သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Sunday 27 May 2012

ကာလာမသုတ္တန်လာ ပညာသင်ကြားရေးကို ငေးကြည့်ခြင်း

နိုင်ငံတခုရဲ့ နှလုံးပမာအရေးကြီးတဲ့အရာကတော့ ပညာရေးစနစ် ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ နိုင်ငံ့အရေးကိစ္စတခုကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များ အနေနဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ပညာရေး စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ဆော်အော်လာကြတယ်။ အနှေးနဲ့အမြန်ဆိုသလို ပညာရေး စနစ်တခုလုံး ပြောင်းလဲဖို့ ဖြစ်လာမှာပါ။

Thursday 17 May 2012

ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှုသင်တန်း တတိယအကြိမ် သင်တန်းဆင်းပွဲကျင်းပ


စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဗုဒ္ဓဘာသာပညာရေးစင်တာတွင် တတိယ အကြိမ်အဖြစ် ဖွင့်လှစ်သင်ကြားသော ဗုဒ္ဓနည်းကျ စီမံခန့်ခွဲမှု သင်တန်းဆင်းပွဲ အား ယခုလ ၅ ရက်နေ့ ကဆုန်လပြည့်နေ့ တွင်ကျင်းပခဲ့ကြောင်းသိရသည်။

"သင်တန်းဆင်းပွဲမှာ သင်တန်းသား ၅၂ ဦးကို နိုင်ငံတကာ အသိမှတ်ပြု သင်တန်းဆင်း လက်မှတ်တွေပေးပါတယ်။ သင်တန်းမှာ အဖွဲ့လိုက် ဘာသာရပ် အလိုက်ပြိုင်ပွဲတွေ လုပ်ပေးတယ်။ဗုဒ္ဓနည်းကျ စီမံချက်ရေးဆွဲမှုပြိုင်ပွဲမှာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့မှ ပထမဆု၊ Buddhist High School Project မှ ဒုတိယဆုနဲ့ Sunday School Project မှ တတိယဆုတွေရ ရှိသွားခဲ့ပါတယ်။ ဗုဒ္ဓနည်းကျစီမံခန့်ခွဲ မှုသင်တန်းကို နောက်နှစ်တွေမှလည်း ဆက်လက် ဖွင့်ပေးသွားမှာဖြစ်ပါတယ်"ဟု ဗုဒ္ဓဘာသာပညာရေး စင်တာကျောင်း မှ ပဓာနနာယကဆရာတော် အရှင် သောဘိတက မြန်မာတိုင်း(မ်)ကို မိန့် ကြားသည်။

Saturday 5 May 2012

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့မဟုတ်) သဗ္ဗညုတရဲ့ နှစ် ၂၆၀၀ ပြည့်နေ့ 


ဒီနှစ် သာသနာတော် ၂၅၅၅ ကုန်ဆုံးလို့ ၂၅၅၆ အကူး ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် သဗ္ဗညုတ ဉာဏ်တော် ရခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့်နှစ် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။

ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရား  စင် စစ်  ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 