သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Saturday, 21 April 2012

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု

ဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလို စာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်..

သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ …နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲ ဖော်ပြလိုက်ပါတယ် .. Free Ebook Download ပါ .. Free နော် Free .. ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ…အဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်… လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ…

ကမ္ဘာသစ် ဂြိုဟ်သစ် ရှာဖွေသူများ


NASA's Kepler mission has discovered the first Earth-size planets orbiting a sun-like star outside our solar system. The planets, called Kepler-20e and Kepler-20f, are too close to their star to be in the so-called habitable zone where liquid water could exist on a planet's surface, but they are the smallest exoplanets ever confirmed around a star like our sun.
ဒီတပတ်တော့ သိပ္ပံပညာရှင်တွေ ရှာဖွေနေကြတဲ့ ကမ္ဘာသစ် ဂြိုဟ်သစ်တွေ အကြောင်း Illinois ပြည်နယ် Spoon River ကောလိပ်က နက္ခတ္တဗေဒပါမောက္ခ ဒေါက်တာ ၀င်းသာထွေးက ပြောပြပေးမှာပါ။
"ပထမတော့ နေမိသားစုထဲမှာ ဂြိုဟ် ၉လုံး အပြင် တခြားဂြိုဟ်များ ရှိမလားလို့ ရှာပါတယ်။ အဲဒီအခါမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေ နေမိသားစုထဲမှာ တွေ့ပါတယ်။

Tuesday, 3 April 2012

ပရိတ်ကြီး ၁၁-သုတ် အကျိုးတော်များ

* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---
* မင်္ဂလသုတ်---ကျိုးညွှန်းထုတ်သော်, လောကုတ်လောကီ, နှစ်လီမင်္ဂလာ, ချမ်းသာကောင်းကျိုး, ရွာသွန်းမိုးသို့, ဝေဖြိုးလျှံပ, တိုးပွားရသည်, သုံး၍မကုန်, မြဲအောင်ခြုံလော့---
* ရတနသုတ်---သုံးကြိမ်ထုတ်က, သက်ပြတ်ခန္ဓာ, ရောဂါဥပါဒ်, ငတ်မွတ်ခေါင်းပါး, ကပ်သုံးပါးတို့, ရှောင်ရှားဝေးက, ငြိမ်းအေးလှသည်, သုံးစားမကုန်, ရတနာစုံတည်း---
* မေတ္တသုတ်မှာ---ဒေဝါနတ်များ, ချစ်ခင်ပွား၍, ဆိုးရွားအိပ်မက်, မမြင်မက်ဘဲ, အိပ်မက်နိုးထ, ချမ်းသာရလျက်, ရန်စရန်ညှောင့်, မြန်ပျောက်လိုက, ရွတ်ကြအဟုတ်, ခုနစ်အုပ်တည်း---

သူတော်စင်တို့  တရားတော်များကို အောက်တွင် လင့်ချိတ်ထားပေးပါသည်။ သူတော်စင်များ နာကြားချင်တဲ့ ဆရာတော်များရဲ့ တရားတွေကို download လုပ်ပြီး  နာကြားလို့ ရပါသည်။

သူတော်စင်တို့  စာအုပ်များ အောက်တွင် လင့်ချိတ်ထားပေးပါသည်။ သူတော်စင်များ download လုပ်လို့ ပြီး ဖတ်လို့ ရပါသည်။

Friday, 23 March 2012

အရွယ်တင် နုပျိုစေမည့် သဘာဝနည်းလမ်း ၁၀ ချက်

အရွယ်တင် နုပျိုရုံတင်မက ဦးနှောက်စွမ်းအား ကောင်းပြီး အသားအရေချောမွေ့နေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုက လူတိုင်းအတွက် ရန်သူပါပဲ။ စိတ်ဖိစီးမှုများရင်အရေးကြောင်းထင်နှုန်း မြင့်မားပြီး အိုမင်းလွယ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန်
လုပ်ပြီး  အာဟာရပြည့်ပြည့်ဝဝ စားပေးပါ။ လတ်တလော လေ့လာမှုတွေအရ  စိတ်ဖိစီးမှု
ကြောင့်ခန္ဓာကိုယ် အိုမင်းလွယ်ပြီး ပြောင်းလဲမှုတွေ ဖြစ်ကြသလို အဒရီနယ်လင်နဲ့ ကော်တီ
စောလို ဟော်မုန်းတွေ မြင့်တက်တာကြောင့် သွေးတိုးတာနဲ့နှလုံးခုန်နှုန်း မြန်တာတွေ

Friday, 16 March 2012

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

Sunday, 11 March 2012

ဆရာတော်ဦးဇောတိကရဲ့ထိချက်ပြင်းတဲ့ စကားစုများ

1 .သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ

ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။

2 .ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ်

                                                  ရဲရဲကြီး ပြင်လိုက်ပါ။

ဗုဒ္ဓဘုရားပွင့်တော်မူရာ မဟာဗောဓိပင်နှင့်စေတီတော်

မြေမြတ်မဟာရှိ ဗုဒ္ဓဂယာစေတီတော်
                                                         

Saturday, 10 March 2012

မေတ္တာသုတ်ပါဠိ+အနက် ဖြစ်ပေါ်လာပုံနှင့်ရွတ်ဆိုကျိုး


၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

ဓါရဏပရိတ် ပါဠိတော်နှင့် အနက်

မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော် ၁၈ ပါး
ပါဠိတော်

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။
၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ ၀စီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ။

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 