သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Thursday 8 March 2012

ကမ္ဘာ့ ပညာတတ်နှုန်း အမြင့်ဆုံး ၁၀ နိုင်ငံ

လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းပြီးသူ အရေအတွက် နှစ်ဆတိုးတက်သွားသည်ဟု Organisation for Economic Co-operation and Development (OECD) အဖွဲ့၏ အစီရင်ခံစာသစ် (Education at a Glance 2011) က ဆိုသည်၊ 

ပညာတတ်အများဆုံးနိုင်ငံများမှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် နိုင်ငံများ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ တို့သည် ပညာတတ်အများဆုံးရှိရာ နို်င်ငံများဖြစ်သလို ကမ္ဘာပေါ်တွင် ဂျီဒီပီ အမြင့်ဆုံး နိုင်ငံများလည်းဖြစ်ကြသည်။
  တဦးချင်း ဂျီဒီပီအနေဖြင့် ဒုတိယနှင့် ဆဌမ အများဆုံးနိုင်ငံများဖြစ်သည့် နော်ဝေ
၊ သြစတြေလျား တို့သည်လည်း ပညာတတ်အများဆုံး မွေးထုတ်ရာ နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ ချမ်းသာသည့် အလျှောက်လည်း ပညာရေးကဏ္ဍတွင် သဲကြီးမဲကြီး ရင်းနှီးမြှုပ်နှံထားကြလေသည်။
   
  (၁၀) ဖင်လန်

  • ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၇ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း ၁ဒသမ၈ ရာခိုင်နှုန်း (တတိယအနိမ့်ဆုံး)
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၃၆၅၈၅ ( ၀င်ငွေအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၄ ရှိသည်)
  • လူဦးရေ အပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၃ဒသမ၁၅ ( တိုးတက်မှုနှုန်းအနိမ့်ဆုံးနိုင်ငံများတွင် နံပါတ် ၁၀)
ဖင်လန်နိုင်ငံသည် OECD အဖွဲ့ဝင်များတွင် နိုင်ငံငယ်လေးဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများအနက် ဖင်လန်နှင့် တောင်ကိုရီယားတို့ နှစ်နိုင်ငံတွင်သာ ထူးထူးခြားခြား လူမှုသိပ္ပံ၊ ဘောဂဗေဒစီမံခန့်ခွဲမှု၊ ဥပဒေ ဘာသာရပ်တို့အပေါ် လူကြိုက်နည်းပြီး အင်ဂျင်နီယာ၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးဘာသာရပ်တို့ ခေတ်စားသည်။

(၉) သြစတြေးလျား
  • ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၇ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း ၃ ဒသမ ၃ ရာခိုင်နှုန်း (တိုးတက်မှုအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၁ ဖြစ်သည်)
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၄၀၇၁၉ ( ၀င်ငွေအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၆ ရှိသည်)
  • လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၁၄ ဒသမ ၆၃ (တိုးတက်မှုနှုန်းအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၃)
သြစတြေလျား လူဦးသေည် ၂၀၀၀-၂၀၀၉ ခုနှစ်အတွင်း ၁၄ ဒသမ ၆၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ OECD နိုင်ငံများတွင် လူဦးရေတိုးတက်မှုနှုန်း တတိယအမြင့်ဆုံးဖြစ်သည်။ အဆင့်မြင့် ပညာတတ်မြောက်မှုနှုန်းက နှစ်စဉ် ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်သည်။ နိုင်ငံရပ်ခြားမှ ကျောင်းသားများကို ဆွဲဆောင်နိုင်သည်။


(၈) ဂရိတ် ဗြိတိန်
  • ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၇ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း ၄ ရာခိုင်နှုန်း (တိုးတက်မှုအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၉ ဖြစ်သည်)
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၃၅၅၀၄ ( ၀င်ငွေအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၆ ရှိသည်)
  • လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၃ ဒသမ ၄၇ (တိုးတက်မှုနှုန်းအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၃)
၂၀၀၈ ခုနှစ်တွင် ပညာရေးအသုံးစရိတ်အားလုံး၏ ၆၉ ဒသမ ၅ ရာခိုင်နှုန်းသည် အစိုးရထံမှ လာသည်။ သို့သော် အိုအီးစီဒီ နိုင်ငံများတွင် ပညာရေးကဏ္ဍအစိုးရထည့်ဝင်မှုတွင် စတုတ္ထ အနည်းဆုံးဖြစ်သည်။

(၇) နော်ဝေ
  • ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၇ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- N/A (not available)
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၅၆၆၁၇ ( အမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၂ )
လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၇ ဒသမ ၅၂ (တိုးတက်မှုနှုန်းအမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၄)
ပညာရေးကဏ္ဍအသုံးစရိတ်သည် ဂျီဒီပီ၏ ၇ဒသမ၃ ရာခိုင်နှုန်းရှိသည်။ ပညာရေး အသုံးစရိတ် အားလုံး၏ ၂၃ ရာခိုင်နှုန်းကို တက္ကသိုလ်၊ ကော့လိပ်ပညာရေးတွင် အသုံးချသည်။

(၆) တောင်ကိုရီးယား
  • ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၃၉ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- ၅ဒသမ ၃ ( ပဉ္စမအမြင့်ဆုံး)
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၂၉၁၀၁ ( အမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၃)
လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၃ ဒသမ ၇ (တိုးတက်မှုနှုန်းအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၄)
ပညာရေး ကဏ္ဍအသုံးစရိတ်သည် ဂျီဒီပီ၏ ၇ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ ပညာရေး အသုံးစရိတ် အားလုံး၏ ၂၃ ရာခိုင်နှုန်းကို တက္ကသိုလ်၊ ကော့လိပ်ပညာရေးတွင် အသုံးချသည်။ ပညာရေး အသုံးစရိတ်အားလုံး၏ ၅၉ ဒသမ ၆ ရာခိုင်နှုန်းသည် အစိုးရထံမှ လာသည်။ (ဒုတိယအနိမ့်ဆုံးနှုန်းဖြစ်သည်)

(၅) နယူဇီလန်
ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၄၀ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- ၃ ဒသမ ၅ ( တိုးတက်မှုအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၄ ဖြစ်သည်)
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၂၉၈၇၁ ( အနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၄ )
လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၁၁ ဒသမ ၈၈ (တိုးတက်မှုနှုန်းမြင့်သော နိုင်ငံ များတွင် နံပါတ် ၈)
တက္ကသိုလ်ဘွဲ့ရနှုန်းမြင့်ရသည့် အကြောင်းများထဲတွင် secondary schools တွေကနေ အောင်မြင်မှုနှုန်းမြင့်မားသည်လည်း အကြောင်းရင်းတရပ်ဖြစ်သည်။ လူတရာတွင် ၉၀ သည် secondary schools အောင်မြင်ကြသည်။

(၄) အမေရိကန်ပြည်ထောင်စု
       >> ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၄၁ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ---- ၁ ဒသမ ၄ ( တိုးတက်မှုအနိမ့်ဆုံး )
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၄၆၅၈၈ ( စတုတ္ထအမြင့်ဆုံး )
လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၈ ဒသမ ၆၈ (တိုးတက်မှုနှုန်းမြင့်သော နိုင်ငံ များတွင် နံပါတ် ၁၂ )
ပညာရေးကဏ္ဍအသုံးစရိတ်အားလုံး၏ ၇၁ ရာခိုင်နှုန်းကို အစိုးရမှ ထည့်ဝင်သည်။

(၃) ဂျပန်

> ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၄၄ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာ တတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) ------- ၃ ဒသမ ၂ ( တိုးတက်မှုအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၀ ဖြစ်သည်)
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၇ )
  • လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၀ ဒသမ ၄၆ (အနိမ့်ဆုံး နိုင်ငံ များတွင် နံပါတ် ၆)
ကမ္ဘာပေါ်တွင် တက္ကသိုလ်၊ ကော့လိပ်ပညာတတ်နှုန်းအတွင် တတိယ အမြင့်ဆုံးဖြစ်သည်။ ဂျီဒီဘီ၏ ၁ဒသမ၅ ရာခိုင်နှုန်းကို အဆင့်မြင့်ပညာရေးကဏ္ဍအတွက် အသုံးပြုသည်။ OECD နိုင်ငံများတွင် အနိမ့်ဆုံးစာရင်းတွင် အမှတ်စဉ် ၁၇ ဖြစ်သည်။
    
(၂) အစ္စရေး
  • ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၄၅ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာတတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း N/A (not available)
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၂၈၅၉၆ ( အနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၂ )
  • လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) ၁၉ ဒသမ ၂ ( တိုးတက်မှုနှုန်းအမြင့်ဆုံး)
ပညာရေးကဏ္ဍအသုံးစရိတ်၏ ၇၈ ရာခိုင်နှုန်းကို အစိုးရက ထည့်ဝင်သည်။

(၁) ကနေဒါ
  • ပညာတတ်မြောက်မှုနှုန်း - လူ ၁၀၀ တွင် ၅၀ ဦးသည် တက္ကသိုလ်၊ ကောလိပ်ပညာတတ်မြောက်သည်။
  • နှစ်စဉ်တိုးတက်မှုနှုန်း - (၁၉၉၉-၂၀၀၉) အတွင်း ၂ ဒသမ ၃ ( တိုးတက်မှုအနိမ့်ဆုံး နိုင်ငံများတွင် နံပါတ် ၅ )
  • နှစ်စဉ် တဦးချင်း ဂျီဒီပီ - အမေရိကန်ဒေါ်လာ ၃၉၀၇၀ ( အမြင့်ဆုံး နိုင်ငံများတွင် နံပါတ် ၁၀)
  • လူဦးရေအပြောင်းအလဲ - (၂၀၀၀-၂၀၀၉) -- ၉ ဒသမ ၈၉ (တိုးတက်မှုနှုန်းအမြင့်ဆုံးစာရင်းတွင် အမှတ်စဉ် ၁၀ )
ပညာရေးကဏ္ဍအသုံးစရိတ်အတွက် အစိုးရနှင့် ပုဂလိကကဏ္ဍ၏ ထည့်ဝင်မှုက ဂျီဒီပီ၏ ၂ဒသမ၅ ရာခိုင်နှုန်းရှိသည်။ အဆင့်မြင့် ပညာရေး ကဏ္ဍအတွက် အသုံးစရိတ်က ပညာရေးအသုံးစရိတ်အားလုံး၏ ၄၁ ရာခိုင်နှုန်းဖြစ်သည်။ ကနေဒါမှ ကျောင်းသား ၂၅ ရာခိုင်နှုန်းသည် ရေခြားမြေခြားမှ ပြောင်းရွှေ့လာသည့် နောက်ခံရှိသည်။

ညီစောလွင် မောက္ခနိုင်ငံတကာသတင်း

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 