သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Wednesday 29 August 2012

မိုးကုတ်ဆရာတော်ရဲ့ဝိပသာနာရှု.နည်း


ဝိပဿနာ ရှုပုံရှုနည်း
ဒကာ, ဒကာမတွေ သိကြားမင်းအကြောင်း မဟောခင် ၀ိပဿနာရှုနည်းကို ရှေးဦးစွာ ပြောမယ် - (မှန်လှပါဘုရား)၊ ၀ိပဿနာရှုနည်းက ရှင်သာရိပုတ္တရာက ဟောထားတယ်။

ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊
ကာယေသဘာဝံ၊ ၀ိဒိတွာန၊ ဒုက္ခဿအန္တံ ကရိဿတိ။

ဤကဲ့သို့ ဟောထားတော့ ဒကာ, ဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ မိန်းမဖြင့် ဒူးတုပ်, ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင်သလိုထိုင်၊... အိပ်ချင်သလိုအိပ် ကိစ္စမရှိပါဘူးတဲ့။

Wednesday 22 August 2012

၂၀၃၀ မှာ မြန်မာတွေ သူဌေးဖြစ်မည်

မြန်မာပြည်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက နှစ်စဉ် စီးပွားတိုးတက်နှုန်း ၈ ရာခိုင်နှုန်းထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ နှစ်သန်းငါးသိန်းရှစ်သောင်း) အထိ ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank (ADB) က ထုတ်ပြန်လိုက်သည်။

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 