သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Sunday 29 April 2012

Rudyard Kipling ၏ if ( အကယ်၍ ) ကဗျာ

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင်းလို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်…….

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုမင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်………

Friday 27 April 2012

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည်

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။

Thursday 26 April 2012

ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှုနည်းပညာသင်တန်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစိတ်ဝင်စားလာကြ

စစ်ကိုင်းတောင်ရိုး ဗုဒ္ဓဘာသာ ပညာ ရေး စင်တာ ကျောင်းတိုက်မှ ဖွင့်လှစ် သင်ကြားသော ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှု နည်းပညာ သင်တန်း အပေါ် တစ်နှစ် ထက်တစ်နှစ် လူငယ်များပိုမို စိတ်ဝင်စား လာကြကြောင်း ဗုဒ္ဓဘာသာပညာရေး စင်တာကျောင်းမှ ပဓာနနာယက ဆရာ တော်အရှင်သောဘိတက ပြောသည်။
"ဒီနှစ်နဲ့ ဆိုရင်တော့ သုံးနှစ်ရှိပြီ၊ တစ် နှစ်နဲ့တစ်နှစ် လူငယ်တွေ စိတ်ဝင်စားမှု ပိုများလာတယ်။ သင်တန်းမှာ စုစုပေါင်း ၅၁ ဦးထိ ရှိတယ်။ ဖိတ်ကြားထားတာက တော့ တစ်ပြည်လုံး အယောက် ၄၀ ရှိ တယ်။ သံဃာတော် ၁၀ ပါး၊ သီလရှင် က ငါးပါးနဲ့ လူဝတ် ကတော့ ၂၅ ဦး၊ လေ့လာသူကတော့ ၁၁ ဦးထိရှိတယ်။ တရားဝင် ဖိတ်ကြားထားတဲ့သူတွေကို တော့ နိုင်ငံတကာအသိမှတ်ပြု ပညာရေး စင်တာကနေ သင်တန်းဆင်း လက်မှတ် ပေးသွားမှာပါ"ဟု အရှင်သောဘိတက မြန်မာတိုင်း(မ်)ကို မိန့်ကြားသည်။

Saturday 21 April 2012

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု

ဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလို စာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်..

သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ …နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲ ဖော်ပြလိုက်ပါတယ် .. Free Ebook Download ပါ .. Free နော် Free .. ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ…အဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်… လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ…

ကမ္ဘာသစ် ဂြိုဟ်သစ် ရှာဖွေသူများ


NASA's Kepler mission has discovered the first Earth-size planets orbiting a sun-like star outside our solar system. The planets, called Kepler-20e and Kepler-20f, are too close to their star to be in the so-called habitable zone where liquid water could exist on a planet's surface, but they are the smallest exoplanets ever confirmed around a star like our sun.
ဒီတပတ်တော့ သိပ္ပံပညာရှင်တွေ ရှာဖွေနေကြတဲ့ ကမ္ဘာသစ် ဂြိုဟ်သစ်တွေ အကြောင်း Illinois ပြည်နယ် Spoon River ကောလိပ်က နက္ခတ္တဗေဒပါမောက္ခ ဒေါက်တာ ၀င်းသာထွေးက ပြောပြပေးမှာပါ။
"ပထမတော့ နေမိသားစုထဲမှာ ဂြိုဟ် ၉လုံး အပြင် တခြားဂြိုဟ်များ ရှိမလားလို့ ရှာပါတယ်။ အဲဒီအခါမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေ နေမိသားစုထဲမှာ တွေ့ပါတယ်။

Tuesday 3 April 2012

ပရိတ်ကြီး ၁၁-သုတ် အကျိုးတော်များ

* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---
* မင်္ဂလသုတ်---ကျိုးညွှန်းထုတ်သော်, လောကုတ်လောကီ, နှစ်လီမင်္ဂလာ, ချမ်းသာကောင်းကျိုး, ရွာသွန်းမိုးသို့, ဝေဖြိုးလျှံပ, တိုးပွားရသည်, သုံး၍မကုန်, မြဲအောင်ခြုံလော့---
* ရတနသုတ်---သုံးကြိမ်ထုတ်က, သက်ပြတ်ခန္ဓာ, ရောဂါဥပါဒ်, ငတ်မွတ်ခေါင်းပါး, ကပ်သုံးပါးတို့, ရှောင်ရှားဝေးက, ငြိမ်းအေးလှသည်, သုံးစားမကုန်, ရတနာစုံတည်း---
* မေတ္တသုတ်မှာ---ဒေဝါနတ်များ, ချစ်ခင်ပွား၍, ဆိုးရွားအိပ်မက်, မမြင်မက်ဘဲ, အိပ်မက်နိုးထ, ချမ်းသာရလျက်, ရန်စရန်ညှောင့်, မြန်ပျောက်လိုက, ရွတ်ကြအဟုတ်, ခုနစ်အုပ်တည်း---

သူတော်စင်တို့  တရားတော်များကို အောက်တွင် လင့်ချိတ်ထားပေးပါသည်။ သူတော်စင်များ နာကြားချင်တဲ့ ဆရာတော်များရဲ့ တရားတွေကို download လုပ်ပြီး  နာကြားလို့ ရပါသည်။

သူတော်စင်တို့  စာအုပ်များ အောက်တွင် လင့်ချိတ်ထားပေးပါသည်။ သူတော်စင်များ download လုပ်လို့ ပြီး ဖတ်လို့ ရပါသည်။

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 