သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, 22 August 2012

၂၀၃၀ မှာ မြန်မာတွေ သူဌေးဖြစ်မည်

မြန်မာပြည်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက နှစ်စဉ် စီးပွားတိုးတက်နှုန်း ၈ ရာခိုင်နှုန်းထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ နှစ်သန်းငါးသိန်းရှစ်သောင်း) အထိ ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank (ADB) က ထုတ်ပြန်လိုက်သည်။

Friday, 27 April 2012

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည်

ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။

Thursday, 26 April 2012

ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှုနည်းပညာသင်တန်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစိတ်ဝင်စားလာကြ

စစ်ကိုင်းတောင်ရိုး ဗုဒ္ဓဘာသာ ပညာ ရေး စင်တာ ကျောင်းတိုက်မှ ဖွင့်လှစ် သင်ကြားသော ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှု နည်းပညာ သင်တန်း အပေါ် တစ်နှစ် ထက်တစ်နှစ် လူငယ်များပိုမို စိတ်ဝင်စား လာကြကြောင်း ဗုဒ္ဓဘာသာပညာရေး စင်တာကျောင်းမှ ပဓာနနာယက ဆရာ တော်အရှင်သောဘိတက ပြောသည်။
"ဒီနှစ်နဲ့ ဆိုရင်တော့ သုံးနှစ်ရှိပြီ၊ တစ် နှစ်နဲ့တစ်နှစ် လူငယ်တွေ စိတ်ဝင်စားမှု ပိုများလာတယ်။ သင်တန်းမှာ စုစုပေါင်း ၅၁ ဦးထိ ရှိတယ်။ ဖိတ်ကြားထားတာက တော့ တစ်ပြည်လုံး အယောက် ၄၀ ရှိ တယ်။ သံဃာတော် ၁၀ ပါး၊ သီလရှင် က ငါးပါးနဲ့ လူဝတ် ကတော့ ၂၅ ဦး၊ လေ့လာသူကတော့ ၁၁ ဦးထိရှိတယ်။ တရားဝင် ဖိတ်ကြားထားတဲ့သူတွေကို တော့ နိုင်ငံတကာအသိမှတ်ပြု ပညာရေး စင်တာကနေ သင်တန်းဆင်း လက်မှတ် ပေးသွားမှာပါ"ဟု အရှင်သောဘိတက မြန်မာတိုင်း(မ်)ကို မိန့်ကြားသည်။

Saturday, 21 April 2012

ကမ္ဘာသစ် ဂြိုဟ်သစ် ရှာဖွေသူများ


NASA's Kepler mission has discovered the first Earth-size planets orbiting a sun-like star outside our solar system. The planets, called Kepler-20e and Kepler-20f, are too close to their star to be in the so-called habitable zone where liquid water could exist on a planet's surface, but they are the smallest exoplanets ever confirmed around a star like our sun.
ဒီတပတ်တော့ သိပ္ပံပညာရှင်တွေ ရှာဖွေနေကြတဲ့ ကမ္ဘာသစ် ဂြိုဟ်သစ်တွေ အကြောင်း Illinois ပြည်နယ် Spoon River ကောလိပ်က နက္ခတ္တဗေဒပါမောက္ခ ဒေါက်တာ ၀င်းသာထွေးက ပြောပြပေးမှာပါ။
"ပထမတော့ နေမိသားစုထဲမှာ ဂြိုဟ် ၉လုံး အပြင် တခြားဂြိုဟ်များ ရှိမလားလို့ ရှာပါတယ်။ အဲဒီအခါမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေ နေမိသားစုထဲမှာ တွေ့ပါတယ်။

Saturday, 3 March 2012

မိုဘိုင်းဖုန်းများ၏ ညပိုင်းခေါ်ဆိုခ နှုန်းထားများ ထက်ဝက်လျော့ချမည်

မိုဘိုင်းဖုန်းများ၏ ညပိုင်း ဖုန်းခေါ်ဆိုခနှုန်းထားများကို မတ်လ ၁၄ ရက်နေ့မှစ၍ ထက်ဝက်လျော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
မတ်လ ၁၄ ရက်နေ့မှစ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း မိုဘိုင်းဖုန်းများ ခေါ်ဆိုအသုံးပြုသည် ဆိုပါက လက်ရှိကောက်ခံနေသည့် တစ်မိနစ် ကျပ် ၅၀ နှုန်းအစား တစ်မိနစ် ၂၅ ကျပ် နှုန်းသာ ကောက်ခံသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့ပါ သည်။

အင်္ဂလိပ်စာ အထူးသင်တန်း

အင်္ဂလိပ်စာ အထူးသင်တန်း
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသ (M.A., Ph.D. India); ( ဧည့်ပါမောက္ခ - New Age International University, USA) ဦးစီးပြီး အထက်ပါမြန်မာကျောင်းတိုက်၌ ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ထိ အင်္ဂလိပ်စာ အထူးသင်တန်း ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေခ်ျနိုင်ငံတို့မှ သင်တန်းသားများ

Thursday, 1 March 2012

ပြည်ပသာသနာပြုပုဂ္ဂိုလ်များအတွက် အွန်လိုင်းအဝေးသင် ပညာရေးစနစ် ဆောင်ရွက်မည်


ပြည်ပသာသနာပြုပုဂ္ဂိုလ်များ ပိုမိုပေါ်ထွန်းလာစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် အဝေးသင်ပညာရေး စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် သာသနာရေးနှင့် စပ်လျဉ်းသည့် မူဝါဒ၊ ရည်မှန်းချက်လုပ်ငန်းစဉ်များ ဥပဒေမူကြမ်း တွင်ဖော်ပြချက်များ အရသိရသည်။ ကမ္ဘာတစ်ဝန်းသို့ ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ရှင်ပြုပွဲ၊ အလှူပွဲစသည်တို့အား Home Page မှ တစ်ဆင့်အွန်လိုင်းဖြင့် ဖြန့်ဝေသာသနာပြုခြင်း လုပ်ငန်းများကို လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ထိပ်တန်းစာရင်းဝင်လာတဲ့မြန်မာနဲ့ အောက်ဆုံးရောက်သွားတဲ့စင်္ကာပူကလေး

ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက်လာရင် ထိပ်ဆုံးစာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။

Monday, 27 February 2012

ကျပ်၁၈၀'၀၀၀ိ/တန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် ချပေးမည်


ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့ ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး''

ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။

ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်း
များကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်သတင်းအဖွဲ့

Thursday, 9 February 2012

မတ်လ ၁၅ ရက်မှာ Facebook ကို ပိတ်တော့မည်ဟုကြော်ငြာ


Facebook ကိုလာမည့် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း Mark Zuckerberg က ကြေငြာလိုက်သည်။ အဆိုပါ site ကို စီမံခန့် ခွဲရခြင်းသည် အလွန်စိတ်ဖိစီးလာ၍ဖြစ်သည်။ " Facebook ကို ထိန်းချုပ် လို့ မရတော့
ဘူး " ဟု Mark Zuckerberg က ကယ်လီဖိုးနီးယား ပြည်နယ်၊ ပယ်လိုအယ်တို ၌ ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောကြားခဲ့သည်။

" ဒီကုမ္ပဏီ ကို စီမန်ခန့် ခွဲရတဲ့စိတ်ဖိစီးမှု့ကြောင့် ကျွန်တော့် ဘ၀လည်း ပျက်ပြီ၊ ဒီရူးသွပ်မှု အားလုံးကို ကျွန်တော် အဆုံးသတ်ဖို့ လိုပါတယ် " ဟု ၄င်း က ဆက်လက်ပြော ကြားခဲ့သည်။

" မတ်လ ၁၅ ရက်ကျရင် Website တစ်ခုလုံး ပိတ်ပါပြီ " ဟု Facebook မှ နည်းပညာရေးရာ ဒုတိယ ဥက္ကဌ Avrat Humarthiက ပြောကြားသည်။ " ဒီတော့ ခင်ဗျားတို့ ကိုယ့်ပုံကိုယ်ပြန်မြင်ချင်သေးရင် ဒီပုံတွေကို အင်တာနက် ကနေ ဖယ်လိုက်တော့၊ Facebook လုပ်ငန်း ရပ်ဆိုင်းသွားရင် အဲဒီပုံတွေ ပြန်မရနိုင်တော့ဘူး" ဟု Avrat Humarthi က ဆက်လက်ပြောကြားခဲ့သည်။

ဤ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရကြောင်း၊ သို့ သော် ပြည်သူများ မကျေမလည် ကသိအအောင့်
ဖြစ်လိမ့်မည်ဟု မထင်ပါကြောင်း Mark Zuckerberg က ပြောကြားခဲ့သည်။
ရိုးရိုးပြောရရင် ပိုကောင်းဖို့ ဖြစ်လာတာလို့ ထင်ပါတယ်။ Facebook မရှိတော့ရင် လူတွေ အပြင်ထွက်ကြမယ်။ တကယ့်လူသားမိတ်ဆွေသူငယ်ချင်းတွေရလာမယ်၊ ဒါဟာ ဘယ်တော့မဆိုကောင်းတာပဲလေ " ဟု Mark Zuckerberg က တယ်လီဖုန်းနှင့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ဒီထတ်လန့် တုန်လှုပ်ဖွယ် သတင်းကိုကြားတော့ Facebook သုံးစွဲသူ တစ်ချို့ ဟာ ဒေါသတကြီး
ပေါက်ကွဲကြတယ်၊ Facebook မှ မရှိရင် ကျွန်တော်ဘာလုပ်ရမလဲ လို့  အင်ဒီယာနာ မှ အထက်တန်း
ကျောင်းသား တစ်ဦးဖြစ်သူ ဒင်းနစ်ဘရက်ရှော က ပြောသည်။


http://weeklyworldnews.com/headlines/27321/facebook-will-end-on-mar...
Weekly world news ကိုဆီလျော်အောင်ပြန်ရေးထားခြင်းဖြစ်ပါသည်-။

Wednesday, 4 January 2012

ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်

ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံတော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။ ”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လမှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ၄င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင် အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ အဆိုပါ ဖုန်းများအား နိုင်ငံ တော် အစိုးရမှ ၄ဝ ရာခိုင်နှုန်း၊ ရွှေပြည်တံခွန် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း နှင့် သုံးစွဲသူများမှ ဝင်ရောက် ရှယ် ယာဝင်မည်ဆိုပါက ၃ဝ ရာခိုင်နှုန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ဖုန်း လိုင်း သန်း ၃ဝ အတွက် ဒေါ်လာ သန်း ၇၇ဝ ကုန်ကျမည်ဖြစ်ပြီး ရှယ် ယာဝင်မည်ဆိုပါက ပထမနှစ် ဖုန်းလိုင်း ၁သန်းအတွက် ငွေကျပ် အနည်းဆုံး ၂ သိန်းခန့် သတ်မှတ်သွားမည် ဖြစ်ပြီး ရှယ်ယာဝင်ခွင့်များအား စီမံကိန်းစတင်ပြီး ၃ လနှင့် ၆ လအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများအတွက် ကြို တင်ငွေဖြည့်ကတ်များမှာ ကျပ် ငါးထောင်တန်ကတ်၊ ကျပ်တစ်သောင်းကတ်နှင့် ကျပ်ငါးသောင်း ကတ်များ ဟူ၍ သုံးမျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပေါ်ပြူလာသတင်းဂျာနယ်

Monday, 12 December 2011

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........

မှတ်ချက်။ ။ myanmarexpress.net မှ ဖော်ပြပါသည်။

Wednesday, 7 December 2011

အင်တာနက်စနစ်အပြင် ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများကို ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်

အင်တာနက်စနစ်အပြင် ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''GSM ဖုန်းလုံးရေ လေးသန်း စီမံချက်ကို ဖေဖော်ဝါရီလလောက်မှာ စတင်ချထားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တန်ဖိုးက နှစ်သိန်းခွဲကနေ သုံးသိန်းကြားပဲရှိမှာပါ။ ဖုန်းခေါ်ဆိုခတွေကိုလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ တစ်မိနစ် ၅၀ ကျပ်နှုန်းပဲ ကောက်ခံမှာပါ'' ဟု ပြောကြားခဲ့သည်။

''ပုဂ္ဂလိကကုမ္ပဏီတွေ ရောင်းချမှုအပိုင်းမှာလည်း One Stop စနစ်နဲ့ ရောင်းချပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူဝယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။ အခုချိန်မှာတော့ ဖုန်းလုံးရေလေးသန်းကို ချပေးဖို့ အသုံးပြုရမယ့် infrastructure တွေ၊ ဆောက်ရမယ့် တာဝါတိုင်တွေ စတာတွေမှာ ရင်းနှီးမြှုပ်နှံရင် ကုန်ကျနိုင်မယ့် စရိတ်နဲ့ ဖုန်းရောင်းချရင် ရရှိမယ့် အကျိုးအမြတ်စတာတွေကို တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ် မှာပါ။ သေချာတာကတော့ အခုပေးနေ တဲ့ ငွေကျပ်ငါးသိန်းထက်တော့ လျော့ပါမယ်။ ဒီဂျီအက်စ်အမ် လေးသန်း project မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကြီးကြပ်မှုကိုပဲ အဓိက ပြုလုပ်သွားမှာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ အဓိကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ဖုန်းလုံးရေလေးသန်းအား စတင် အသုံးပြုခွင့်ပေးသည့်အခါတွင်လည်း တစ်လလျှင်လုံးရေနှစ်သိန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထိုသို့ရောင်းချနိုင်မှသာ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

''အခု ရန်ကုန်မှာ ငါးသိန်း ဂျီအက်စ်အမ်ဖုန်းတွေကို တစ်ရက်တစ်ထောင်နဲ့ တစ်လကို ဖုန်းလုံးရေသုံး သောင်းနှုန်းလောက် ရောင်းရပါတယ်။ အခုလေးသန်းက မြန်မာတစ်နိုင်ငံလုံးရောင်းမှာဆိုတော့ တစ်လကို ဖုန်းလုံး ရေနှစ်သိန်း ရောင်းနိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီလိုတစ်လနှစ်သိန်းနှုန်း ရောင်းချနိုင်မှပဲ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်မှာပါ။ ဒုတိယနှစ်အတွက်က ဖုန်းလုံးရေ ငါးသန်း ထွက်လာမှာဆိုတော့ ငါးသန်း မထွက်လာခင် ကုန်အောင်ရောင်းချနိုင် ဖို့ လိုအပ်ပါတယ်''ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။ ၎င်းစီမံကိန်းအတွက် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ E Lite ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့စ်နှင့် Asia Mega Link ကုမ္ပဏီတို့ ဖြစ်သည်။

Friday, 21 October 2011

ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ စာသင်သားများနှင့် တွေ့ဆုံခြင်း

Type your summary here.အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပြည်ပနိုင်ငံပေါင်း ၂၀ နီးပါးမှ ရဟန်းတော်၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများစွာ ပညာဆည်းပူးလျက် ရှိနေကြသည်။ အာရှနိုင်ငံများထဲတွင် ယင်းတက္ကသိုလ်သည် ပြည်ပနိုင်ငံသားများ အတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို များစွာ သိရှိလာစေခဲ့ရသည့် အပြင် ၎င်းတို့ ခံယူထားသည့် မြန်မာနိုင်ငံ၏ သာသနာတော်နှင့် ပတ်သက်သည်များနှင့် ပတ်သက်၍ု မဟာတန်း တက်ရောက်နေကြသည့်  ပြည်ပစာသင်သား ရဟန်းတော်များနှင့် မြန်မာစာသင်သား အချို့အား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။    Type the rest of your post here.
l4292
ပြည်တွင်း၊ ပြည်ပစာသင်သားများအား တွေ့ရစဉ်
မေး ။ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွေ ထဲမှာမှ မြန်မာနိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ဘာကြောင့် တက်ရောက်ဖြစ်ခဲ့လဲ ဆိုတာ သိပါရစေ။
Ashin Vo Van Nhut (ဗီယက်နမ်)
“ထေရ၀ါဒဗုဒ္ဓဘာသာကို စတင် သိရှိစဉ်ကတည်းက ကျင့်စဉ် တွေမှန်ကန်အောင်၊ ဗဟုသုတတွေ ကို လမ်းညွှန်ပြသနိုင်မယ့် နေရာတွေ ကို ရှာလိုက်တဲ့အခါမှာ မြန်မာနိုင်ငံ ကိုတွေ့ခဲ့တယ်။ မြန်မာမှာက အာရှ နိုင်ငံတွေထဲမှာ သာသနာထွန်းကားမှု အရှိဆုံးနိုင်ငံလို့ မြင်သလို ပိဋကတ်တွေကို သိရှိနားလည်အောင် လမ်းညွှန်ပြသနိုင်မယ့် ဘုန်းတော်ကြီးဆရာတွေလည်း ဒီမှာအများကြီးပါ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို အမှန်တကယ် သိချင်လို့ လေ့လာဖို့ရောက်ခဲ့တာပါ”
AshinSilananda (ဘင်္ဂလားဒေ့ရှ်)
“ဒီကို ရောက်ခဲ့တာ လေးနှစ်ရှိပါပြီ။ အာရှနိုင်ငံ အသီးသီးမှာရှိကြတဲ့ ဗုဒ္ဓဘာသာကို သင်ကြားတဲ့ တက္ကသိုလ်ကြီးတွေထဲကမှ မြန်မာနိုင်ငံကို ရွေးချယ်လိုက်ရတာကတော့ ပိဋကတ်သုံးပုံ ကို သိရှိအောင် ညွှန်ကြားပြသနိုင်တဲ့ ဆရာတော်တွေ ဒီမှာရှိကြတယ်။ ရဟန်း တော်တွေအနေနဲ့ ၀ိနည်းဆိုင်ရာတွေ နဲ့ ပတ်သက်လို့ ကျန်အာရှနိုင်ငံတွေထက် မြန်မာကပိုပြီး တိကျတဲ့ နည်းစနစ်တွေရှိတယ်။ အဓိက ကတော့ သာသနာထွန်းကားတယ်။ ဗုဒ္ဓဘာ သာရဲ့ အနှစ်သာရကို တွေ့ရတယ်။ ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။ ဘယ် ဘာသာဝင်မဆို Buddhism ကို စိတ်ဝင်စားတဲ့သူတိုင်း လေ့လာနိုင်တယ်။ လက်တွေ့သိရှိလာကြတယ်။ ပြီးတော့ လမ်းညွှန်ပြသနိုင်တဲ့ ဆရာကောင်း တွေရှိကြတယ်”
Ashin Letinh Ti Phuong (ဗီယက်နမ်)
“Buddhism မှာမှ မဟာယာနနွယ်ဝင်ပါ။ ဒီတက္ကသိုလ်ကိုလာတက် ဖို့ ပထမရန်ကုန်ကို ရောက်တော့လေ့ လာစူးစမ်းမိတယ်။ မြန်မာလူမျိုးတွေ နဲ့Buddhism ကို အရမ်းစိတ်ဝင်စားခဲ့တယ်။ ပြီးတော့ ဗုဒ္ဓဘာသာနွယ်ဝင် တွေအနေနဲ့လည်း အရမ်းကို flexible  ဖြစ်တယ်။ ဒါကြောင့် ၁၀ လလောက် ကြာတော့ ဒီမှာလာတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ”
Dhamma Nandar Singi  (မြန်မာ)
“ဗုဒ္ဓဘာသာမှာ တိပိဋကတ်ကို လေ့လာတဲ့အခါ ၀ိနည်း၊ သုတ္တံတို့ကို အခြေခံကျကျ လေ့လာခဲ့ရတယ်။ အဓိက က ကိုယ့်မြန်မာနိုင်ငံရဲ့ သာသနာထွန်းကားတာကို လာလေ့လာကြတဲ့ နိုင်ငံရပ်ခြားက စာသင်သားတွေနဲ့လည်း အတွေ့အကြုံတွေ မျှဝေဖြစ်တယ်”
မေး ။ တက္ကသိုလ်တွေထဲမှာ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ ထူးခြားချက်လေးတွေ ရှိရင် သိလိုပါတယ်။
Ashin Ven Ariyajyoti (ဘင်္ဂလားဒေ့ရှ်)
“တက္ကသိုလ် တက်နေစဉ်မှာ  တရားဓမ္မကို သေချာလိုက်နာ ကျင့်ကြံလို့ရတယ်။ ပြီးတော့ ပြည်ပနိုင်ငံက လာတဲ့ စာသင်သား သံဃာတော်တွေ အနေနဲ့ နေထိုင်၊ စားသောက်ရေး အဆင်ပြေတယ်။ ထူးခြားချက်အနေနဲ့ကတော့ သာသနာတော်တွေ ထွန်းကားတဲ့ အာရှနိုင်ငံတွေရဲ့ ဗုဒ္ဓဘာသာ အနွယ်ဝင်တွေမှာ တချို့အချက်တွေ က ခေတ်နဲ့လျော်ညီပြီး ဆီလျော်သလို ပြောင်းလဲသွားတာတွေ ရှိပေမယ့် ဒီမှာကတော့ Buddhism ရဲ့အနှစ်သာရ၊ အများပြည်သူရဲ့ လေးစားကြည်ညိုမှုတွေ မကွယ်ပျောက်ကြသေးဘူး။ ပြည်ပကလာတဲ့အတွက် တစ်နေ့မှာတော့ ပြန်ရမှာပဲ။ အဲဒီလိုစာသင်ပြီးပြန် တဲ့အချိန်  သာသနာကို သိချင်သူတွေ အတွက် ဖြန့်ဝေနိုင်အောင် ဒီတက္ကသိုလ် က သင့်တော်တယ်လို့ ယူဆတယ်”
AshinSilananda (ဘင်္ဂလားဒေ့ရှ်)
“အာရှနိုင်ငံတွေမှာရှိတဲ့ Buddhism သင်ကြားတဲ့ တက္ကသိုလ်တွေ အများစုက စာသင်ကြေး၊ နေထိုင်စား သောက်စရိတ်က မိမိဘာသာကျခံရ တယ်။ တချို့သံဃာတော်တွေ အနေနဲ့ ဗုဒ္ဓရဲ့ဝိနည်းတော်တွေအရ ငွေကိုင်သုံးရတာ သင့်တော်မှုမရှိပါဘူး။ ဒီမှာက စာသင်စရိတ်ကအစ အခမဲ့ပါ။ ပြီးတော့ ပြည်ပက နေထိုင်သူတွေအနေနဲ့ နေထိုင်ဖို့ သံရုံးကိစ္စတွေက အစ အကုန်လုံးစီစဉ်ပေးတဲ့အတွက် ၀ိနည်းနဲ့ ဆီလျော်မှုရှိတယ်”
Dhamma Nandar Singi (မြန်မာ)
“ဒီမှာရှိနေကြတဲ့ စာသင်သား တွေထဲမှာ ဗုဒ္ဓဘာသာနွယ်ဝင်တွေ ချည်းလည်း မဟုတ်ပါဘူး။ နိုင်ငံအသီးသီးမှာရှိကြတဲ့ ဘာသာအနွယ် ၀င်အသီးသီးက လာရောက်လေ့လာကြပါတယ်။ များသောအားဖြင့် ပိဋ ကတ်သုံးပုံကို လေ့လာချင်ကြတယ်။ တချို့အဘိဓမ္မာကိုပဲ လေ့လာချင်ကြ တာတွေလည်း ရှိတယ်။ စာချည်းပဲ လည်း သင်လို့မရသလို လက်တွေ့မှာ လည်း အခြေခံ သဘောတရားတွေကို ပါလေ့လာသိရှိနိုင်အောင် ကျင့်ကြံကြ ရပါတယ်”
မေး ။ အခုလို ဗုဒ္ဓသာသနာပြု တက္ကသိုလ် တက်ပြီးတဲ့နောက် အနာဂတ်ရည်မှန်းချက်တွေ ဘယ်လိုရှိထားလဲ ဆိုတာ သိပါရစေ။
Ashin Vo Van Nhut (ဗီယက်နမ်)
“ပိဋကတ်သုံးပုံနဲ့ Buddhism ရဲ့ အနှစ်သာရကိုစာတွေ့ရော လက်တွေ့ ပါသိရှိနိုင်အောင် လေ့လာမယ်။ စာတွေထပ်ပြီး လေ့လာသွားမှာပါ”
AshinSilananda (ဘင်္ဂလားဒေ့ရှ်)
“အဓိက က ဘွဲ့တွေရပေမယ့်လည်း ဗုဒ္ဓရဲ့အနှစ်သာရကို စာတွေ့ ချည်းပဲလည်း မရနိုင်ဘူးလေ။ ကျင့်တယ်ဆိုတာပြောရင် လွယ်ပါတယ်။ တကယ် အနှစ်သာရဖို့ ဘွဲ့တွေ၊ ဂုဏ် ဒြပ်တွေထက် ပြန်ပြီးအသုံးချနိုင်ဖို့ ကအရေးကြီးတယ်”
Ashin Ven Ariyajyoti (ဘင်္ဂလားဒေ့ရှ်)
“ပါဠိတွေကို တိတိကျကျ လေ့လာမှုတွေ လုပ်ပြီး ဒီနိုင်ငံကရသွားမယ့် ဗုဒ္ဓအနှစ်သာရကို ကိုယ့်နိုင်ငံမှာ ဖြန့်ဝေသွားမယ်”
Ashin Letinh Ti Phuong (ဗီယက်နမ်)
“ဗုဒ္ဓဘာသာမှာအမျိုးအစား မျိုးစုံ ရှိကြပေမယ့် အခြေခံ သဘောတရားတွေကတော့ အတူတူပါပဲ။ ဒီဘာသာရပ်ကို အမြဲတမ်းစဉ်ဆက်မပြတ်လေ့ လာသွားမှာပါ။ နောင်မှာ ကိုယ့်နိုင်ငံကို ပြန်ရင်လည်း ဒီမှာရခဲ့တဲ့ အသိပညာတွေကို ပြန်ပြီးဖြန့်ဝေသွားမှာပါ”
Dhamma Nandar Singi (မြန်မာ)
“နောင်မှာ ကိုယ်သိခဲ့တဲ့ အသိပညာတွေကို ပြန်ပြီး သာသနာတော် ပြန့်ပွားအောင် ကြိုးစားလုပ်ဆောင် သွားမှာပါ”

Wednesday, 5 October 2011

ကမ္ဘာ့ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်

အိန္ဒိယနိုင်ငံက ဆင်းရဲသူတွေနဲ့ ချမ်းသာသူတွေကြား ကွန်ပြူတာ နည်းပညာနဲ့ သုံးစွဲမှု အနေထား ကွာဟမှု မရှိစေဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

အာကာ (Aakash) လို့ ဟန္ဒီဘာသာနဲ့ခေါ်တဲ့ မိုးကောင်းကင်လို့ အဓိပ္ပာယ်ရတဲ့ လက်ကိုင် ကွန်ပြူတာ အသေးစားကို တလုံးအတွက် အစိုးရလျှော့ဈေး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာလောက်နဲ့ ကျောင်းသားတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။

ဒီကွန်ပြူတာကို DataWind ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယအစိုးရနဲ့ ကုမ္ပဏီ အရာရှိတွေက ဗုဒ္ဒဟူးနေ့မှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေကို ပေးအပ်ခဲ့ပါတယ်။ စမ်းသပ်တဲ့ အဆင့် အဖြစ် ကွန်ပြူတာ အလုံးပေါင်း ၁ သိန်းလောက်ထုတ်လုပ်ဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။

ဒီကွန်ပြူတာကို Word နဲ့ သုံးနိုင်ပြီး အင်တာနက်လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါ့ပြင် ဗီဒီယို ရုပ်သံက တဆင့် တယောက်နဲ့ တယောက် ဆက်သွယ်ပြောကြားလို့ ရပြီး သူ့မှာ ယူအက်စ်ဘီ ကပ် (USB memory card) နဲ့ သုံးစွဲလို့ ရပါတယ်။

ဒီကွန်ပြူတာအတွက် ၁၀ ဒေါ်လာလောက် အထိ ဈေးချ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက အမှုဆောင် အကြီးအကဲ ဆူနီး ဆင်း တူလီ (Suneet Singh Tuli) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီကွန်ပြူတာကို အိန္ဒိယ နိုင်ငံတွင်းက ကလေးငယ် အားလုံးအတွက် လက်ဆောင်ပေးဖို့ နဲ့ ဆင်းရဲသူ အများ အပြားကို ဆင်းရဲတွင်းကနေ ကယ်တင်နိုင်စေမယ့် ကရိယာ အဖြစ် သုံးဖို့ အိန္ဒိယ လူသား အရင်းမြစ် ဖွံ့ဖြိုးမှု ၀န်ကြီး ကပင်းလ် ဆီဘလ် (Kapil Sibal) ကတောင်းဆို လိုက်ပါတယ်။

Saturday, 1 October 2011

တရားထိုင်ခြင်းကို လေ့ကျင့်သင်ကြားသည့် ဗြိတိန်စာသင်ကျောင်းကို အစိုးရ ကူညီမည်

အိန္ဒိယစတိုင် တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်း Meditation ကို လေ့ကျင့် သင်ကြားပေးနေသည့် ဗြိတိန်စာသင်ကျောင်းကို အစိုးရက ရန်ပုံငွေ ကူညီ ပေးသွားမည်ဖြစ်သည်။

လန်ကတ်ရှိုင်းယားဒေသ၊ စကယ်မာဒေးအရပ်ရှိ မဟာရိရှီ ကျောင်းတွင် အိန္ဒိယတရားပြ ဂုရုဆရာကြီး မဟာရိရှီမဲဟေးယောဂီ၏ သင်ကြားမှုများနှင့် အကျင့်အကြံတို့ကို သင်ကြားပေးလျက်ရှိသည်။ မဟာရိရှိ မဲဟေးယောဂီ၏ တပည့်များထဲတွင် ဂီတအနုပညာရှင်၊ အဆိုကျော်များဖြစ်သည့် The Beatles အဖွဲ့ဝင်များ ရှိခဲ့ဖူးသည်။

တရားထိုင်ခြင်းဖြင့် စိတ်၏ ငြိမ်းအေးမှုကို ရရှိစေသည့်အပြင် စာသင်ယူခြင်းလည်း တိုးတက်လာနိုင်သည်

တရားထိုင်ခြင်းဖြင့် စိတ်၏ ငြိမ်းအေးမှုကို ရရှိစေသည့်အပြင် စာသင်ယူခြင်းလည်း တိုးတက်လာနိုင်သည်

နေ့စဉ် ကျောင်းတက်ရက်တိုင်း ကျောင်းချိန် မစတင်မီနှင့် ကျောင်းဆင်းချိန်များတွင် အသက် ၄ နှစ် အရွယ် ကလေးများလည်း တရားထိုင်ခြင်း သင်ခန်းစာများကို တက်ရောက်လေ့လာကြသည်။ အစိုးရ ထောက်ပံ့ကြေးငွေ ရရှိထားသည့် ကျောင်း ၂၄ ကျောင်းတွင် တစ်ကျောင်းဖြစ်သော မဟာရိရှီကျောင်းက ဤသို့ တရားဘာဝနာကို လေ့ကျင့် သင်ကြားပေးခြင်းဖြင့် ကျောင်းသူကျောင်းသားများ၊ တပည့်များအနေဖြင့် စိတ်ငြိမ်း အေးချမ်းသာမှုကို ရရှိခံစားကြပြီး သင်ယူလေ့လာခြင်း စွမ်းရည်ကိုလည်း တိုးတက်စေသည်ဟု ဆို၏။

အစိုးရ ထောက်ပံ့ ကူညီသော်ငြားလည်း အမျိုးသားသင်ရိုးညွန်းတမ်းကို တစ်ပုံစံတည်း လိုက်နာ ဆောင်ရွက်ရန် မလိုအပ်ပါ။

မောက္ခနိုင်ငံတကာ ပညာရေးသတင်း

၂၀၁၁ ခုနှစ်အတွက် CNN မှ ရွေးချယ်တဲ့ ဟီးရိုး ၁၀ ဦး

ကမ္ဘာကြီးကို သူရဲကောင်းတွေက နေ့တိုင်း ပြောင်းလဲပစ်နေသည်။ ဒါပေမဲ့ အခု ၂၀၁၁ ခုနှစ် 'Top 10 CNN Heroes' ဆုအတွက် CNN ပရိသတ်တွေ မဲပေး ရွေးချယ်တဲ့ သူရဲကောင်းတွေက ရှေ့တန်း စစ်မျက်နှာပြင်က မဟုတ်၊ နိုင်ငံခေါင်းဆောင်တွေ မဟုတ်။ သာမန် ဆင်းရဲသားတွေ၊ ဟိုတယ် ၀န်ထမ်းတွေ၊ စစ်ပွဲမှာ ယောက်ျား သေဆုံးခဲ့ပြီး ကျန်ရစ်တဲ့ မုဆိုးမတွေ ဖြစ်သည်။

Top 10 စာရင်းဝင် သူရဲကောင်းတစ်ဦးချင်းက ဒေါ်လာ ၅၀,၀၀၀ ရမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၁ ရက်နေ့ တကမ္ဘာလုံး တိုက်ရိုက်လွှင့် ကျင်းပမယ့် CNN Heroes ဂုဏ်ပြုပွဲ အခမ်းအနားကို တက်ရောက်ရမှာ ဖြစ်သည်။

ထိပ်တန်း သူရဲကောင်း ၁၀ ဦးထဲမှ နောက်ထပ် တစ်နှစ်တာ CNN သူရဲကောင်းတစ်ဦးကိုလည်း ရွေးချယ်မည် ဖြစ်သည်။ တစ်နှစ်တာ သူရဲကောင်း သတ်မှတ်ခံရသူက ဒေါ်လာ ၂၅၀,၀၀၀ ထပ်ရရှိမည်။

၂၀၁၁ သူရဲကောင်းတစ်ဦးထဲအတွက် ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး မည်သူမဆို အင်တာနက်နဲ့ မိုဘိုင်းလ်ဖုန်းတွေကနေ CNNHeroes.com. မှာ မဲပေးနိုင်သည်။

တစ်နှစ်တာ CNN Heroes ရွေးချယ်မှုမှာ ငါးနှစ်ဆက်တိုက် ရှိလာပြီး၊ နိုင်ငံပေါင်း ၁၀၀ ကျော်မှ လူ ၄၀,၀၀၀ ကျော် သူရဲကောင်းအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရသည်။

ယခုနှစ်အတွက် ထိပ်တန်း ဟီးရိုး ၁၀ ဦး (နာမည် အက္ခရာစဉ်လိုက်)

Eddie Canales

Eddie Canale ရဲ့ သားက ၂၀၀၁ခုနှစ် အထက်တန်းကျောင်း ဘေ့စ်ဘောကစားပွဲမှာ ကျောရိုးကျိုးသွားသည်။ ဒီနေ့ Eddie က Gridiron Heroes လူမှုရေးအဖွဲ့ကို ထူထောင်ထားပြီး ကျောရိုးခါးရိုး ထိခိုက်ဒဏ်ရာရသူများ ဘ၀ဆက်လက်ရှင်သန်ဖို့ အကူအညီပေးနေသည်။

Taryn Davis

Taryn Davis ၂၁ နှစ် အရွယ်မှာ သူမယောက်ျား အမေရိကန်စစ်တပ်မှ တပ်ကြပ် အီရတ်မှာ အသတ်ခံရသည်။၂၀၀၇ ခုနှစ်မှာ သူမက အမေရိကန် မုဆိုးမများ အဖွဲ့ကို စတင်ထူထောင်ခဲ့သည်။ လက်ရှိ သူမရဲ့ လူမှုရေးအဖွဲ့က မုဆိုးမငယ် ၈၀၀ နီးပါးကို ကူညီထောက်ပံ့ပေးနေသည်။

Sal Dimiceli

Sal Dimiceli က ဒုက္ခရောက်နေသူတွေ သူတို့ခြေထောက်ပေါ် သူတို့ရပ်နိုင်အောင် အကူညီပေးနေသည်။ သူထောင်ထားတဲ့ လူမှုရေးအဖွဲ့က နှစ်စဉ် လူ ၅၀၀ ကျော်ရဲ့ အစားအစာ၊ နေရာ၊ အိုးခွက်ပန်းကန် နဲ့ အခြား လိုအပ်ချက်များကို ကူညီပေးနေသည်။

Elena Durón Miranda

Elena Duron Miranda ကလေးဘ၀က အာဂျင်တီးနားနိုင်ငံ ဘာရီလိုချီမြို့ အမှိုက်ပုံတွေမှာ ရှာဖွေစားသောက် ရသူ ဖြစ်သည်။ ဒီနေ့ သူမရဲ့ PETISOS လူမှုရေးအဖွဲ့က အာဂျင်တီးနား အမှိုက်ပုံတွေမှ ကလေး ၂၀၀ ကျော်ကို စောင့်ရှောက်ထားပြီး ကျောင်းထားပေးလျက် ရှိသည်။

Derreck Kayongo

Derreck Kayongo နဲ့ အဖွဲ့က ဟိုတယ်တွေမှာ သုံးပြီးသား ဆပ်ပြာ အကျန်တွေ စုဆောင်းပြီး၊ အာဖရိကမှ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် ပြန်လည်ပြုပြင် အသုံးချသည်။ သူ့အလုပ်ကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး၊ အာဖရိက ကိုးနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်တွေကို ဆပ်ပြာအတုံး ၁၀၀,၀၀၀ ကျော် ပေးနိုင်ခဲ့သည်။

Diane Latiker

Diane Latiker နေတဲ့ ချီကာဂို ရပ်ကွက်ကြီးနားမှာ အကြမ်းဖက်ဂိုဏ်းတွေ များပြားလွန်းသည်။ သူမ အိမ်မှာ လူငယ်တွေအတွက် ကျောင်းလေးတစ်ကျောင်း စဖွင့်ထားခဲ့ပြီး၊ ကနေ့ အဲဒီကျောင်းက လူငယ် ၃၀၀ ကျော် အတွက် ခိုလှုံရာ ဖြစ်လာသည်။

Robin Lim

Robin Lim က ကိုယ်ဝန်ဆောင်တဲ့ သူ့ညီမ မီးဖွားရင်း သေဆုံးပြီးနောက်၊ သားဖွားဆရာမ ဖြစ်လာခဲ့သည်။ ၂၀၀၃ ခုနှစ်ကတည်းက သူမနဲ့ အဖွဲ့က အင်ဒိုနီးရှားမှ ဆင်းရဲတဲ့ အမျိုးသမီးများရဲ့ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်မှု၊ ကလေးမွေးဖွားမှုတွေကို ကူညီပေးနေသည်။

Patrice Millet

Patrice Millet က ကင်ဆာရောဂါ ရရှိလာပြီးနောက်၊ သူ့ဇာတိ ဟေတီနိုင်ငံမှာရှိတဲ့ ကလေးတွေအတွက် ဘ၀ကို မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့သည်။ သူနဲ့ သူ့အဖွဲ့က ဆင်းရဲသားရပ်ကွက်မှ ကလေးငယ် ရာပေါင်းများစွာအတွက် ဘောလုံးအသင်း၊ နည်းပြခြင်း၊ စားစရာပေးခြင်း၊ တာဝန်သိတဲ့ နိုင်ငံသားဖြစ်ထွန်းရေးတွေ သင်ကြားပေးသည်။

Bruno Serato

စာဖိုမှုး Burno Serato က သူ့မိသားစုနဲ့အတူ မိုတယ် တစ်ခုမှာ မှာနေထိုင်ပြီး၊ ၂၀၀၅ ခုနှစ်ကတည်းက ဆင်းရဲတဲ့ ကလေးတွေကို ညစာကျွေးလာခဲ့သူ ဖြစ်သည်။ အခု သူက ကယ်လီဖောနီးယားပြည်နယ် အက်နာဟိုင်းမ်မြို့ Boys and Girls Club မှာ ဆင်းရဲတဲ့ ကလေး ၂၀၀ ကျော်ကို နေ့တိုင်း ညစာကျွေးနေသည်။

Amy Stokes

Amy Stokes က တောင်အာဖရိကမှ HIV/AIDS ရောဂါခံစားရသူများနဲ့ ဆင်းရဲတဲ့ ကလေးတွေ အတွက် နွေးထွေးတဲ့ မိသားစုဘ၀ တည်ဆောက်ပေးနေသူ ဖြစ်သည်။ အင်တာနက်ကနေ တကမ္ဘာလုံးမှ လူငယ် ၃၀၀ ကျော်ကို ချိတ်ဆက်၊ အကူအညီရယူပြီး၊ သူမရဲ့ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

Source: CNN

ဝင့်ထန်း

Thursday, 15 September 2011

Gtalk က တဆင့် ပါဠိ- မြန်မာ - အင်္ဂလိပ် အဘိဓာန် အလွယ်တကူ ကြည့်ရှုနိုင်ပြီ

မြန်မာကွန်ပြူတာ ပညာရှင်တဦးရဲ့ တီထွင်ဖန်တီးမှုနဲ့ အင်တာနက် Gtalk ကတဆင့် ပါဠိ- မြန်မာ- အင်္ဂလိပ် အဘိဓာန် အလွယ်တကူ ကြည့်နိုင်ပြီလို့ သိရပါတယ်။ pali2myn@gmail.com ကို သွားပြီး မိမိရှာဖွေလိုတဲ့ ပါဠိ စကားလုံးပဲ ဖြစ်ဖြစ်၊ မြန်မာ၊ အင်္ဂလိပ် စကားလုံးပဲ ဖြစ်ဖြစ် ရိုက်ထည့် လိုက်မယ်ဆိုရင် အလိုအလျောက် အဓိပ္ပါယ် ပြန်ဆိုပေးတယ်လို့ သိရပါတယ်။
ဖန်တီးသူ ပညာရှင်က အိုင်တီ ဦးမောင်မောင် ဖြစ်ပါတယ်။ အခုလို ဘာသာစကား (၃)မျိုးနဲ့ အဘိဓာန်ကို အင်တာနက်က တဆင့် အလွယ်တကူ ကြည့်ရှု နိုင်တဲ့အတွက် တန်ဖိုးရှိတဲ့ ၀န်ဆောင်မှု တခု ဖြစ်ကြောင်း ပြည်ပအခြေစိုက် မိုးမခ သတင်းမီဒီယာ တာဝန်ခံအယ်ဒီတာ ကိုမောင်ရစ်က ပြောပါတယ်။

ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို မြန်မာနိုင်ငံမှာ အများသုံးနိုင်တဲ့ Gtalk ကနေ အလွယ်တကူ ကြည့်ရှု နိုင်တဲ့အတွက် အသုံးပြုသူတွေကလည်း အတော် အဆင်ပြေကြတယ် လို့ဆိုပါတယ်။

ပြည်တွင်းမှာ အင်တာနက်ကို လွတ်လွတ် လပ်လပ် သုံးစွဲခွင့် ရှိမယ်ဆိုရင် နည်းပညာ အခြေခံပြီး မြန်မာစာပေ ဒီထက်ပိုပြီး တိုးတက် ထွန်းကားအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ကိုမောင်ရစ်က ပြောပါတယ်။
ပြည်တွင်းမှာ ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေ ထုတ်လုပ်တဲ့ Mandalay Alpha ကုမ္ပဏီက အဘိဓာန်နဲ့ ပတ်သက်လို့ ထုတ်ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ပညာရှင် အိုင်တီ ဦးမောင်မောင်က တီထွင် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Tuesday, 6 September 2011

လုမ္ဗိနီ ဘာသာရေး လုပ်ငန်းစီမံကိန်း၊ တရုတ် ဒေါ်လာ ၃ ဘီလီယံ မြှုပ်နှံ



ဗုဒ္ဓဘုရားရှင် ဖြစ်လာမည့် သိဒ္ဓတ္ထမင်းသားကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က နီပေါနိုင်ငံ လုမ္ဗနီမြို့လေးတွင် ဖွားမြင်ခဲ့သည်။ ယခု တရုတ်အစိုးရက
ကမ္ဘာအနှံမှ ဘုရားဖူးများကို စွဲဆောင်မည့် ထို ဗုဒ္ဓပွင့်တော်မူရာ လုမ္ဗနီမြို့လေး ပြုပြင်ဖို့အတွက်၊ ဒေါ်လာ ၃ ဘီလီယံ အကုန်ကျခံပြီး နီပေါနိုင်ငံမှာ ပရောဂျက်တစ်ခု စတင်တော့မည် ဖြစ်သည်။
တရုတ်ရဲ့ လုမ္ဗနီစီမံကိန်းတွင် လေဆိပ်တစ်ခု၊ အဝေးပြေးလမ်းမ၊ ဟိုတယ်များ၊ ကွန့်ဖရင့်စင်တာများ၊ ဘုရားကျောင်းများနှင့် ဗုဒ္ဓတက္ကသိုလ်တစ်ခုကို တည်ဆောက်မည် ဖြစ်သည်။ နောက် ပန်းခြံများ၊ ရေပန်းအလှများနှင့် လက်ရှိချို့တဲ့နေတဲ့ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး စနစ်များကိုလည်း တပ်ဆင်ပေးမည် ဖြစ်သည်။
နီပေါအစိုးရကတော့ တရုတ် ရင်းနှီးမြှုပ်နှံမယ့် ဒေါ်လာ ၃ ဘီလီယံ အတွက် ၀မ်းသာပီတိ ဂွမ်းဆီထိနေကြသည်။ နီပေါရဲ့ ဂျီဒီပီက ပြီးခဲ့တဲ့နှစ် ၃၅ ဘီလီယံသာ ရှိသည်။ ယခု တရုတ် လုပ်မယ့်စီမံကိန်းက တစ်နိုင်ငံလုံးဂျီဒီပီရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး ရှိသည်။
ပရော့ဂျက်လုပ်မည့် အဖွဲ့အစည်းက အစိုးရတစ်ပိုင်း၊ NGO တစ်ပိုင်းလုပ်နေတဲ့ Asia Pacific Exchange and Cooperation Foundation (APECF) ဖြစ်ပြီး၊ ဥက္ကဌ ဇိုဝူနန် က တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်လည်းဖြစ်၊ တရုတ်အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှာ ရာထူးကြီးကြီး ရယူထားသူလည်း ဖြစ်သည်။ APECF ရဲ့ ပရောဂျက်လက်မှတ်ထိုးပွဲ အခမ်းအနားကို နီပေါမှာ ပြီးခဲ့တဲ့အပတ်တွင် ကျင်းပခဲ့သည်။ ကွန်မြူနစ် လုပ်ငန်းရှင်က ဦးဆောင်ပေးမည့် ဘာသာရေးလုပ်ငန်းကြီး ဖြစ်သည်။
တရုတ်ရဲ့ လုမ္ဗနီစီမံကိန်းကို ကုလသမဂ္ဂ ကလည်း ထောက်ခံမှုပေးထားသည်။ လုမ္ဗနီစီမံကိန်းက ဗုဒ္ဓဘာသာ ဂိုဏ်းကြီးသုံးဂိုဏ်းဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့မှ မဟာယာန အုပ်စု၊ အရှေ့တောင်အာရှမှ ဟိနယာန (ထေရ၀ါဒ) အုပ်စုနှင့် တိဘက် ဗုဒ္ဓဘာသာ အုပ်စုတို့မှ ဘုရားဖူးများကို စွဲဆောင်နိုင်မည်ဖြစ်သည်။
နှစ်စဉ် လုမ္ဗနီသို့လာသည့် ဘုရားဖူးဧည့်သည်မှာ ၅သိန်းကျော် ရှိသည်။ တရုတ်က ဘုရားဖူး သန်းပေါင်းများစွာ ၀င်လာမစဲအောင်လုပ်ပြီး ဟိုတယ်လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းပေါင်းစုံကနေ အမြတ်ထုတ်ယူသွားမည် ဖြစ်သည်။ တရုတ်က ဘာမှပြန်မရဘဲ အလကား ရင်းနှီးမြှုပ်နှံမည်တော့မဟုတ်။
သို့သော် တရုတ်အစိုးရ လုမ္ဗနီပရော့ဂျက်အတွက် အဓိကပြဿနာက ဒလိုင်းလားမား ဖြစ်သည်။ အခြားဗုဒ္ဓဘာသာဂိုဏ်းကြီးနှစ်ဂိုဏ်းက တရုတ်ရဲ့ စီမံကိန်းအပေါ် ကောင်းသည်ဆိုးသည် မပြောပေမဲ့၊ ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ကမ္ဘာအနှံပျံနေသည့် တိဘက်ဘာသာဝင် သန်းပေါင်းများစွာက တရုတ်ရဲ့ ဘာသာရေး ဈေးကွက်လုပ်ငန်းကို ဝေဖန်နှောင့်ယှက်လာနိုင်တာကြောင့်၊ တရုတ်အစိုးရဘက်က သတိထား ဆောင်ရွက်လျက်ရှိသည်။
မောက္ခ နိုင်ငံတကာသတင်း

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 