သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။
Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Saturday, 2 June 2012

ရွေမြန်မာတို့  နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင်


ကျမ အသက် ၁၂ နှစ်မှာ မိဘများနှင့် စင်္ကာပူနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံခြားဆိုတာနှင့် စတင်ရင်းနီးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်ကစပြီး ကနေဒါနှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်ယောက်တည်း ကောလိပ်နှင့် တက္ကသိုလ်သွားတက်တော့၊ နောက်ထပ်နိုင်ငံခြားသို့ ရောက်ခဲ့ပြန်သည်။

နိုင်ငံခြားဆိုသည့်အတိုင်း ကျမရင်ဆိုင်ရတာတွေက အပြောင်းအလဲ အသစ်အဆန်းတွေ ဖြစ်နေခဲ့သည်။
ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဟု လူတွေပြောလေ့ရှိကြသည်။

Sunday, 27 May 2012

ကာလာမသုတ္တန်လာ ပညာသင်ကြားရေးကို ငေးကြည့်ခြင်း

နိုင်ငံတခုရဲ့ နှလုံးပမာအရေးကြီးတဲ့အရာကတော့ ပညာရေးစနစ် ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ နိုင်ငံ့အရေးကိစ္စတခုကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များ အနေနဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ပညာရေး စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ဆော်အော်လာကြတယ်။ အနှေးနဲ့အမြန်ဆိုသလို ပညာရေး စနစ်တခုလုံး ပြောင်းလဲဖို့ ဖြစ်လာမှာပါ။

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 