်မျှ စကားမဆိုတော့အံ့၊ ဆွံ့ အ ယောင် ဆောင်နေတော့မည်” ဟု စိတ်ကိုခိုင်မာစွာ ဆောက်တည်အဓိဋ္ဌာန် ပြုလေသည်၊ မပြော မဆို၊ ငိုလည်း မငိုပဲ အရွယ်ရောက်လည်း မထိုင်မထ၊ ပြောသမျှလည်း မကြားဟန် ဆောင်နေခဲ့ရာ အသက်တစ်ဆယ့်ခြောက်နှစ် အရွယ်သို့တိုင်အောင် အခိုင်အမာ ဆုံးဖြတ်၍ နေထိုင်ခဲ့လေသည်၊ ထိုအခါကျမှ ခမည်းတော်မင်းကြီးက “ထီးနန်းနှင့်မတန်”ဟု ဆုံးဖြတ်၍ တောထဲသို့နျင်ထုတ် သတ်ပစ်ရန် အမိန့်ပေးလေရာ တောထဲရောက်သောအခါ ရသေ့ရဟန်း ပြုသွားလေသည်။

(မေတ္တာပါရမီ)

သူတစ်ဘက်သား ကြီးပွားချမ်းသာစေလိုသော စိတ်ထားသည် မေတ္တာမည်၏။ မေတ္တာစိတ်ထားရှိသူတို့သည် မိမိအပေါ် သူတပါးက မတော်မတရား ပြုမူ ပြောဆိုစေကာမူ ထိုသူ၏ အပြစ်ကို မရူ၊ ထိုသူ၏ ကောင်းကွက်ကိုသာ ရှာကြည့်ကာ သူ့အကျိုးကို ဆောင်ရွက်မြဲ ဆောင်ရွက်ကြလေသည်။
ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ မေတ္တာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ သုဝဏ္ဏသာမ ရသေ့ဖြစ်စဉ် တောထဲ၌ မျက်မမြင် မိဘနှစ်ပါးကို ပြုစုနေ၏၊ ခြင်္သေ့၊ သစ်၊ ကျား၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် စသော သားကောင်းများအပေါ်၌ပင် တကယ့်မေတ္တာစိတ်ဖြင့် ချစ်ခင်နေ၏၊ မိမိအား သားကောင်မှတ်၍ လေးဖြင့်ပစ်သတ်ခဲ့သော ပီဠိယက္ခမင်းကိုပင် မေတ္တာမပျက်ခဲ့ပေ၊ နောက်ဆုံး မေတ္တာ၊ သစ္စာကြောင့် မြားဆိပ်လည်းပြေ၊ အသက်လည်း မသေဘဲ မျက်မမြင်မိဘနှစ်ပါးလည်း မျက်စိနှစ်ကွင်း အလင်းရကြလေသည်။

(ဥပေက္ခာပါရမီ)
သူတစ်ဘက်သားအား မုန်းလည်းမုန်း၊ ချစ်လည်းမချစ်၊ ဘက်မလိုက် လျစ်လျူရူခြင်းဟု ခေါ်၏။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ဤဥပေက္ခာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ လောမဟံသ ခေါ်သော ဘ၀မှာ ထင်ရှားလှလေသည်။
ဘုရားအလောင်းတော်သည် မိဘတို့ကွယ်လွန်သောအခါ များစွာသော စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်၍ တောသို့ဝင်လေသည်၊ ရသေ့ပြုလုပ်လိုသော်လည်း ရသေ့ပြုလျှင် လူအများအထင်ကြီး၍ ချီးမွမ်းကြမည်ကို စိုးရွံ့သဖြင့် ရသေ့လည်းမလုပ်ဘဲ အ၀တ်တစ်ထည်ဖြင့်သာ လှည့်လည် သွားလာနေခဲ့သည်။

မိမိအား လေးစားသူ ပြုမူဆက်ဆံသောနေရာ၌ ကြာကြာမနေ၊ တစ်ရက်လောက်သာနေ၏၊ ရွာတစ်ရွာသို့ ရောက်သွားသောအခါ ကလေးသူငယ်များနှင့် သေသောက်ကြူးများက ပြက်ရယ် ပြောင်လှောင်ကြသော်လည်း ဘုရားအလောင်းတော်ကား စိတ်မဆိုး။ သုသာန်၌ လူရိုးကို ခေါင်းအုံးလျက် အိပ်၏။ ကလေးများ ၀ိုင်းအု့လာရောက်ကာ အလောင်းတော်အား တံတွေးဖြင့် ထွေးကြ၊ ကျင်ကြီးကျင်ငယ် စွန့်ချကြကုန်၏။ ဘုရားအလောင်းတော်သည် ထိုသူတို့အပေါ်၌ စိတ်မဆိုး၊ အပြစ်မယူ၊ စိတ်ပျက်အားငယ်ခြင်းမဖြစ်။ တစ်ချို့လည်း ပန်းနံ့သာနှင့်စားကောင်း သောက်ဖွယ်များကို ပေးလှူကြကုန်၏။ ထိုသူတို့အပေါ်၌လည်း ချစ်ခင်တွယ်တာမူမထား၊ ကောင်းဆိုးနှစ်ဖြာ၌ လျစ်လျူရူကာ မည်သည့်ဘက်မှ မတိမ်းညွတ်ဘဲ တည့်မတ်သော စိတ်ထား(ဥပေက္ခာ)ဖြင့်သာ နေတော်မူလေသည်။


ဒါတွေက ဦးဇင်းတို့ မြတ်စွာဘုရားရှင် သမ္မာသဗ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်အောင်ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်(၁၀)ပါးဖြစ်ပါတယ်။

ထိုပါရမီ(၁၀)ပါးကိုသာမန်ကျင့်ခြင်း၊(ဒသပါရမီ)၊အလယ်အလတ်ကျင့်ခြင်း(ဒသဥပပါရမီ)၊အမြင့်ဆုံးကျင့်ခြင်း(ဒသပရမတ္ထပါရမီ) ဆိုပြီး

တစ်ပါးစီကို အဆင့်သုံးဆင့်နဲ့ကျင့်တော်မူပါတယ်။ဒါကြောင့်ပါရမီဆယ်ပါး၊အပြားသုံးဆယ်လို့ ဆိုတာပါ။ကျင့်ကြံတဲ့ ကြာမြင့်မှုက

ပညာဓိက ဘုရားဖြစ်တော်မူတော်သောကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတော်မူပါတယ်။

ဒီလောက်ဆိုပါရမီဆယ်ပါးအကြောင်းကိုတော်တော်လေး သဘောပေါက်လောက်မှာပါ။

ကိုးကား။ ။ဗုဒ္ဓဘာသာအခြေခံဆင့်(သာသနာရေးဝန်ကြီးဌာန)

Sunday 18 September 2011

မေတ္တာ၏အကျိုးကျေးဇူးများ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်။ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။ မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင် လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရ သတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူ လည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့
သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။ နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ ချစ်ခင်မျက်နှာသာပေးမှု ရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေ လုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း

တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။ ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..

အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု သုခီအတ္တာနံ ပရိဟရန္တု

လို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..
၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်

၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄ မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။ (အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။ အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။ ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)

မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊
ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။ တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။ မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။ မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။ တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး
မဟုတ်တော့ဘူး။ ၀ီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။ မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။ အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။ လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင် – အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

-ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

-အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။

-အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

-အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ
မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း

မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။ ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။


မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။ ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။ “မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော) မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။

နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။

မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခုမစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။ ဤစာကို ဖတ်ရှုရသောသူအပေါင်း မေတ္တာ၏အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 