သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Saturday, 3 March 2012

မိုဘိုင်းဖုန်းများ၏ ညပိုင်းခေါ်ဆိုခ နှုန်းထားများ ထက်ဝက်လျော့ချမည်

မိုဘိုင်းဖုန်းများ၏ ညပိုင်း ဖုန်းခေါ်ဆိုခနှုန်းထားများကို မတ်လ ၁၄ ရက်နေ့မှစ၍ ထက်ဝက်လျော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
မတ်လ ၁၄ ရက်နေ့မှစ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း မိုဘိုင်းဖုန်းများ ခေါ်ဆိုအသုံးပြုသည် ဆိုပါက လက်ရှိကောက်ခံနေသည့် တစ်မိနစ် ကျပ် ၅၀ နှုန်းအစား တစ်မိနစ် ၂၅ ကျပ် နှုန်းသာ ကောက်ခံသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့ပါ သည်။

အင်္ဂလိပ်စာ အထူးသင်တန်း

အင်္ဂလိပ်စာ အထူးသင်တန်း
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသ (M.A., Ph.D. India); ( ဧည့်ပါမောက္ခ - New Age International University, USA) ဦးစီးပြီး အထက်ပါမြန်မာကျောင်းတိုက်၌ ၂၀၁၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ထိ အင်္ဂလိပ်စာ အထူးသင်တန်း ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်း၌ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေခ်ျနိုင်ငံတို့မှ သင်တန်းသားများ

Thursday, 1 March 2012

ပြည်ပသာသနာပြုပုဂ္ဂိုလ်များအတွက် အွန်လိုင်းအဝေးသင် ပညာရေးစနစ် ဆောင်ရွက်မည်


ပြည်ပသာသနာပြုပုဂ္ဂိုလ်များ ပိုမိုပေါ်ထွန်းလာစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် အဝေးသင်ပညာရေး စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် သာသနာရေးနှင့် စပ်လျဉ်းသည့် မူဝါဒ၊ ရည်မှန်းချက်လုပ်ငန်းစဉ်များ ဥပဒေမူကြမ်း တွင်ဖော်ပြချက်များ အရသိရသည်။ ကမ္ဘာတစ်ဝန်းသို့ ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ရှင်ပြုပွဲ၊ အလှူပွဲစသည်တို့အား Home Page မှ တစ်ဆင့်အွန်လိုင်းဖြင့် ဖြန့်ဝေသာသနာပြုခြင်း လုပ်ငန်းများကို လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သန်း ၆၀ အတွက် မနက်ဖြန်

နိဒါန်း
ဒီမိုကရေစီအသွင် ကူးပြောင်းရေး မှန်သမျှတို့တွင် Power Center အဟောင်း နှင့်အသစ်၊ အတွင်းနှင့်အပြင်၊ အသစ်အချင်းချင်း၊ အဟောင်းအချင်းချင်း စသည်တို့အကြား ပွတ်တိုက်မှုများ မလွဲမသွေတွေ့ကြုံ ရလေ့ရှိသောကြောင့် Stakeholder တို့၏ တွေးခေါ်မြော်မြင်နိုင်စွမ်းက အဓိကကျနေသည်။

ကမ္ဘာ့ထိပ်တန်းစာရင်းဝင်လာတဲ့မြန်မာနဲ့ အောက်ဆုံးရောက်သွားတဲ့စင်္ကာပူကလေး

ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက်လာရင် ထိပ်ဆုံးစာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။

ဖလော့ဆဖီ ဆိုတာ မန္တလေးတာရိုးကြီးလိုပဲ

မန္တလေးတက္ကသိုလ် ဒဿနိက ကထိ ကဟောင်း ဆရာကြီး ဦးအေးကိုကို အေး မှာ ထိုင်းမြန်မာ နယ်စပ် တစ်နေရာတွင် နေထိုင်ရင်း၊ လွန်ခဲ့တဲ့ သုံးလခန့်က ကွယ်လွန်သွားခဲ့ပါသည်။ ဆရာကြီး ဦးအေးကိုကိုအေးမှာ
မောင်ကျေးဇူး၊ သမာသမတ်၊ အမနွန် စတဲ့ ကလောင်မျိုးစုံဖြင့် မောက္ခပညာရေး မဂ္ဂဇင်းတွင် ပင်တိုင်ရေးခဲ့သူ ဖြစ်သည်။ ဆရာကြီး မဆုံးခင် မေးမြန်းထားခဲ့တဲ့ အင်တာဗျူးကို ဖော်ပြလိုက်ရပါသည်။

Monday, 27 February 2012

ကျပ်၁၈၀'၀၀၀ိ/တန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် ချပေးမည်


ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့ ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး''

ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။

ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်း
များကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်သတင်းအဖွဲ့

ခံတွင်း နံ့ဆိုးခြင်းကို ကာကွယ်ပေးမည့် နည်း ၇ နည်း




ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်ပေးမည့် နည်း ၇ နည်းအပြုံးလှလှ ပြုံးနိုင်ဖို့ အတွက် သင့်တော်တဲ့ ခံတွင်း ထိန်းသိမ်းမှု နည်း လမ်း တွေ ကို စနစ်တကျလုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

(၁) အာဟာရကို သတိ ထား စားပါ

ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစာကို စားတာကြောင့် ခံတွင်းအနံ့ဆိုးထွက်စေနိုင် ပါတယ်။ ကော်ဖီ၊ အရက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့လို ခံတွင်းအနံ့ဆိုးထွက် စေတဲ့အစာတွေကို စားပြီး ချိန်မှာ တရုတ်နံနံကို ဝါးပေး လိုက်ပါ။

(၂)သကြားမပါသော ပီကေဝါးပါ

တံတွေးဟာ ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းခြောက်သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်တာ ကို ဖြစ်စေနိုင်ပါ တယ်။ တချို့ဆေးဝါးတွေ နဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ခံတွင်းခြောက်စေနိုင်ပါတယ်။ နံနက်ခင်းမှာ ခံတွင်း အနံ့ဆိုး ထွက်နေ တယ်လို့ ခံစားရရင် တံတွေးအထွက်နည်း လို့ပါ။ သကြားမပါတဲ့ ပီကေ ဝါးပေးတာက တံတွေးထွက်အောင် လှုံ့ဆော်ပေးပါတယ်။ သကြားပါတဲ့ ပီကေ မှာ Xylitol ပါဝင်တာ ကြောင့် သွားပိုးစားစေ တဲ့ ဘက်တီးရီးယား ကို လျော့ကျစေနိုင်ပါ တယ်။

(၃) လျှာကို သန့်စင်ပါ

တစ်နေ့ကို နှစ်ကြိမ် သွားတိုက်တာနဲ့ သွားကြားပွတ် ကြိုးထိုးပေးတာအပြင် လျှာခြစ်တံနဲ့ လျှာကိုပါ သန့်စင်ပေး ဖို့ လိုပါတယ်။ လျှာရဲ့ အနောက်ဘက်အပိုင်းမှာ အနံ့ဆိုး ထွက်တာက ခံတွင်းအနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ အ ကြောင်းကတော့ လျှာမှာ စာြးွကင်းစားကျန်နဲ့ ဘက်တီးရီး ယားပိုးတွေကို ဖမ်းယူထားနိုင်တဲ့ နန်းကြိုးမျှင်ပေါင်း သန်း နဲ့ချီပြီးရှိတာကြောင့် ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင် ပါတယ်။

(၄) ခံတွင်း စိုစွတ်နေပါစေ

ရေကို များများသောက်တာ က ခံတွင်းအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင် စေပါတယ်။ လေ့လာမှုအရ လက် ဖက်ရည်ကြမ်းထဲမှာ ပိုလီဖီနော ဓာတ်ပါဝင်တာကြောင့် ခံတွင်းထဲ ဘက်တီးရီးယားကြီးထွားမှုကို လျော့ကျစေတယ်လို့ သိရပါတယ်။

(၅) ခံတွင်းရနံ့ သင်းပျံ့ အောင် သစ်ကြံပိုးခေါက်သုံးပါ

သစ်ကြံပိုးခေါက်မှာ ခံတွင်းအနံ့ဆိုးတာကို ကင်းစေ တဲ့ဒြပ်ပေါင်းတွေ ပါဝင်တာ ကြောင့် သစ်ကြံပိုးခေါက်နဲ့ လုပ်ထားတဲ့ပီကေကို ဝါးပေး ပါ။ လေ့လာမှုအရ ဒီပီကေကို ဝါးပေးတဲ့သူတွေက ခံတွင်းထဲမှာ ဘက်တီးရီးယားအဆင့် ၅၀ ရာခိုင်နှုန်းကျော် လျော့ကျစေတယ်လို့ သိရပါတယ်။

(၆) ကျန်းမာရေးပြဿနာကို ဆန်းစစ်ကြည့်ပါ

ခံတွင်းထဲမှာ ရှိတဲ့ ပိုးမွှားတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောဂါနဲ့ သွားနဲ့တာ တွေကြောင့် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပျံ့နှံ့ပွားများနေနိုင်ပါ တယ်။ သင်က ခံတွင်းကျန်းမာရေးကောင်းနေပြီး ခံတွင်းအနံ့ဆိုးထွက် နေရင် အသက်ရှူလမ်းကြောင်းပိုးဝင်တာ၊ ဆီးချိုသွေးချိုရောဂါ၊ ရင်ပူ တာ၊ အသည်းရောဂါနဲ့ ကင်ဆာတို့လို နာမကျန်းမှုတွေ ရှိ၊မရှိ ဆန်း စစ်ရှာဖွေသင့်ပါတယ်။ ခံတွင်းနံ့မနံဖို့ အကောင်းဆုံးနည်းက ဆေးလိပ်၊ ကွမ်း စတာတွေကို ရှောင်ဖို့ဖြစ်ပါတယ်။

(၇)သင့်တော်သော ခံတွင်းဆေးရည်သုံးပါ

ဘက်တီးရီးယားဆန့်ကျင်တဲ့ ခံတွင်း သန့်ဆေးရည်ဟာ ခံတွင်းပိုးဝင်တဲ့ အခြေအ နေကို တွန်းလှန်ပေးနိုင်တာကြောင့် ခံတွင်း အနံ့နံတာကို လျော့ကျစေပါတယ်။ လေ့လာ မှုအရ ခံတွင်းသန့်ဆေးရည်မှာ Chlorhexidine ၊Cetylpyridinium Chloride ၊ Chlorine dioxide နဲ့ Zincတို့ ပါဝင်ရင် ခံတွင်းအနံ့ဆိုးထွက်တာကို လျော့ကျစေ တယ်လို့ သိရပါတယ်။

Good Health

Thursday, 9 February 2012

မတ်လ ၁၅ ရက်မှာ Facebook ကို ပိတ်တော့မည်ဟုကြော်ငြာ


Facebook ကိုလာမည့် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း Mark Zuckerberg က ကြေငြာလိုက်သည်။ အဆိုပါ site ကို စီမံခန့် ခွဲရခြင်းသည် အလွန်စိတ်ဖိစီးလာ၍ဖြစ်သည်။ " Facebook ကို ထိန်းချုပ် လို့ မရတော့
ဘူး " ဟု Mark Zuckerberg က ကယ်လီဖိုးနီးယား ပြည်နယ်၊ ပယ်လိုအယ်တို ၌ ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောကြားခဲ့သည်။

" ဒီကုမ္ပဏီ ကို စီမန်ခန့် ခွဲရတဲ့စိတ်ဖိစီးမှု့ကြောင့် ကျွန်တော့် ဘ၀လည်း ပျက်ပြီ၊ ဒီရူးသွပ်မှု အားလုံးကို ကျွန်တော် အဆုံးသတ်ဖို့ လိုပါတယ် " ဟု ၄င်း က ဆက်လက်ပြော ကြားခဲ့သည်။

" မတ်လ ၁၅ ရက်ကျရင် Website တစ်ခုလုံး ပိတ်ပါပြီ " ဟု Facebook မှ နည်းပညာရေးရာ ဒုတိယ ဥက္ကဌ Avrat Humarthiက ပြောကြားသည်။ " ဒီတော့ ခင်ဗျားတို့ ကိုယ့်ပုံကိုယ်ပြန်မြင်ချင်သေးရင် ဒီပုံတွေကို အင်တာနက် ကနေ ဖယ်လိုက်တော့၊ Facebook လုပ်ငန်း ရပ်ဆိုင်းသွားရင် အဲဒီပုံတွေ ပြန်မရနိုင်တော့ဘူး" ဟု Avrat Humarthi က ဆက်လက်ပြောကြားခဲ့သည်။

ဤ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရကြောင်း၊ သို့ သော် ပြည်သူများ မကျေမလည် ကသိအအောင့်
ဖြစ်လိမ့်မည်ဟု မထင်ပါကြောင်း Mark Zuckerberg က ပြောကြားခဲ့သည်။
ရိုးရိုးပြောရရင် ပိုကောင်းဖို့ ဖြစ်လာတာလို့ ထင်ပါတယ်။ Facebook မရှိတော့ရင် လူတွေ အပြင်ထွက်ကြမယ်။ တကယ့်လူသားမိတ်ဆွေသူငယ်ချင်းတွေရလာမယ်၊ ဒါဟာ ဘယ်တော့မဆိုကောင်းတာပဲလေ " ဟု Mark Zuckerberg က တယ်လီဖုန်းနှင့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ဒီထတ်လန့် တုန်လှုပ်ဖွယ် သတင်းကိုကြားတော့ Facebook သုံးစွဲသူ တစ်ချို့ ဟာ ဒေါသတကြီး
ပေါက်ကွဲကြတယ်၊ Facebook မှ မရှိရင် ကျွန်တော်ဘာလုပ်ရမလဲ လို့  အင်ဒီယာနာ မှ အထက်တန်း
ကျောင်းသား တစ်ဦးဖြစ်သူ ဒင်းနစ်ဘရက်ရှော က ပြောသည်။


http://weeklyworldnews.com/headlines/27321/facebook-will-end-on-mar...
Weekly world news ကိုဆီလျော်အောင်ပြန်ရေးထားခြင်းဖြစ်ပါသည်-။

Wednesday, 11 January 2012

ကလေးတွေ ဘယ်အရွယ်မှာ ငွေအကြောင်း ဘယ်လောက် သိထားသင့်လဲ

သမ္မတအိုဘားမားရဲ့ ညွန်ကြားချက်အရ သူရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ထိပ်တန်းအကြံပေးအဖွဲ့က ကလေးတွေ ဘယ်အသက်အရွယ်မှာ ငွေနဲ့ပတ်သက်ပြီး ဘယ်လောာက် သိထားသင့်တယ်၊ ဘယ်အရွယ်မှာ ငွေကို ဘယ်လို စသုံးသင့်တယ် ဆိုတာကို ၁၈ လကြာ သုတေသန လုပ်ခဲ့ကြပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ ငွေကြောင့် မကောင်းတဲ့ အကျင့်စရိုက်ဆိုးတွေ မဖြစ်အောင် ငယ်စဉ်ကတည်းက တားမြစ်ဖို့၊ ကမ္ဘာ့ငွေကြေးနှုန်းတွေနဲ့ လည်ပတ်ပုံကို တစ်ဦးချင်း သိရှိစေဖို့၊ နေ့စဉ် သွားတိုက်ရသလိုမျိုး နေ့စဉ် ငွေစုဆောင်းတတ်အောင် ကလေးတွေကို သင်ကြားပေးဖို့ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး နာလည်ထဖို့နဲ့ ဗုန်းပေါလအော သုံးတတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အကျင့်ကို ဖျောက်ဖို့ သမ္မတက ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

အမေရိကန် ကလေးများ ငွေကြေး နားလည်ရေး သုတေသနလုပ်ငန်းအဖွဲ့မှာ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ဥက္ကဌ Alan Krueger နဲ့ အမျိုးသားစီးပွားရေး ကောင်စီ ဒါရိုက်တာ Gene Sperling တို့ ဦးဆောင် ပါဝင်ပါတယ်။ ၁၈ လတာ သုတေသနရလဒ်ကို အတည်ပြုပြီးရင် အိမ်ဖြူတော်က ကျောင်းတွေ၊ ပညာရေးသမားတွေကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။
သုတေသနရလဒ် အချို့ကို အောက်မှာ ဖော်ပြထားပါတယ်။



အသက် ၃ နှစ် မှ ၅ နှစ်
အဲဒီအရွယ်မှာ ကလေးဟာ ငွေနဲ့ ပစ္စည်းကို ၀ယ်လို့ရတယ်ဆိုတာ နားလည်သင့်ပါတယ်။ ငွေကို အလုပ်လုပ်ပြီး ရှာနိုင်ကြောင်း သိသင့်ပါတယ်။ လိုချင်တာကို (want) မ၀ယ်ယူနိုင်ခင် စောင့်ဆိုင်းတတ်တဲ့ အလေ့အကျင့် သင်ပေးရပါမယ်။ ဆိုလိုတာက လိုအပ်တာ (need) နဲ့ လိုချင်တာ (want) ကို အဲဒီအရွယ်ကတည်းက ခွဲခွဲခြား နားလည်အောင် လုပ်ပေးထားသင့်တယ်။ မတော်လောဘမဖြစ်အောင်၊ မဖြုန်းတီးအောင် သိစေဖို့ ဖြစ်ပါတယ်။

အသက် ၆ နှစ်မှ ၁၀ နှစ်
အဲဒီအသက်အရွယ်မှာ ကလေးဟာ ငွေ ဘယ်လို သုံးရမလဲ (ဘယ်လို ရွေးချယ် ၀ယ်ယူရမလဲ) ဆိုတာ နားလည်သင့်ပါတယ်။ ဈေးဝယ်ထွက်ပုံကိုလည်း သင်ပြသင့်တယ်၊ ဒါပေမဲ့ အွန်လိုင်းကနေ ၀ယ်ယူနိုင်တဲ့ အင်ဖော်မေးရှင်းတွေ များပြားခြင်း၊ ကြော်ငြာတွေများပြားခြင်းက ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ငွေကို ဘဏ်အကောင့်ဖွင့်ပြီး သိမ်းထားနိုင်တယ်၊ အတိုးရနိုင်တယ်ဆိုတာလည်း သိစေအပ်ပါတယ်။

အသက် ၁၁ နှစ်မှ ၁၃ နှစ်
ကလေးဟာ ရတဲ့ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို စုဆောင်းသင့်တယ်ဆိုတာ နားလည်သင့်ပါတယ်။ အွန်လိုင်းကနေ ခရက်ဒစ်ကဒ် သုံးခြင်းဟာ ကိုယ့်ရဲ့ password အခိုးခံရပြီး၊ အန္တရာယ်ရှိနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ ငယ်စဉ်ကတည်းက စုဆောင်းခြင်းဟာ ရေရှည် ပိုမိုစုဆောင်းနိုင်မှုကို ဖြစ်စေပါတယ်။ ခရက်ဒစ်ကဒ် ဆိုတာ အကြွေးဝယ်ယူနိုင်တဲ့ ကဒ်ဖြစ်တာမို့၊ လစဉ် ငွေမဖြည့်နိုင်တာထက် ပိုသုံးနေရင် အကြွေးတွေ အများကြီး တိုးပွားလာနိုင်ပါတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

အသက် ၁၄ နှစ်မှ ၁၈ နှစ်
ဆယ်ကျော်သက်တွေအတွက် ကောလိပ်စရိတ်က အရမ်းဈေးကြီးတယ်ဆိုတာ နားလည်ထားရမယ်။ ဒါကြောင့် ကျောင်းကို သတိထား ရွေးချယ်ဖို့ လိုပါတယ်။ ကိုယ့် မျှော်လင့်ထားတဲ့ အလုပ်အကိုင်အတွက် အကျိုးဖြစ်မယ့် ကျောင်းစရိတ်ချေးငှားမှုကိုသာ လုပ်သင့်ပါတယ်။ ငွေစက္ကူနဲ့ ကိုယ်မပေးချေနိုင်တဲ့ဟာမျိုးကို ခရစ်ဒစ်ကဒ်ကို အသုံးပြု ၀ယ်ယူတာမျိုး ရှောင်ရှားသင့်တယ်။ မိမိကိုယ်ပိုင်ဝင်ငွေ ရှိပြီဆိုတာနဲ့ အခွန်ပေးဆောင်ရလိမ့်မယ်။ ကိုယ်ပိုင် ဘတ်ဂျက်ကို စနစ်တကျ သုံးတတ်သင့်တယ်။ စုဆောင်းဖို့နဲ့ ရင်းနှီးမြှုပ်ဖို့ အကောင်းဆုံးနေရာက Roth IRA ဖြစ်တယ်။

အသက် ၁၈ နှစ်နှင့် အထက်
အရွယ်ရောက်သူတိုင်းဟာ လစဉ် ၀င်ငွေရပြီဆိုတာနဲ့ ခရက်ဒစ်ကဒ် ကိုသာ သုံးသင့်ပါတယ်။ ငွေစက္ကူကို ကိုင်မနေသင့်တော့ပါ။ ကျန်းမာရေးနဲ့ အသက်အာမခံလုပ်မထားရင် နောက်ကျောမအေးလို့ ဘယ်တော့မှ စိတ်ချမ်းသာမည် မဟုတ်ပါ။ ကိုယ့်ရဲ့ အပိုငွေကို ဘယ်မှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာ စဉ်းစားသင့်ပါတယ်။

အထက်ပါ အချက်တွေက လူတစ်ဦးချင်းအတွက် ငွေကြေးနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့ အချက်တွေ ဖြစ်သလို၊ ကိုယ်ပိုင် ဘတ်ဂျက်ထိန်းသိမ်းမှုမှာလည်း အားနည်းမှုအများဆုံးရှိနေတဲ့ ပြဿနာများ ဖြစ်တယ်လို့ သမ္မတရဲ့ ငွေကြေးအကြံပေးအဖွဲ့က ပြောဆိုပါတယ်။

ဝင့်ထန်း
Source: NY Times

Wednesday, 4 January 2012

ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်

ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံတော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။ ”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လမှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ၄င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင် အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ အဆိုပါ ဖုန်းများအား နိုင်ငံ တော် အစိုးရမှ ၄ဝ ရာခိုင်နှုန်း၊ ရွှေပြည်တံခွန် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း နှင့် သုံးစွဲသူများမှ ဝင်ရောက် ရှယ် ယာဝင်မည်ဆိုပါက ၃ဝ ရာခိုင်နှုန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ဖုန်း လိုင်း သန်း ၃ဝ အတွက် ဒေါ်လာ သန်း ၇၇ဝ ကုန်ကျမည်ဖြစ်ပြီး ရှယ် ယာဝင်မည်ဆိုပါက ပထမနှစ် ဖုန်းလိုင်း ၁သန်းအတွက် ငွေကျပ် အနည်းဆုံး ၂ သိန်းခန့် သတ်မှတ်သွားမည် ဖြစ်ပြီး ရှယ်ယာဝင်ခွင့်များအား စီမံကိန်းစတင်ပြီး ၃ လနှင့် ၆ လအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများအတွက် ကြို တင်ငွေဖြည့်ကတ်များမှာ ကျပ် ငါးထောင်တန်ကတ်၊ ကျပ်တစ်သောင်းကတ်နှင့် ကျပ်ငါးသောင်း ကတ်များ ဟူ၍ သုံးမျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပေါ်ပြူလာသတင်းဂျာနယ်

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 