သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Monday 27 February 2012

ကျပ်၁၈၀'၀၀၀ိ/တန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် ချပေးမည်


ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့ ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး''

ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။

ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။

ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်း
များကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်သတင်းအဖွဲ့

ခံတွင်း နံ့ဆိုးခြင်းကို ကာကွယ်ပေးမည့် နည်း ၇ နည်း




ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်ပေးမည့် နည်း ၇ နည်းအပြုံးလှလှ ပြုံးနိုင်ဖို့ အတွက် သင့်တော်တဲ့ ခံတွင်း ထိန်းသိမ်းမှု နည်း လမ်း တွေ ကို စနစ်တကျလုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

(၁) အာဟာရကို သတိ ထား စားပါ

ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစာကို စားတာကြောင့် ခံတွင်းအနံ့ဆိုးထွက်စေနိုင် ပါတယ်။ ကော်ဖီ၊ အရက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့လို ခံတွင်းအနံ့ဆိုးထွက် စေတဲ့အစာတွေကို စားပြီး ချိန်မှာ တရုတ်နံနံကို ဝါးပေး လိုက်ပါ။

(၂)သကြားမပါသော ပီကေဝါးပါ

တံတွေးဟာ ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းခြောက်သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်တာ ကို ဖြစ်စေနိုင်ပါ တယ်။ တချို့ဆေးဝါးတွေ နဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ခံတွင်းခြောက်စေနိုင်ပါတယ်။ နံနက်ခင်းမှာ ခံတွင်း အနံ့ဆိုး ထွက်နေ တယ်လို့ ခံစားရရင် တံတွေးအထွက်နည်း လို့ပါ။ သကြားမပါတဲ့ ပီကေ ဝါးပေးတာက တံတွေးထွက်အောင် လှုံ့ဆော်ပေးပါတယ်။ သကြားပါတဲ့ ပီကေ မှာ Xylitol ပါဝင်တာ ကြောင့် သွားပိုးစားစေ တဲ့ ဘက်တီးရီးယား ကို လျော့ကျစေနိုင်ပါ တယ်။

(၃) လျှာကို သန့်စင်ပါ

တစ်နေ့ကို နှစ်ကြိမ် သွားတိုက်တာနဲ့ သွားကြားပွတ် ကြိုးထိုးပေးတာအပြင် လျှာခြစ်တံနဲ့ လျှာကိုပါ သန့်စင်ပေး ဖို့ လိုပါတယ်။ လျှာရဲ့ အနောက်ဘက်အပိုင်းမှာ အနံ့ဆိုး ထွက်တာက ခံတွင်းအနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ အ ကြောင်းကတော့ လျှာမှာ စာြးွကင်းစားကျန်နဲ့ ဘက်တီးရီး ယားပိုးတွေကို ဖမ်းယူထားနိုင်တဲ့ နန်းကြိုးမျှင်ပေါင်း သန်း နဲ့ချီပြီးရှိတာကြောင့် ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင် ပါတယ်။

(၄) ခံတွင်း စိုစွတ်နေပါစေ

ရေကို များများသောက်တာ က ခံတွင်းအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင် စေပါတယ်။ လေ့လာမှုအရ လက် ဖက်ရည်ကြမ်းထဲမှာ ပိုလီဖီနော ဓာတ်ပါဝင်တာကြောင့် ခံတွင်းထဲ ဘက်တီးရီးယားကြီးထွားမှုကို လျော့ကျစေတယ်လို့ သိရပါတယ်။

(၅) ခံတွင်းရနံ့ သင်းပျံ့ အောင် သစ်ကြံပိုးခေါက်သုံးပါ

သစ်ကြံပိုးခေါက်မှာ ခံတွင်းအနံ့ဆိုးတာကို ကင်းစေ တဲ့ဒြပ်ပေါင်းတွေ ပါဝင်တာ ကြောင့် သစ်ကြံပိုးခေါက်နဲ့ လုပ်ထားတဲ့ပီကေကို ဝါးပေး ပါ။ လေ့လာမှုအရ ဒီပီကေကို ဝါးပေးတဲ့သူတွေက ခံတွင်းထဲမှာ ဘက်တီးရီးယားအဆင့် ၅၀ ရာခိုင်နှုန်းကျော် လျော့ကျစေတယ်လို့ သိရပါတယ်။

(၆) ကျန်းမာရေးပြဿနာကို ဆန်းစစ်ကြည့်ပါ

ခံတွင်းထဲမှာ ရှိတဲ့ ပိုးမွှားတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောဂါနဲ့ သွားနဲ့တာ တွေကြောင့် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပျံ့နှံ့ပွားများနေနိုင်ပါ တယ်။ သင်က ခံတွင်းကျန်းမာရေးကောင်းနေပြီး ခံတွင်းအနံ့ဆိုးထွက် နေရင် အသက်ရှူလမ်းကြောင်းပိုးဝင်တာ၊ ဆီးချိုသွေးချိုရောဂါ၊ ရင်ပူ တာ၊ အသည်းရောဂါနဲ့ ကင်ဆာတို့လို နာမကျန်းမှုတွေ ရှိ၊မရှိ ဆန်း စစ်ရှာဖွေသင့်ပါတယ်။ ခံတွင်းနံ့မနံဖို့ အကောင်းဆုံးနည်းက ဆေးလိပ်၊ ကွမ်း စတာတွေကို ရှောင်ဖို့ဖြစ်ပါတယ်။

(၇)သင့်တော်သော ခံတွင်းဆေးရည်သုံးပါ

ဘက်တီးရီးယားဆန့်ကျင်တဲ့ ခံတွင်း သန့်ဆေးရည်ဟာ ခံတွင်းပိုးဝင်တဲ့ အခြေအ နေကို တွန်းလှန်ပေးနိုင်တာကြောင့် ခံတွင်း အနံ့နံတာကို လျော့ကျစေပါတယ်။ လေ့လာ မှုအရ ခံတွင်းသန့်ဆေးရည်မှာ Chlorhexidine ၊Cetylpyridinium Chloride ၊ Chlorine dioxide နဲ့ Zincတို့ ပါဝင်ရင် ခံတွင်းအနံ့ဆိုးထွက်တာကို လျော့ကျစေ တယ်လို့ သိရပါတယ်။

Good Health

Thursday 9 February 2012

မတ်လ ၁၅ ရက်မှာ Facebook ကို ပိတ်တော့မည်ဟုကြော်ငြာ


Facebook ကိုလာမည့် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း Mark Zuckerberg က ကြေငြာလိုက်သည်။ အဆိုပါ site ကို စီမံခန့် ခွဲရခြင်းသည် အလွန်စိတ်ဖိစီးလာ၍ဖြစ်သည်။ " Facebook ကို ထိန်းချုပ် လို့ မရတော့
ဘူး " ဟု Mark Zuckerberg က ကယ်လီဖိုးနီးယား ပြည်နယ်၊ ပယ်လိုအယ်တို ၌ ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောကြားခဲ့သည်။

" ဒီကုမ္ပဏီ ကို စီမန်ခန့် ခွဲရတဲ့စိတ်ဖိစီးမှု့ကြောင့် ကျွန်တော့် ဘ၀လည်း ပျက်ပြီ၊ ဒီရူးသွပ်မှု အားလုံးကို ကျွန်တော် အဆုံးသတ်ဖို့ လိုပါတယ် " ဟု ၄င်း က ဆက်လက်ပြော ကြားခဲ့သည်။

" မတ်လ ၁၅ ရက်ကျရင် Website တစ်ခုလုံး ပိတ်ပါပြီ " ဟု Facebook မှ နည်းပညာရေးရာ ဒုတိယ ဥက္ကဌ Avrat Humarthiက ပြောကြားသည်။ " ဒီတော့ ခင်ဗျားတို့ ကိုယ့်ပုံကိုယ်ပြန်မြင်ချင်သေးရင် ဒီပုံတွေကို အင်တာနက် ကနေ ဖယ်လိုက်တော့၊ Facebook လုပ်ငန်း ရပ်ဆိုင်းသွားရင် အဲဒီပုံတွေ ပြန်မရနိုင်တော့ဘူး" ဟု Avrat Humarthi က ဆက်လက်ပြောကြားခဲ့သည်။

ဤ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရကြောင်း၊ သို့ သော် ပြည်သူများ မကျေမလည် ကသိအအောင့်
ဖြစ်လိမ့်မည်ဟု မထင်ပါကြောင်း Mark Zuckerberg က ပြောကြားခဲ့သည်။
ရိုးရိုးပြောရရင် ပိုကောင်းဖို့ ဖြစ်လာတာလို့ ထင်ပါတယ်။ Facebook မရှိတော့ရင် လူတွေ အပြင်ထွက်ကြမယ်။ တကယ့်လူသားမိတ်ဆွေသူငယ်ချင်းတွေရလာမယ်၊ ဒါဟာ ဘယ်တော့မဆိုကောင်းတာပဲလေ " ဟု Mark Zuckerberg က တယ်လီဖုန်းနှင့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ဒီထတ်လန့် တုန်လှုပ်ဖွယ် သတင်းကိုကြားတော့ Facebook သုံးစွဲသူ တစ်ချို့ ဟာ ဒေါသတကြီး
ပေါက်ကွဲကြတယ်၊ Facebook မှ မရှိရင် ကျွန်တော်ဘာလုပ်ရမလဲ လို့  အင်ဒီယာနာ မှ အထက်တန်း
ကျောင်းသား တစ်ဦးဖြစ်သူ ဒင်းနစ်ဘရက်ရှော က ပြောသည်။


http://weeklyworldnews.com/headlines/27321/facebook-will-end-on-mar...
Weekly world news ကိုဆီလျော်အောင်ပြန်ရေးထားခြင်းဖြစ်ပါသည်-။

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 