သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Saturday 3 March 2012

အင်္ဂလိပ်စာ အထူးသင်တန်း

အင်္ဂလိပ်စာ အထူးသင်တန်း
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသ (M.A., Ph.D. India); ( ဧည့်ပါမောက္ခ - New Age International University, USA) ဦးစီးပြီး အထက်ပါမြန်မာကျောင်းတိုက်၌ ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ထိ အင်္ဂလိပ်စာ အထူးသင်တန်း ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေခ်ျနိုင်ငံတို့မှ သင်တန်းသားများ
လာရောက်ကြမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်း၌ အတွေ့အကြုံများသည့် အမေရိကန်နှင့် ကိုလံဘိုတက္ကသိုလ်မှ အင်္ဂလိပ်စာ ဆရာမများလည်း ပါဝင်သင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်းမှာ သံဃာတော်များနှင့် သီလရှင်များအတွက် သက်သက်သာ ဖြစ်ကြောင်း၊ နေထိုင်ရေးနှင့် စားရေးသောက်ရေးကို ဗောဓိသုခပရဟိတကျောင်း ရံပုံငွေမှ ကျခံသွားမည်ဖြစ်ပါသည်။ ဆွမ်းကွမ်း လှူဒါန်းလိုသည့် ပုဂ္ဂိုလ်များလည်း လှူဒါန်းနိုင်ပါကြောင်း၊ သင်တန်းသား ၆၀ ဦးသာ လက်ခံမည်ဖြစ်ကြောင်းနှင့် ဒေါက်တာနန္ဒောဘာသကိုယ်စား ဦးပညာသာရ (ခေတ္တ- ဓါတ်မီးကျောင်း၊ ဗိုလ်တထောင်ဘုရားအနီး၊ ဖုန်း - ၀၉၄၉၂၈၀၉၀၆ သို့ ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း သတင်းရရှိသည်။
ဒါရိုက်ဆက်သွယ်ရန် -
Ven. Dr. Nando Batha,
Ph- +919830276407
Email- ndbatha@gmail.com

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 