ဆရာဝန် (ဆေးနဲ့သွား)
ဆေးနဲ့ သွားကတော့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လေ့လာသင်ယူရတာ ခက်ခဲသလို၊ ဘွဲ့ရရင်လည်း အောင်မြင်တဲ့ ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ဆိုတာ ကတော့ ဘ၀အာမခံချက် အရှိဆုံးဘွဲ့တစ်ခုအနေနဲ့ သတ်မှတ်ထားခြင်း ခံနေရဆဲဖြစ်ပါတယ်။ လူဆိုတာက အိုခြင်း နာခြင်းကင်းနိုင်တဲ့သူတွေ မဟုတ်တော့ ဆရာဝန်အလုပ်ဆိုတာ ခေတ်အဆက်ဆက် အာမခံချက်ရှိနေဦးမှာပါပဲ။ လစာကလည်း အတော်လေးကောင်းတယ်။
