သူတော်စင်တို့ ..မင်္ဂလာပါ..မြတ်စေတနာမှ လှိုက်လှဲစွာကြိုဆိုပါတယ်။

Friday 30 September 2011

အများဆုံး ကြုံတွေ့ရတဲ့ လူသတ်သမား အဆုတ်ကင်ဆာ

ဒီနေ့ ဆွေးနွေးမည့် ခေါင်းစဉ်က ဘာပါလဲ ကမ္ဘာမှာရော မြန်မာ နိုင်ငံမှာ ပါ အများဆုံး ကြုံတွေ့ရတဲ့ လူသတ် သမား အဆုတ် ကင်ဆာ ရောဂါ အကြောင်း ပဲ ဖြစ်ပါတယ်။

အဆုတ်ကင်ဆာ ရောဂါဆိုတာ ဘာပါလဲ

အဆုတ်ကင်ဆာ အကြောင်းကို မဆွေးနွေးမီ အဆုတ်ရဲ့ခန္ဓာဗေဒ တည်ဆောက်ပုံနှင့် ဇီဝကမ္မဗေဒ လုပ်ငန်းတွေကို အနည်းဆုံး အတိုချုံး ဆွေးနွေးတင်ပြပါမယ်။ အဆုတ် ကင်ဆာ ဖြစ်လာတဲ့ အခါ ရောဂါလက္ခ ဏာတွေ ဘယ်လိုဖြစ်ပေါ်လာတယ် ဆိုတာ ပိုသ ဘောပေါက် နားလည်စေ ချင်လို့ပါ။

အဆုတ်ရဲ့ ခန္ဓာဗေဒတည်ဆောက် ပုံနဲ့ ဇီဝကမ္မ လုပ်ငန်း တွေကို သိပါရစေ

အဆုတ်ဟာ ဘယ်ညာအနေနဲ့ နှလုံးရဲ့ တစ်ဖက်တစ်ချက် ရင်ခေါင်း အတွင်းမှာရှိပါတယ်။ ရင်ခေါင်းဆိုတာ ကလည်း လည်ပင်းနဲ့ ဝမ်းဗိုက်ကြား ထဲက ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပြီး နောက်ဘက်မှာ ကျောရိုး၊ ဘေးမှာနံရိုး နဲ့ ရှေ့ပိုင်းမှာ ရင်ညွန့်ရိုး (Sternum) တွေနဲ့ ကန့်သတ်သတ်မှတ် ထားပြီး ၎င်းတို့ကြားနဲ့ အပေါ်တွေ မှာရှိတဲ့ြွကက်သား၊ အဆီပြင် အရေပြားတွေနဲ့ ဖုံးလွှမ်းထားပါတယ်။

ဝမ်းဗိုက်နဲ့ ရင်ခေါင်းပိုင်းကိုတော့ Sternum) ဆိုတဲ့ ကြွက်သားနဲ့ အရွတ်ပြားစပ်နေတဲ့ ကြွက်သား ပြားကြီးက ခြားနားထားပါတယ်။ အသက်ရှူတဲ့အခါမှာ ဒြွီကက်သား ပြားကြီးက အောက်ဘက်ကို ဆင်း သွားပြီး နံရိုးတွေက ဘေးကို ကားထွက်ကာ ရှေ့ပိုင်းက အပေါ်ကို တက်လာ လို့ရင်ခေါင်း အတွင်းပိုင်းဟာ ကျယ်လာပြီး ရှူသွင်းလိုက်တဲ့ လေ တွေကို စုပ်ယူကာ အဆုတ်ထဲကို လေတွေ အသက်ရြှွူပန်က တစ်ဆင့် ဝင်လာပါတယ်။

အဆုတ်ရဲ့ လေအိတ် Alveoli ရဲ့ အတွင်းအမြှေးပါးကို ဖြတ်ပြီး သွေးထဲဝင်လာတဲ့ ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်နဲ့ ရှူသွင်း လိုက်တဲ့လေထဲက အောက်ဆီဂျင် ဓာတ်တွေ လဲလှယ်မှုဖြစ်ကြ ပါတယ်။ ဒါကြောင့် ရှူသွင်းတဲ့လေထဲမှာ အောက်ဆီဂျင်ဓာတ်များပြီး ရှူ ထုတ်လိုက်တဲ့လေမှာတော့ ကာဗွန် ဒိုင်အောက်ဆိုက်တွေပါတယ်။ အသက်မရှူနိုင်တဲ့အခါတွေ၊ အဆုတ် ထဲကို သွေးမသွား လာနိုင်တဲ့ အခါတွေ၊ အဆုတ်လေအိတ်တွေ ရောင်ခဲပြီး အမြှေးပါးတွေ ပျက်စီးတဲ့အခါတွေမှာ ဒီလိုဓာတ်တွေ လဲလှယ်ရွှေ့ပြောင်းမှု မလုပ်နိုင်လို့ လူဟာ အသက်ရှူမဝ မရဘဲ ပြာနှမ်းလာ တတ်ပါတယ်။

နှာခေါင်း၊ ပါးစပ်ကနေ ရှူ သွင်းလိုက်တဲ့ လေဟာ အာခံတွင်းကို ဖြတ်ပြီး အသက်ရြှွူပန် အကြီး (Trachea) ကနေတစ်ဆင့် ဘယ်ညာ အသက်ရြှွူပန် အဆင့်ဆင့်ကနေ နောက်ဆုံးလေအိတ် Alveoli လေး တွေ အထိ ရောက်သွားပါတယ်။ ညာဘက်အဆုတ်မှာတော့ အပေါ်ပိုင်း အလယ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး Lobes ၃ ခုခွဲထားကာ ဘယ်ဘက် အဆုတ်မှာတော့ အထက်ပိုင်းနဲ့ အောက်ပိုင်း ဆိုပြီး အဓိက ၂ပိုင်းခွဲခြား ထားပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့ နေရာပေါ်မူတည်ပြီး ရောဂါလက္ခဏာ တွေ ကွာခြားတတ်လို့ ကြိုတင် သိထားစေခြင်းပဲ ဖြစ်ပါတယ်။

အဆုတ် ၂ ခုကြားက အမြှေးပါးဖုံးအုပ်ထားတဲ့ (Pericardium) အိတ်ထဲမှာ နှလုံးရှိ နေပြီး နှလုံးနောက်ဘက် ရင်ခေါင်း အတွင်းမှာ အစာမျြွိုပန် Oesophagus နဲ့ အသက်ရြှွူပန်၊ သွေးကြော မကြီးများနဲ့ အာရုံကြောတွေလည်း ရှိနေကြပါတယ်။ အဆုတ်ကိုတော့ အမြှေးပါးအိတ် Pleural Cavity က ဖုံးလွှမ်းထားပါတယ်။ ဒီလိုရင်ခေါင်း အတွင်းမှာ အဆုတ်အပြင် အခြား ခန္ဓာအစိတ်အပိုင်း တွေရှိနေတယ်ဆို တာတင်ပြရတာကတော့ ဓာတ်မှန် ရိုက်တဲ့အခါ ရင်ခေါင်းအတွင်းမှာ အကြိတ်အဖုတွေ တွေ့ပါက အခြား ခန္ဓာအစိတ်အပိုင်းတွေကလည်း ဖြစ် နိုင်တယ် ဆိုတာ သိထားစေချင်လို့ ဖြစ်ပါတယ်။

အဲဒီတော့ အဆုတ်ကင်ဆာ ဆိုတာ ဘာလဲလို့ မေးပါရစေ

အတိုဆုံးရှင်းပြရရင်တော့ အဆုတ်ကစတင်ဖြစ်နေတဲ့ ကင်ဆာကို အဓိက ဆိုလိုတာဖြစ်ပါတယ်။ ကင်ဆာဆိုတာကတော့ ခန္ဓာကိုယ် မှာ ဆဲလ်တွေဟာ ဖြစ်-တည်-ပျက် ဆိုတဲ့ သဘာဝသဘောတရားအတိုင်း ပုံမှန်အားဖြင့် ဖြစ်ပေါ်လာပြီး ခေတ္တ တည်ကာ ပျက်စီးသွားကြပါတယ်။ ဒီလိုပျက်စီးသွားတဲ့ဆဲလ်တွေ နေရာ မှာ ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာပြီး အစားထိုးကြလို့ အသက်ရှင်နေသမျှ ခန္ဓာကိုယ်ကြီး တည်မြဲနေတာ ဖြစ်ပါ တယ်။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် တချို့ဆဲလ်တွေဟာ ပုံမှန်မဟုတ်တော့လို့ ပျက်ချိန်တန် မပျက်စီးဘဲ အထိန်း အကွပ်အတား အဆီးမရှိ ပွားများ ကြီးထွားလာကာ အနီးအနားက ခန္ဓာအစိတ်အပိုင်း တွေထဲထိုးဝင်အမြစ်တွယ်ကာ ထပ်မံ ပွားများသလို အဆီရည်ြွပန် Lymphatic တွေ သွေးကြော တွေထဲကိုပါ တိုးဝင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာ ပျံ့နှံ့အမြစ်တွယ်ကြီးထွားကာ ဒုက္ခ ပေးတတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့ အခြေအနေကိုတော့ ကင်ဆာရောဂါ လို့ခေါ်ပါတယ်။ အဆုတ်မှာ ဒီလို အခြေအနေ တွေ ဖြစ်နေတာကို အဆုတ်ကင်ဆာ ဖြစ်တယ်လို့ ဆိုပါ တယ်။ တကယ်တော့ အဆုတ်ရဲ့ လြွေပန်တွေမှာ အဖြစ်များတာမို့ အဆုတ်ကင်ဆာကို Bronchogenic Cancer လို့လည်း အသိများကြပါ တယ်။ အဆုတ်ကို ဖုံးအုပ်ထားတဲ့ အမြှေးပါးက ဖြစ်လာတဲ့ ကင်ဆာ အမျိုးအစားကိုတော့ Mesothelioma Cancer လို့ ခေါ်ပါတယ်။ Mesothelioma

အဆုတ် ကင်ဆာဆိုတာက အဆုတ်က စတင်ဖြစ်နေတဲ့ ကင်ဆာကို အဓိက ဆိုလိုတာ ဆိုတော့ အဆုတ်က စတင်မဖြစ်တဲ့ အဆုတ်ကင်ဆာ ဆိုတာ များ ရှိပါသေးသလား

ရှိပါတယ်။ တကယ်တော့ ဒီ အဆုတ်က စတင်တာ မဟုတ်ဘဲ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ကင်ဆာရောဂါဖြစ်ပြီး ရောဂါရင့်လာ လို့ ကင်ဆာဆဲလ်တွေ သွေးကြော တွေက တစ်ဆင့် အဆုတ်မှာ လာရောက် အနည်တင်ကာ ပွားများကြီး ထွားဒုက္ခ ပေးတဲ့ ကင်ဆာတွေက ပိုလို့တောင် အဖြစ်များပါသေးတယ်။ ဒီလိုကင်ဆာ မျိုးကိုတော့ Secondary သို့မဟုတ် Metastatic Lung Cancer လို့ ခေါ်ပါတယ်။ ရင်သားကင်ဆာတွေ၊ ဆီးကျိတ်ကင်ဆာတွေ၊ အရိုးကင်ဆာ တွေ၊ သိုင်းရွိုက်ကင်ဆာတွေကနေ အဆုတ်မှာ ပျံ့နှံ့အမြစ်တွယ် ပွားများ တာတွေ အဖြစ်များ ကြပါတယ်။

အဆုတ်ကင်ဆာဟာ အဖြစ်များတဲ့ ကင်ဆာပါလား

တကယ်တော့ ဒီကင်ဆာဟာ ကမ္ဘာပေါ်မှာ အမျိုးသားကော အမျိုး သမီးတွေမှာပါ အများဆုံးကြုံတွေ့ရတဲ့ လူသတ်သမား ကင်ဆာ ရောဂါဖြစ်ပါ တယ်။ အမေရိကန် ကင်ဆာရောဂါ အဖွဲ့ကြီးက ခန့်မှန်းချက်အရတော့ ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန် လူမျိုး ၂၃၀ဝ၀ဝ ခန့်ဟာ အဆုတ်ကင်ဆာ ဖြစ်ပွားခံစားနေရပြီးထိုအထဲမှ၁၆၀ဝ၀ဝ ခန့်ဟာ သေဆုံးနိုင်ပါတယ်တဲ့။ ဘဝ သက်တမ်း တစ်လျှောက်မှာတော့ လူ ၁၄ ယောက်မှာ တစ်ယောက်ဟာ အဆုတ် ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။ အဆုတ်ကင်ဆာဟာ အသက် ကြီးသူတွေမှာ အဖြစ်များပြီး ၇၀ရာခိုင် နှုန်းခန့်ဟာ အသက် ၆၅ နှစ်ကျော် မှာ ဖြစ်လေ့ရှိပါတယ်။ ၁၉၃၀ ပြည့်နှစ် မတိုင်မီက ဆေးလိပ်သောက်ဆုံးမှု မြင့်မား လာတဲ့ အခါမှာတော့ သိသိ သာသာ အဖြစ်နှုန်းများလာပါတယ်။ ဒါပေမယ့် ယခုတော့ ဆေးလိပ် သောက်မှုရဲ့ အန္တရာယ်တွေကို ပညာ ပေးတာကြောင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတချို့မှာ အဆုတ်ကင်ဆာအဖြစ် နှုန်း ကျဆင်းစပြုနေပြီ မှန်သော် လည်း ယခုထက်တိုင် အဆုတ် ကင်ဆာကတော့ ကမ္ဘာပေါ်မှာ နံပါတ် (၁) လူသတ်သမား ကင်ဆာရောဂါ နေရာမှာရှိနေတုန်းပါပဲ။

အဆုတ်ကင်ဆာကို ဘာတွေက ဖြစ်စေပါသလဲ

ဆေးလိပ်သောက်မှုကတော့ အဆုတ်ကင်ဆာနဲ့ အထူးပဲ ဆက် နွယ်နေပြီး အဆုတ်ကင်ဆာ ၉၀ရာခိုင် နှုန်းခန့်ဟာ ဆေးလိပ်သောက်သုံးခြင်း ကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဆေးလိပ် သောက်သုံးမှုပမာဏနဲ့ ဘယ်လောက်ကြာကြာ သောက်သုံးခဲ့ တယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။ ဆေးတံနဲ့ ဆေးပြင်းလိပ်သောက်တဲ့ သူတွေက ဆေးလိပ်လုံးဝမသောက်တဲ့ သူတွေထက် အဆုတ်ကင်ဆာဖြစ်ဖို့ ၅ဆအန္တရာယ်ရှိပေမယ့် တစ်နေ့ စီးကရက်တစ်ဘူးသောက်သူကတော့ ၂၅ဆ ပိုအန္တရာယ်ရှိပါတယ်။ ဆေးလိပ်မှာ ဓာတုဓာတ်ပေါင်း ၄၀ဝ၀ ခန့်ရှိရာမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေလည်း အတော်များများ ပါဝင်ပါတယ်။

အဓိကကတော့ Nitrosamines နဲ့ Polycyclic Aromatic Hydrocarbons တွေ ဖြစ်ကြပါတယ်။ ဆေးလိပ်ကို ဖြတ် လိုက်ရင်တော့ ပုံမှန်ဆဲလ်တွေက ပုံမမှန်တဲ့ ဆဲလ်တွေကို ပြန်အစားထိုး ကြတာမို့ ၁၅ နှစ်ခန့် ဆေးလိပ်ဖြတ် လိုက်ပါက ဆေးလိပ် မသောက်သူလို အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အန္တရာယ် လျော့သွားမှာဖြစ်ပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက် ပေမယ့် သူများသောက်တဲ့ ဆေးလိပ် ငွေ့ကို ရှူနေရသူတွေလည်း အန္တရာယ် ရှိပါတယ်။ ဆေးလိပ်လုံးဝမရှူရှိုက် သူနှင့်ယှဉ်လျှင် သူတို့လည်း ၂၄ ရာခိုင်နှုန်း ပိုပြီးအန္တရာယ်ရှိတာကို သုတေသနက ဖော်ပြထား ပါတယ်။ အမေရိကန်မှာ နှစ်စဉ် အဆုတ် ကင်ဆာကြောင့် သေဆုံးသူ ၃၀ဝ၀ ခန့်ဟာ Passive Smoking တစ်ဆင့် ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းကြောင့် ဖြစ်ကြရပါတယ်။ အဆုတ် ကင်ဆာ ဖြစ်စေတဲ့ အခြားအကြောင်းကတော့ Asbestos Fibresတွေ ဖြစ်ပါတယ်။

အဲဒီ ဓာတုပစ္စည်းတွေကို ရှူမိလိုက်ပါက တစ်သက်လုံးအဆုတ်ထဲမှာ ရှိနေ တတ်ပြီး ကင်ဆာဖြစ်စေတတ်ပါ တယ်။ အပူနဲ့ အသံတွေ တားဆီးဖို့ မျက်နှာကျက် အကာတွေအဖြစ် Asbestos ကို အသုံးပြုတဲ့အခါ လုပ် သားတွေကို ထိခိုက်အန္တရာယ်ရှိ စေတာမို့ တချို့နိုင်ငံတွေမှာ တား မြစ်ထားကြပါတယ်။ ဒီဓာတ်ပစ္စည်း တွေက အမြှေးပါးတွေမှာ Mesothelioma ကင်ဆာ အမျိုးအစား ကိုဖြစ်စေပြီး ဆေးလိပ်သောက် သုံးပါက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ၅ ဆကနေ အဆပေါင်း ၅၀-၉၀ အထိ ပိုမိုအန္တရာယ်ရှိစေတတ်ပါတယ်။ Uranium ဓာတ်ယိုယွင်း ပျက် စီးတဲ့အခါမှာ သဘာဝ အလျောက် ထွက်တဲ့ Radon gas ဟာလည်း အမေရိကန်ပြည်ထောင်စုမှာဖြစ်ပွားတဲ့ အဆုတ်ကင်ဆာကြောင့်သေဆုံးမှု ၁၂ရာခိုင်နှုန်း အရေအတွက်အားဖြင့် ၂၀ဝ၀ဝ ခန့်ရဲ့ တရားခံဖြစ် တယ်လို့ ပြောပါတယ်။ ဒီဓာတ်ဟာ မြေကြီးထဲ က ထွက်လာပြီး အနံ့အသက်မရှိဘဲ ဒုက္ခပေးပါတယ်။ ဆေးလိပ်သောက် သူတွေကို ပိုအထိနာစေတယ်လို့ ဆို ပါတယ်။ မြန်မာနိုင်ငံ မှာတော့ ဒီ အနုမြူဓာတ်တွေ မသုံးလို့ ဒီ Gas ရဲ့ အန္တရာယ်တော့ မရှိလောက်ဘူး လို့ ယူဆရပါတယ်။ မျိုးရိုးဗီဇကလည်း အဆုတ် ကင်ဆာဖြစ်စေတတ်ပါတယ်။ တချို့ ဆေးလိပ် လုံးဝမ သောက်ပေမယ့် ဆွေမျိုးသားချင်းတွေမှာ အဆုတ် ကင်ဆာဖြစ်သူရှိရင် ဖြစ်ဖို့အခွင့် အလမ်းပိုများတာကို တွေ့ကြရပါ တယ်။

သုတေသနပြုချက်အရ DNA မှာ ဒီကင်ဆာပိုဖြစ်စေတဲ့ မျိုးရိုးဗီဇဟာ ခရိုမိုဆုန်းနံပါတ် (၁၅)ရဲ့ q.arm မှာ ရှိနေပြီး Nicotine စတာနဲ့ ပေါင်းစပ် ကာကင်ဆာဖြစ်စေတယ်လို့ဆိုပါတယ်။ နာတာရှည် အသက်ရြှွူပန် ကျဉ်းမြောင်းတဲ့ အဆုတ်ရောဂါ (COPD) ပန်းနာရင်ကျပ်သည်တွေ ဟာလည်း သာမန်လူတွေထက် အဆုတ်ကင်ဆာဖြစ်ဖို့ ၄-၆ ဆ အန္တရာယ်ပိုများကြပါတယ်။ ယခင်က အဆုတ်ကင်ဆာဖြစ် ဖူးသူတွေလည်း သာမန်ထက် အန္တရာယ်ပိုများတတ်သလို မော်တော် ကားတွေ၊ စက်ရုံတွေကထွက်တဲ့ ဓာတ်ပစ္စည်းတွေကလည်း အဆုတ် ကင်ဆာဖြစ်ပွားမှုကို Passive Smoker တွေမှာလို အန္တရာယ်ရှိစေ နိုင်ပါတယ်။

ပါမောက္ခဒေါက်တာမြသိန်းဟန်

Wednesday 28 September 2011

အင်တာနက်သုံးခြင်းက သက်ကြီးရွယ်အိုများအတွက် ကောင်းကျိုးဖြစ်စေနိုင်

Facebook နှင့် YouTube ကဲ့သို့ အင်တာနက်ဝက်ဘ်ဆိုက်များမှာ သက်ကြီးရွယ်အိုများအတွက် ဦးနှောက်ကို နိုးကြားသွက်လက်စေပြီး မှတ်ညဏ် လျော့ကျပျက်စီးခြင်းအား
ကာကွယ်တားဆီးနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ Social
Networking ဝက်ဘ်ဆိုက်များနှင့် Skype ကဲ့သို့ အွန်လိုင်းဝန်ဆောင်မှုများကို
မကြာခဏ အသုံးပြုတတ်သည့် သက်ကြီးရွယ်အိုများမှာ ထိုသို့
အသုံးပြုလေ့မရှိသည့် သက်ကြီးရွယ်အိုများထက် ဦးနှောက်ပိုင်းဆိုင်ရာတွင်
ပို၍ နိုးကြားသွက်လက်ကြကြောင်း လေ့လာမှုတစ်ခုက ဆိုသည်။
အင်တာနက်သုံးခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဖိစီးမှုနှင့်
စိတ်ဓာတ်ကျခြင်းတို့ကို လျော့နည်းစေနိုင်သလို သက်ကြီးရွယ်အိုများအတွက်
လူမှုပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံမှုတွင် အထောက်အကူ ဖြစ်စေသည်။ Social
network နှင့် IT နည်းပညာတို့မှာ သက်ကြီးရွယ်အိုများကို
ပိုမိုနုပျိုစေနိုင်ပြီး မှတ်ညဏ်ကိုလည်း ပိုမိုတိုးတက်စေနိုင်ကြောင်း
သိရသည်။ အီတလီနိုင်ငံမှ သုတေသနပညာရှင်များက စောင့်ရှောက်ရေးဂေဟာနှစ်ခုရှိ
သက်ကြီးရွယ်အိုများကို လေ့လာမှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဂေဟာများတွင်
လက်ပ်တော့နှင့် ဝါယာလက်စ် အင်တာနက်စနစ်များ တပ်ဆင်ပေးထားပြီး
အင်တာနက်သုံးစွဲပုံကို သင်ကြားပေးခဲ့ကြသည်။ သက်ကြီးရွယ်အိုများကိုလည်း
Facebook, Twitter ကဲ့သို့ Social networking ဝက်ဘ်ဆိုက်များနှင့် Skype
ကဲ့သို့ အွန်လိုင်းမှ တယ်လီဖုန်း ဆက်သွယ်ပြောဆိုနိုင်သည့်
ဝက်ဘ်ဆိုက်များတွင် ၎င်းတို့၏ ကိုယ်ပိုင် account များ ပြုလုပ်ပေးခဲ့သည်။
ထိုလေ့လာမှုအရ အင်တာနက်အသုံးပြုသည့် သက်ကြီးရွယ်အိုများမှာ
အင်တာနက်အသုံးမပြုသည့် သက်ကြီးရွယ်အိုများထက် ပိုမို
နိုးကြားတက်ကြွမှုရှိကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။ လွန်ခဲ့သည့်
နှစ်အနည်းငယ်အတွင်း အင်တာနက်မှ Social networking ဝက်ဘ်ဆိုက်များ
အသုံးပြုသည့် သက်ကြီးရွယ်အို အရေအတွက်မှာ ၈၀ ရာခိုင်နှုန်းအထိ
တိုးတက်လာခဲ့သည်။ Facebook နှင့် MySpace တွင် profile
ပြုလုပ်ထားသူများအနက် ၈ ရာခိုင်နှုန်းမှာ သက်ကြီးရွယ်အို အငြိမ်းစားများ
ဖြစ်ကြသည်။ သက်ကြီးရွယ်အို ၁ဒသမ၅သန်းကျော်မှာ Facebook တွင် profile
ပြုလုပ်ထားပြီး Skype အသုံးပြုကာ မိတ်ဆွေများ၊ ဆွေမျိုးများနှင့်
ဆက်သွယ်လေ့ရှိကြကြောင်းလည်း သိရသည်။

ထေရဝါဒ သာသနာ

ယနေ့ ကမ္ဘာတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဓိက ဂိုဏ်း နှစ် ဂိုဏ်း ရှိသည်။ ၎င်းတို့မှာ ထေရ၀ါဒ နှင့် မဟာယန ဟူ၍ဖြစ်သည်။ ရှေးလွန်လေပြီးသော အချိန်၌ အခြားသော ဂိုဏ်းများလဲ အများအပြား ရှိခဲ့ကြသည်။ သို့သော် ထိုဂိုဏ်းနှစ်ဂိုဏ်းသည်သာလျှင် အိန္ဒိယနိုင်ငံ ပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်း ပျံ့နှံ့ခြင်းဖြင့် ယနေ့ခေတ်ကာလထိအောင် ရှင်သန်လာပေသည်။

ထေရ၀ါဒသည် ပင်မအားဖြင့် အိန္ဒိယ တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ သီရီလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် ရှင်သန်ခဲ့၏။
မဟာယနသည် အဓိကအားဖြင့် အိန္ဒိယမြောက်ပိုင်း၊ တရုတ်၊ တိဘက်၊ ဂျပန်၊ မွန်ဂိုလိယ၊ ကိုရီးယား နှင့် ဗီယက်နမ် နိုင်ငံများတွင် ပျံ့နှံ့ခြင်းဖြင့် ရှင်သန်ခဲ့သည်။
ထိုအကြောင်းကြောင့်ပင် မဟာယနကို ရံဖန်ရံခါ မြောက်ပိုင်းဂိုဏ်း ဟု ညွှန်းဆိုကြပြီး ထေရ၀ါဒကို တောင်ပိုင်း ဂိုဏ်း ဟု ညွှန်းဆိုတတ်ကြပါသည်။

ထိုဂိုဏ်းနှစ်ခုတွင် သိသာထင်ရှားသော ကွဲလွဲချက်များ ရှိသော်လည်း.. သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကမ္မ၀ါဒ၊ ပဋိစ္စသမုပါဒ အစရှိသော အခြေခံ တရားများမှာမူ ဂိုဏ်းနှစ်ခုစလုံးတွင် ထပ်တူ တူညီကြသည့် အချက်ကိုမူ အလေးထားမှတ်ယူ သင့်သည်မှာ အရေးပါပေသည်။ ဂိုဏ်းနှစ်ခု၏ အဓိက မတူညီမှုမှာ မတူညီသော ဦးစားပေးမှုများနှင့် သမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ ဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို လိုက်နာခြင်းဖြင့် လွတ်မြောက် ငြိမ်းအေးခြငး နိဗ္ဗာန တရားမြတ်ကို မျက်မှောက်ပြုရေး .. နောက်ဆုံး အန္တိမပန်းတိုင်ကား အတူတူပင် ဖြစ်သည်။ ထေရ၀ါဒ ဟုသော အသုံးအနှုံးသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ (ထေရ) လျှောက်သောလမ်း ဟု သဒ္ဒါအလိုအရ အဓိပ္ပာယ် ရပေသည်။

ထေရ၀ါဒ ဂိုဏ်းသည် ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း မှတ်တမ်းတင် ထိန်းသိမ်းထားသော ပါဠိ တိပိဋက (ပိဋကတ် သုံးပုံ)အတိုင်း အစဉ်တစိုက် လက်ခံပါသည်။ ထေရ၀ါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓ၏ အဆုံးအမများကို စစ်မှန်သော မူလ အခြေအနေအတိုင်း ထိန်းသိမ်းခြင်း နှင့် အနာဂါတ် မျိုးဆက်အဆက်က် လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆုံးအမများ ဆိုရာတွင် လူပုဂ္ဂိုလ်များအား လွတ်မြောက်ရာကို မည်သို့ ရှာဖွေရမည်ကို ညွှန်ပြနိုင်စွမ်း အပြည့်အ၀ ရှိသော လွတ်မြောက်ရေး အဆုံးအမ လမ်းညွှန်မှုများ ဟု ယူဆရပေမည်။ ထိုအကြောင်းကြောင့် ပင် အဆုံးအမများ၏ စွမ်းရည်ပြည့်ဝ ထိရောက်မှုကို ခေတ်အဆက်ဆက် အမြင့်ဆုံး ရှိမြဲ ရှိနေစေရန် အလို့ငှာ ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း ကြိုးကြိုးပမ်းပမ်း ထိန်းသိမ်းထားကြခြင်း ဖြစ်သည်။ အဆုံးအမများကို မူလပုံစံမှ ပြင်ဆင်လိုက်လျှင် သို့မဟုတ် တစ်နည်းနည်း ပြောင်းလဲလိုက်လျှင် ထိရောက်မှုသည် အချိန်နှင့်အမျှ လျော့ပါးသွားဖွယ် ရှိပေသည်။

ထေရ၀ါဒ ထုံးထမ်းအရ ပါဠိတိပိဋက၌ မပါရှိပဲ သတ်သတ် ထိန်းသိမ်းထားသော သို့မဟုတ် ဟောကြားခဲ့သော ဗုဒ္ဓ၏ အဆုံးအမများ ရှိသည် (ဆိုလိုသည်မှာ တိပိဋိကတွင် မှတ်တမ်း တင်ခဲ့ခြင်း မရှိပဲ တစ်စုံတရာသော ပုဂ္ဂိုလ်ကို ဟောကြားခဲ့သော နက်နဲသည့် တရားတော် ) ဟူသော ခံယူချက်ကိုလည်း ပစ်ပယ်ပါသည်။ ထို့ကြောင့် ပင်လျှင် ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့် ကြာမှ စတင် ပေါ်ထွန်းလာသော် မဟာယန သုတ္တန်များကို ထေရ၀ါဒက စစ်မှန်သည်ဟု လက်မခံကြပါ။ ဗုဒ္ဓအဆုံးအမများကို အဓိက ထိန်းသိမ်းနေသူများမှာ သံဃာ ဟု ခြုံငုံခေါ်ဝေါ်သော ရဟန်းတော်များပင် ဖြစ်ပါသည်။ ထေရ၀ါဒ သံဃာတို့သည် ဗုဒ္ဓက သတ်မှတ်တော်မူခဲ့သော၊ ၀ိနယပိဋကတွင် မှတ်တမ်းတင်ထားသည့် ရဟန်းဆိုင်ရာ ကျင့်ဝတ်တို့ကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးကြသည်။ ထို ရဟန်းဆိုင်ရာ ကျင့်ဝတ်များသည် ဗုဒ္ဓ၏အဆုံးအမများကို ကောင်းစွာတည်တံ့စေရေးအတွက် မရှိမဖြစ် ဖြစ်သည်ဟု ထေရ၀ါဒ သံဃာများက လက်ခံကြသည်။

ပုဂံပြည်မတိုင်ခင်က မြန်မာနိုင်ငံ နှင့် ထေရဝါဒ သာသနာ

ရှေးနှစ်ပေါင်းငါးထောင်လောက်က အင်ဒိုအာရိယန်လူမျိုးများ ဂင်္ဂါ ၊ အိန္ဒိယနိုင်ငံ အိန္ဒူ မြစ်ဝှမ်းများ သို့ မ၀င်ရောက်မပြန့် နှံ့မှီ နှင့် မောင်းဂွတ်အနွယ်ဝင်များ အာရှတိုက် အရှေ့ ပိုင်း ၊ အရှေ့ တောင်ပိုင်း များသို့ မ၀င်ရောက်မပြန့် နှံ့ သေးမှီကပင် မြန်မာနိုင်ငံတွင် ကျောက်လက်နက်များ အသုံးပြုခဲ့သည့် ရှေးဟောင်းလူမျိုးများ နေထိုင်ခဲ့ကြ‌သော အထောက်အထားများတွေ့ ရှိခဲ့ရသည်။

အထက်မြန်မာနိုင်ငံ ဒေသများနှင့်ပဲခူးခရိုင် ၊ မြင်းခြံ ၊ ပခုတ္ကူ ၊ သရက် ၊ မကွေးခရိုင်နှင့်ရခိုင် တနင်္သာရီ ကမ်းရိုးဒေသများတွင် အနှံ့ အပြား ရှာဖွေတူးဖေါ်ရရှိခဲ့သည်၊

ကျောက်ခေတ်လူမျိုးများ နောက်ပိုင်း ၊ အာရှတိုက်အရှေ့ တောင်ပိုင်း သို့ ဝင်ရောက်လာကြသည့် အင်ဒိုနီးရှင်းများသည် မြန်မာနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းတွင် နှစ်အတန်ကြာနေထိုင် သွားကြသည်ဟု ယူဆ ရသည်။

မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းတ၀ိုက်တွင် နှစ်ပေါင်းနှစ်ထောင်ကျော်က နေထိုင်သွားခဲ့ကြသည့် အင်ဒို နီးရှင်းများအား ရှေးခေတ် ပထ၀ီပညာရှင်ကြီး တိုလေမီက လူသားစား အရိုင်းအစိုင်းများ ဟုဖေါ်ပြခဲ့သည်။ မြိတ်ကျွန်းစုတ၀ိုက်ရှိ ဆလုံလူမျိုးများသည် အင်ဒိုနီးရှင်း အကြွင်းအကျန်များဟု သမိုင်းပညာရှင်များက ယူဆကြသည်။

သည်နောက်ပိုင်း အင်ဒိုအာရိယန်လူမျိုးများသည် အိန္ဒိယပြည်သို့ ၄င်း၊ မောင်းဂွတ်အနွယ်ဝင်များသည် အာရှတိုက်အရှေ့ ပိုင်း ၊ တောင်ပိုင်းများသို့ ဝင်ရောက်လာကြသည်။

ယင်းလူမျိုးကြီးနှစ်မျိုးသည် အာရှတိုက်သို့ ဝင်ရောက်လာကြပြီုးတွေ့  ဆုံခဲ့ကြသည် ကို အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များက လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ငါးရာနှင့် သုံးထောင်ခန့် အကြားဟု ခန့် မှန်းကြသည်။

မောင်းဂွတ်အနွယ်များအား အိန္ဒိယပြည်တွင် အင်ဒိုအာရိယန်များက ဖိသဖြင့်အရှေ့ တိဗက်နှင့်အနောက် တိဗက်ဟူ၍ အုပ်စုနှစ်စုကွဲသွားသည်။ အရှေ တိဗက်အုပ်စုက တရုတ်ပြည်ယူနန်နယ်ဘက်သို့ ဝင်ရောက်သွားပြီး အနောက်တိဗက်အုပ်စုက အိန္ဒိယပြည်တွင်းသို့ ဝင်ရောက်သွားသည်။ အနောက်တိဗက်အုပ်စုကို အင်ဒိုအာရိယန်များက ဖိသဖြင့် မဏိပူရ ၊ အာသံနယ်များမှတဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာကြသည်။

တရုတ်ပြည်ယူနန်နယ်ဘက်သို့ ဝင်ရောက်သွားကြသည့်အရှေ့ တိဗက်အုပ်စုသည် “တရုတ်ကဖိ ရှမ်းကအိ” သဖြင့် မြန်မာနိုင်ငံတွင်းသို့ အစုစု ကွဲပြီးဝင်ရောက်လာကြပြန်သည်။

သို့ ရာတွင် မောင်းဂွတ်အနွယ်ဝင် မွန်ခမာလူမျိုးစုများသည်အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသများ သို့ သမိုင်း၏ ခပ်စောစော အချိန်ပိုင်းလောက်ကပင် ၀င်ရောက်နေ ကြပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀၀နှင့် ၂၅၀၀ ကြားတွင် တရုတ်ပြည်ချင်မင်းဆက်ဘုရင်များသည် ယခင်က လူမျိုးစု အလိုက် အကွဲကွဲအပြားပြား ပေါ်ပေါက်လျက်ရှိသည့် ပြည်နယ်များအား တရုတ်ပြည်ကြီးတပြည် ဖြစ်လာရန် စည်းလုံးနိုင်ခဲ့ကြသည်။

ထို့ အတူ အိန္ဒိယပြည် ( တောင်ပိုင်းမှလွဲ၍ ) စန္ဒဂုတ်မင်းဆက်ဘုရင်များသည် လူမျိုးစုအလိုက် အကွဲကွဲ အပြားပြား ဖြစ်နေပေါ်နေကြသည့် ၊ မာဂဓ ၊ ၀ိဒေဟ ၊ ကောသလ ၊ ပဉ္စလာစသည့် ပြည်နယ်များကို သိမ်း သွင်းပြီး အိန္ဒိယပြည်ကြီးကို စည်းလုံးနိုင်ခဲ့သည်၊ ထိုသမိုင်းများသည် အထောက်အထားခိုင်လုံသည့် အိန္ဒိယနှင့်တရုတ်ပြည် တို့ ၏သမိုင်းဝင်အဖြစ် အပျက် များဖြစ်သည်။

Wednesday 21 September 2011

ပါရမီဆယ်ပါးအကြောင်း

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို ဆင်ခြင်တော်မူသောအခါ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ ဟူသော ပါရမီဆယ်ပါးတို့ကို အစဉ်အတိုင်း တွေ့မြင်တော်မူကာ ဘ၀များစွာ ဖြည့်ကျင့်ခဲ့ရလေသည်။

ဒါနပါရမီ ဖြည့်ကျင့်တော်မူပုံ မိမိပိုင်သက်ရှိသက်မဲ့ပစ္စည်းများကို သူတစ်ပါးအားပေးကမ်း စွန့်ကြဲလှူဒါန်းမူဒါနပါရမီကို ပထမဆုံး ဖြည့်ကျင့်တော်မူသည်၊ ဘ၀များစွာ ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ ဤကောင်းမူကြောင့် လူစည်းစိမ် နတ်စည်းစိမ်လောကီ ဂုဏ်သိန်များကို သတကာတို့ကဲ့သို့ မတောင့်တ မမျှော်မှန်း၊ သတ္တ၀ါအများကို ကယ်မရန် သဗ္ဗညုတဉာဏ်ရဖို့သာ ရည်သန်တောင့်တတော်မူသည်။

ဘ၀များစွာ ဒါနပါရမီကို ဖြည့်ကျင့်ရာ၌ သိဝိမင်းဘ၀နှင့် ဝေသန္တရာမင်းဘ၀ကား အလွန်ထင်ရှား၍ အသိများသော ဘ၀များဖြစ်ပေသည်။

ဘုရားအလောင်းတော်သည် သိဝိမင်းဖြစ်စဉ် အလှူဒါနဘက်၌ စိတ်အားထက်သန်ပုံကို စုံစမ်းလို၍ သိကြားမင်းသည် မျက်မမြင်ပုဏ္ဏားအိုယောင်ဆောင်ကာ မျက်စိတစ်ဘက်ကို အလှူခံလာသည်၊ သိဝိမင်းကြီးသည် မျက်စိနှစ်ဘက်ကိုပင်ထုတ်၍ ရက်ရက်ရောရော ပေးလှူလိုက်လေသည်။

ဝေသန္တရာမင်းဘ၀၌လည်း ဘုရားအလောင်းတော်သည် အလှူမဏ္ဍပ် ၆-ခု ဆောက်လုပ်၍ နေ့စဉ် ၆-သိန်းတန် အ၀တ်တန်ဆာ အစားအစာများကို လှူ၏၊ တစ်ခါကမူ ကလိင်္ဂတိုင်းမှ ပုဏ္ဏားတို့သည် တန်ဖိုးမဖြတ်နိုင်သော ဆင်ဖြူတော်ကိုပင် အလှူခံလာကြရာ ရက်ရက်ရောရောပင် လှူတော်မူ၏။

ဆင်ဖြူတော်လှူ၍ ပြည်သူတို့မကျေနပ်သဖြင့် ထီးနန်းစွန့်ကာ ဟိမ၀န္တာဝင်္ကဘာတောင်သို့ ထွက်ခွာသွား၏၊ မဒ္ဒီမိဖုရား သားတော်ဇာလီ၊ သမီးတော်ကဏှာဇိန်တို့နှင့်အတူ ရသေ့ဝတ်ဖြင့် နေလေသည်၊ ထိုအခါ၌လည်း အလှူခံလာသော ဇူဇကာပုဏ္ဏားအား သားတော်သမီးတော်တို့ကို လှူပြန်၏၊ ပုဏ္ဏားယောင်ဆောင်လျက် မိဖုရားကို အလှူခံလာသော သိကြားမင်းအားလည်း မဒ္ဒီမိဖုရားကို လှူပြန်သည်။

ဤသို့လျှင် ဘုရားအလောင်းတော်သည် ဘ၀များစွာ ဖြစ်လေရာတို့၌ ဒါနပါရမီကို ဖြည့်ကျင့်ရာတွင် ပစ္စည်းဥစ္စာကိုသာမက ဇနီး၊ မယား၊ သမီးသား တို့ကိုပင် စွန့်လှူခဲ့သည်၊ ထိုမျှသာမက များစွာသောဘ၀တို့၌ အင်္ဂါ ခြေ လက်နှင့် အသက်ကိုပင် စွန့်လှူခဲ့ဖူးသည်မှာ များလှလေပြီ။ဤသို့လျှင် ဘုရားအလောင်းတော်သည် ဘ၀များစွာ ဖြစ်လေရာတို့၌ ဒါနပါရမီကို ဖြည့်ကျင့်ရာတွင် ပစ္စည်းဥစ္စာကိုသာမက ဇနီး၊ မယား၊ သမီးသား တို့ကိုပင် စွန့်လှူခဲ့သည်၊ ထိုမျှသာမက များစွာသောဘ၀တို့၌ အင်္ဂါ ခြေ လက်နှင့် အသက်ကိုပင် စွန့်လှူခဲ့ဖူးသည်မှာ များလှလေပြီ။

(သီလပါရမီ)

အကုသိုလ်မဖြစ်အောင် ကိုယ်နူတ်တို့ကို စောင့်ထိန်းခြင်းကို သီလဟု ခေါ်သည်၊ ထိုသီလမှာ ငါးပါးသီလ ရှစ်ပါးသီလ စသည်ဖြင့် များစွာရှိသည်၊ ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ သီလပါရမီတော်ကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ အလီနသတ္တုမည်သော မင်းသားဖြစ်စဉ်က သီလပါရမီ ဖြည့်ကျင့်ပုံမှာလည်း ထင်ရှားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။


အလီနသတ္တုမင်းသား၏ ခမည်းတော်သည် သမင်လိုက်ရာမှ နယ်ကျွံ၍ ဘီလူးတစ်ဦး စိုးပိုင်သော ညောင်ပင်အောက်သို့ ရောက်သွားသည်။ “နောက်တစ်နေ့ ပြန်လာ၍ ဘီလူးအစားခံပါမည်” ဟူသောကတိဖြင့် ဘီလူးထံ ခွင့်ပန်၍ နန်းတော်သို့ ပြန်လာခဲ့သည်၊ ထိုအကြောင်းကို သားတော် အလီနသတ္တုမင်းသား သိသဖြင့် ခမည်းတော်ကိုယ်စား ဘီလူးအစားခံရန် သွားခဲ့လေသည်၊ မင်းသားသည် မိမိစောင့်ထိန်းထားသော ကိုယ်ကျင့်သီလ ညိုးနွမ်းမည်စိုးရိမ်၍ လက်နက်တစုံတရာကိုမျှ ယူမသွားခဲ့ပေ။

ဘီလူးသည် ဘုရားအလောင်းတော် အလီနသတ္တုမင်းသား၏ မကြောက်မရွံ့ ရဲဝံ့သော အမူအရာကို မြင်၍ မသတ်စားဝံ့တော့ဘဲ နောက်ဆုံးတွင် မင်းသား၏အဆုံးအမကို လိုက်နာကာ ငါးပါးသီလစောင့်ထန်းသူ ဖြစ်လာလေသည်။

ဒါနပါရမီဖြည့်ရာ၌ အသက်ကိုပင် စွန့်လှူရဲသော ဘုရားအလောင်းတော်သည် သီလပါရမီဖြည့်ကျင့်ရာ၌ ကိုယ်ကျင့်သီလကို အဘယ်ကြောင့် အသက်နှင့် မလဲဝံ့ဘဲ ရှိအံ့နည်း။



(နေက္ခမပါရမီ)

လောကီအာရုံ ကာမဂုဏ်များကို မစုံမက်ဘဲ စွန့်ခွာ၍ တစ်ကိုယ်တည်း ရသေ့ရဟန်းပြုလိုခြင်း (တောထွက်ခြင်း)မျိုးကို နက္ခမ္မပါရမီ ဖြည့်သည်ဟုခေါ်၏၊ ဘုရားအလောင်းတော်၏ နေက္ခမ္မပါရမီဖြည့်ကျင့်သော ဘ၀များမှာ လွန်စွာ များလှ၏၊ အယောဃရ မည်သော မင်းသားဘ၀ကို မှတ်သားနိုင်ရုံ ထုတ်ပြမည်။


အယောယရမင်းသား ဖွားမြင်ပြီးနောက် ဘီလူးရန်ကို ကြောက်သဖြင့် ၁၆-နှစ်အရွယ်တိုင်အောင် သံလှောင်အိမ်အတွင်းမှာပင် ထား၍ ပညာသင်ပေးကြရ၏၊ ၁၆-နှစ်အရွယ်ရောက်သော် ထီးနန်းအပ်မည်ဟု စီစဉ်ကာ အပြင်သို့ ထုတ်ဆောင်ကြ၏၊

ထိုအခါ ဘုရားအလောင်းတော်မင်းသာသည် “အမိဝမ်းတွင်း၌ ဆယ်လ၊ သံလှောင်အိမ်အတွင်း၌ ၁၆-နှစ် နေ၍ လွတ်မြောက်လာခဲ့ရသော်လည်း သေခြင်းဘေးကမူ မလွတ်မြောက်နိုင်သေး” ဟု တွေးမိကာ ထီးနန်းစည်းစိမ်ကို လက်မခံဘဲ တောထွက်ကာ ရသေ့ပြုလုပ်သွားလေသည်။



(ပညာပါရမီ)

ပညာပါရမီဖြည့်သည်ဆိုရာ၌ ပထမ မိမိတတ်သိနားလည်အောင် သင်ရ၏၊ တိုးတက်အောင် ကြံစည် စဉ်းစားရာ၏၊ ထိုသို့ တတ်သိနားလည်ထားသော ပညာကို သူတပါးတို့အား တတ်အောင် သင်ပြပေးခြင်း၊ ထိုပညာဖြင့် အများအကျိုးရှိအောင် ဆောင်ရွက်ပေးခြင်းကို ပညာပါရမီဖြည့်ကျင့်သည်ဟု ခေါ်သည်။

ဘုရားအလောင်းတော်သည် ဘ၀များစွာ ပညာပါရမီဖြည့်ကျင့်ရာတွင် မဟောသဓာပညာရှိဖြစ်စဉ်က ပညာတန်ခိုးဖြင့် အများအကျိုးရှိအောင် ရွက်ဆောင်ပုံမှာ ထင်ရှားပေသည်၊ စူဠနီဗြဟ္မဒတ်မင်းသည် ဇမ္ဗူဒိပ်မင်းပေါင်းတစ်ရာကို ဖမ်းပြီးလျှင် အဆိပ်ခပ်သောအရက်ကိုတိုက်၍ သတ်ဖို့ ကြံစည်ထား၏၊ မဟောသဓာသည် ထိုအကြံကို သူ၏ဉာဏ်ပညာအစွမ်းဖြင့် ပျက်အောင် ဖျက်ခဲ့လေသည်၊ စူဠနီဗြဟ္မဒတ်မင်းနှင့် ၀ိဒေဟရာဇ်မင်းတို့ စစ်ခင်းရာ၌လည်း မဟောသဓာသည် တစ်ယောက်တလေမျှ အသက်မသေရအောင် သူ၏ပညာစွမ်းဖြင့် စစ်ပြေငြိမ်းသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။



(ခန္တီပါရမီ)

ငါ့အပေါ်၌ လူမိုက်တို့ပြုလုပ်လာသော စော်ကားမူကို ငါကပြန်၍ တုံ့ပြန်ပြုမူလျှင် ငါလည်း ထိုသူတို့ကဲ့သို့ မိုက်မဲသူသာ ဖြစ်ပေမည်” ဟု ကြံစည်၍ ဒေါသမထွက် စိတ်ပျက်အားငယ်မူ မရှိဘဲ စိတ်အေးအေးနှင့် မိမိက အလျှော့ပေး အနစ်နာခံလိုက်ခြင်းကို ခန္တီပါရမီဖြည့်သည်ဟု ခေါ်၏။


ဘုရားအလောင်းတော်သည် အများအကျိုး သယ်ပိုးရွက်ဆောင်၍ ခေါင်းဆောင်ရသော ဘ၀တိုင်း သည်းခံခြင်း ခန္တီပါရမီကိုလည်းဖြည့်ကျင့်ခဲ့သည်။ မျောက်မင်းဘ၀ တစ်ခုသည်ကား ခန္တီပါရမီ ဖြည့်ကျင့်မူနှင့် စပ်၍ မှတ်သားဖွယ်ကောင်းလှသည်။

ဘုရားအလောင်းတော်သည် တစ်ခါက အားကောင်းသော မျောက်မင်းဖြစ်၏၊ ဒေ၀ဒတ်လောင်း ပုဏ္ဏားတစ်ဦးသည် သစ်ပင်တက်ရာ၌ သစ်ကိုင်းကျိုး၍ ချောက်ထဲကျသွား၏၊ ငိုယိုမြည်တမ်းနေသော ထိုပုဏ္ဏားကို မျောက်မင်းတွေ့၍ ချောက်ထဲမှ ကယ်တင်လေသည်၊ ထို့နောက် မောပန်းသဖြင့် ထိုပုဏ္ဏား၏ ပေါင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်သွားခိုက် ပုဏ္ဏားမိုက်သည် ကျေးဇူးတရားကို မထောက်ထားဘဲ မျောက်မင်းအသား စားလို၍ ဦးခေါင်းကို ကျောက်ခဲဖြင့် ထုရိုက်လေသည်။

မျောက်မင်းလန့်နိုးကာ ချက်ချင်း သစ်ပင်ပေါ် ခုန်တက်ပြေးရ၏၊ ထိုရန်သူပုဏ္ဏားမိုက် တောထဲမှာ မျက်စိလည်ကာ သေရှာမည်ကိုလည်း စိုးရိမ်၏၊ အောက်သို့လည်း မဆင်းလာဝံ့။ သစ်ပင်ချင်း ခုန်ကူးကာ ဦးခေါင်းမှကျသော သွေးစက်များကို ခြေရာခံ၍ လိုက်ပါရန် မှာကြားလျက် လူသွားလမ်းအရောက် လမ်းပြပို့ဆောင်ပေးခဲ့သည်။



(ဝီရိယပါရမီ)

သတ္တ၀ါအများ ကောင်းစားချမ်းသာရေး လုပ်ငန်းမှန်သမျှ သက်စွန့်ကြိုးပမ်း အစွမ်းကုန်အားထုတ် ပြုလုပ်ဆောင်ရွက်ခြင်းကို ၀ီရိယပါရမီ ဖြည့်ကျင့်သည်ဟု ခေါ်၏။


ဘုရားအလောင်းတော်သည် မည်သည့်အခါမျှ လုံ့လ၀ီရိယ လျှော့ချလေ့မရှိ၊ ကိုယ်ရေးကိုယ်တာ အတွက်ဖြစ်စေ၊ သူတပါးအတွက်ဖြစ်စေ မကြောက်မရွံ့ စွန့်စွန့်စားစား အားထုတ် ပြုလုပ်မြဲဖြစ်သည်၊ ပူသည် အေးသည် ရမယ်ရှာ၍ မည်သည့်အခါမျှ ပျင်းရိလက်လျှော့ခြင်းမရှိ။ မဟာဇနကမင်းသား ဘ၀၌ လုံ့လ၀ီရိယပြုတော်မူပုံမှာ မှတ်သားဖွယ်ကောင်းလှသည်။

မဟာဇနကမင်းသားသည် သင်္ဘောဖြင့် ကုန်ရောင်းကုန်ဝယ် ထွက်ခဲ့ရာ သင်္ဘောစီးသူ လူအပေါင်းခုနှစ်ရာနှင့်အတူ ပင်လယ်ကူးစဉ် သင်္ဘောပျက်လေသည်၊ လူအားလုံးတို့ အားလျှော့၍ မကြိုးစားဘဲ အသေခံကြသော်လည်း ဘုရားအလောင်းတော်သည် ရှိသည့်အားကို အချည်းနှီးမထားဘဲ ၇-ရက်လုံးလုံး လက်ပစ်ကူးကာ ကြိုးစားခဲ့လေသည်။ ထို့နောက် မဏိမေခလာနတ်သမီး ကယ်ဆယ်၍ အသက်ဘေးမှ လွတ်မြောက်ရရုံမျှသာမက မိထိလာပြည်ကြီးကိုပင် စိုးစံရလေသည်၊ လက်ပစ်ကူး၍ မကြိုးစားခဲ့လျှင်ကား ကယ်ဆယ်သူနှင့် တွေ့နိုင်မည်မဟုတ်၍ အများနည်းတူ အသက်သေရပေမည်။

(သစ္စာပါရမီ)

သူတပါးကို လိမ်၍ ပြောခြင်း၊ ပြောသည့်အတိုင်း၊ ကတိခံသည့်အတိုင်း မလုပ်ခြင်းသည် သူတပါးအကျိုးပျက်အောင် ပြုလုပ်သည်မည်၏၊ လိမ်လည်လှည့်ဖြား မပြောကြားဘဲ ပြုလုပ်နိုင်သလောက်ကိုသာ ပြော၍၊ ပြောသည့်အတိုင်း လုပ်ခြင်း၊ မှန်ရာကိုသာ ပြောဆိုခြင်းသည် သစ္စာပါရမီမည်၏။

ဘုရားအလောင်းတော်သည် ဖြစ်လေရာဘ၀တိုင်း သူတပါးအကျိုးပျက်အောင် မုသားစကားကို မည်သည့်ဘ၀တွင်မျှ မဆိုခဲ့ပေ၊ ဘ၀တိုင်း သစ္စာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့လေသည်၊ သစ္စာပါရမီဖြည့်ကျင့်ရာ၌ သုတသောမ မင်းဘ၀ကား ထင်ရှားလှလေသည်။

ဘုရားအလောင်းတော်သည် မဟာသုတသောမမင်းဖြစ်စဉ် ရှင်ဘုရင် ဘ၀မှ လူသားစားမူကြောင့် တိုင်းပြည်မှ ထွက်ခွာသွားရသော ပေါရိသာဒသည် တောထဲမှာပင် နေရ၏၊ လူသားစား ပေါရိသာဒသည် တစ်နေ့သောအခါ သစ်ငုတ်စူး၍ ခြေဖ၀ါး၌ ဖြစ်သော အနာကို “နတ်မင်း ကယ်မပါ၊ ၇-ရက်အတွင်း ပျောက်အောင် ကယ်မလျှင် ဇမ္ဗူဒိပ်မင်းအပေါင်း၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ပါမည်”ဟု ညောင်ပင်စောင့်နတ်မင်းကြီးအား ကတိခံထား၏၊ ထိုအနာ သူ့ဘာသာ ပျောက်သွားသည်ကို နတ်မသည်ဟု ထင်ကာ ဇမ္ဗူဒိတ်မင်းတို့ကို ယဇ်ပူဇော်ရန် ဖမ်းထားသည်။

တက္ကသိုလ်ပညာသင်စဉ်က ဆရာတော်ဖူးသော သုတသောမမင်းကိုလည်း ဖမ်းသွားသည်၊ သုတသောမမင်းသည် အဖမ်းမခံရမီကလေးကမှ ပုဏ္ဏားတစ်ဦးအထံ၌ တရားဂါထာ နာယူရန် ၀န်ခံခဲ့သော ကတိစကားကို သတိရ၍ “တရားနာပြီးလဆင် ပြန်လာပါမည်”ဟု ပေါရိသာဒထံ ခွင့်တောင်း၏၊ ပေါရိသာဒလည်း လွယ်လွယ်ပင် ပြန်လွှတ်လိုက်သည်၊ တရားနာပြီးသောအခါ သတ်တော့မည်ကိုသိပါလျက် သစ္စာမဖျက်ဘဲ မကြောက်မရွံ့ အသက်စွန့်၍ ပေါရိသာဒထံ ပြန်လာခဲ့သည်။ သုတသောမမင်း၏ သေဘေးမှ အသက်စွန့်၍ ပေါရိသာဒထံ ပြန်လာခဲ့သည်။ သုတသောမမင်း၏ သေဘေးမှ ကြောက်ရွံ့မူမရှိပုံကို မေးမြန်းရာမှ အစပြု၍ အလောင်းတော်သုတသောမမင်း ပြောပြသော တရားစကားကြောင့် ဇမ္ဗူဒိပ်မင်းအားလုံးသည် အသတ်မခံရတော့ဘဲ ပေါရိသာဒလည်း လူကောင်းတစ်ယောက် ဖြစ်လာကာ သူ့ထီးနန်းကို ပြန်ရခဲ့လေသည်။

(အဓိဋ္ဌာန်ပါရမီ)

ဒါနစသော ပါရမီ ကောင်းမူများကို သတ်မှတ်ထားသည့်အတိုင်း မပျက်မကွက် စွဲစွဲမြဲမြဲ အောင်မြင်ပြီးမြောက်အောင် ပြုလုပ်မည်ဟု စိတ်ကို ဆုံးဖြတ်ထားမူ၊ ဆုံးဖြတ်သည့်အတိုင်း ပြုလုပ်မူကို အဓိဋ္ဌာန် ဟုခေါ်၏၊ ဘုရားအလောင်းတော်သည် ဘ၀များစွာ အဓိဋ္ဌာန်ပါရမီတော်ကိုလည်း ဖြည့်ကျင့်ခဲ့သည်။ တေမိယမင်းစားဖြစ်စဉ်က အဓိဋ္ဌာန်ပါရမီ ဖြည့်ကျင့်ပုံမှာ အလွန်ထင်ရှားလှပေသည်။
ဘုရားအလောင်းတော်သည် တေမိယမင်းသား မဖြစ်မီ ဘ၀တစ်ခုတွင် ရှင်ဘုရင်ဖြစ်စဉ်က အငြင်ပွားမူများကို တရားအဆုံးအဖြတ်ပေးရာတွင် အနည်းငယ်မှားယွင်းခဲ့သဖြင့် ငရဲကျခဲ့ရဖူးသည်၊ တေမိယမင်းသားကလေးသည် တစ်လသားအရွယ် ထီးဖြူအောက်၌ ပက်လက်နေစဉ် ထီးဖြူကို မြင်သည်မှ စ၍ ရှေးဘ၀များကို ပြန်လည် သိမြင်နိုင်သော ဇာတိဿရဉာဏ်ကို ရလေသည်။ ရှေးမင်းဖြစ်စဉ်က အဆုံးအဖြတ် အမိန့်ပေးလွဲ၍ ငရဲကျခံရပုံကို ပြန်လည်သတိရကာ မင်းဖြစ်ရမည်ကို လွန်စွာ ကြောက်ရွံ့ထိတ်လန့်သွားလေသည်။

ထိုအခါ ရှေးဘ၀က မိခင်ဟောင်းဖြစ်ခဲ့ဖူးသော ထီးချက်စောင့်နတ်သမီး သိသွားသဖြင့် “ချစ်သား-- တေမိယမင်း--မကြောက်ပါနှင့်၊ မင်းမလုပ်ချင်လျှင် ဆွံ့ အ နားပင်းဟန် ဆောင်နေလိုက်ပါ” ဟု တိုက်တွန်း အကြံပေးလေသည်။

ထိုအခါမှစ၍ “မည်သည့်အကြောင်းကြောင့်မျှ စကားမဆိုတော့အံ့၊ ဆွံ့ အ ယောင် ဆောင်နေတော့မည်” ဟု စိတ်ကိုခိုင်မာစွာ ဆောက်တည်အဓိဋ္ဌာန် ပြုလေသည်၊ မပြော မဆို၊ ငိုလည်း မငိုပဲ အရွယ်ရောက်လည်း မထိုင်မထ၊ ပြောသမျှလည်း မကြားဟန် ဆောင်နေခဲ့ရာ အသက်တစ်ဆယ့်ခြောက်နှစ် အရွယ်သို့တိုင်အောင် အခိုင်အမာ ဆုံးဖြတ်၍ နေထိုင်ခဲ့လေသည်၊ ထိုအခါကျမှ ခမည်းတော်မင်းကြီးက “ထီးနန်းနှင့်မတန်”ဟု ဆုံးဖြတ်၍ တောထဲသို့နျင်ထုတ် သတ်ပစ်ရန် အမိန့်ပေးလေရာ တောထဲရောက်သောအခါ ရသေ့ရဟန်း ပြုသွားလေသည်။

(မေတ္တာပါရမီ)

သူတစ်ဘက်သား ကြီးပွားချမ်းသာစေလိုသော စိတ်ထားသည် မေတ္တာမည်၏။ မေတ္တာစိတ်ထားရှိသူတို့သည် မိမိအပေါ် သူတပါးက မတော်မတရား ပြုမူ ပြောဆိုစေကာမူ ထိုသူ၏ အပြစ်ကို မရူ၊ ထိုသူ၏ ကောင်းကွက်ကိုသာ ရှာကြည့်ကာ သူ့အကျိုးကို ဆောင်ရွက်မြဲ ဆောင်ရွက်ကြလေသည်။
ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ မေတ္တာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ သုဝဏ္ဏသာမ ရသေ့ဖြစ်စဉ် တောထဲ၌ မျက်မမြင် မိဘနှစ်ပါးကို ပြုစုနေ၏၊ ခြင်္သေ့၊ သစ်၊ ကျား၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် စသော သားကောင်းများအပေါ်၌ပင် တကယ့်မေတ္တာစိတ်ဖြင့် ချစ်ခင်နေ၏၊ မိမိအား သားကောင်မှတ်၍ လေးဖြင့်ပစ်သတ်ခဲ့သော ပီဠိယက္ခမင်းကိုပင် မေတ္တာမပျက်ခဲ့ပေ၊ နောက်ဆုံး မေတ္တာ၊ သစ္စာကြောင့် မြားဆိပ်လည်းပြေ၊ အသက်လည်း မသေဘဲ မျက်မမြင်မိဘနှစ်ပါးလည်း မျက်စိနှစ်ကွင်း အလင်းရကြလေသည်။

(ဥပေက္ခာပါရမီ)
သူတစ်ဘက်သားအား မုန်းလည်းမုန်း၊ ချစ်လည်းမချစ်၊ ဘက်မလိုက် လျစ်လျူရူခြင်းဟု ခေါ်၏။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ဤဥပေက္ခာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ လောမဟံသ ခေါ်သော ဘ၀မှာ ထင်ရှားလှလေသည်။
ဘုရားအလောင်းတော်သည် မိဘတို့ကွယ်လွန်သောအခါ များစွာသော စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်၍ တောသို့ဝင်လေသည်၊ ရသေ့ပြုလုပ်လိုသော်လည်း ရသေ့ပြုလျှင် လူအများအထင်ကြီး၍ ချီးမွမ်းကြမည်ကို စိုးရွံ့သဖြင့် ရသေ့လည်းမလုပ်ဘဲ အ၀တ်တစ်ထည်ဖြင့်သာ လှည့်လည် သွားလာနေခဲ့သည်။

မိမိအား လေးစားသူ ပြုမူဆက်ဆံသောနေရာ၌ ကြာကြာမနေ၊ တစ်ရက်လောက်သာနေ၏၊ ရွာတစ်ရွာသို့ ရောက်သွားသောအခါ ကလေးသူငယ်များနှင့် သေသောက်ကြူးများက ပြက်ရယ် ပြောင်လှောင်ကြသော်လည်း ဘုရားအလောင်းတော်ကား စိတ်မဆိုး။ သုသာန်၌ လူရိုးကို ခေါင်းအုံးလျက် အိပ်၏။ ကလေးများ ၀ိုင်းအု့လာရောက်ကာ အလောင်းတော်အား တံတွေးဖြင့် ထွေးကြ၊ ကျင်ကြီးကျင်ငယ် စွန့်ချကြကုန်၏။ ဘုရားအလောင်းတော်သည် ထိုသူတို့အပေါ်၌ စိတ်မဆိုး၊ အပြစ်မယူ၊ စိတ်ပျက်အားငယ်ခြင်းမဖြစ်။ တစ်ချို့လည်း ပန်းနံ့သာနှင့်စားကောင်း သောက်ဖွယ်များကို ပေးလှူကြကုန်၏။ ထိုသူတို့အပေါ်၌လည်း ချစ်ခင်တွယ်တာမူမထား၊ ကောင်းဆိုးနှစ်ဖြာ၌ လျစ်လျူရူကာ မည်သည့်ဘက်မှ မတိမ်းညွတ်ဘဲ တည့်မတ်သော စိတ်ထား(ဥပေက္ခာ)ဖြင့်သာ နေတော်မူလေသည်။


ဒါတွေက ဦးဇင်းတို့ မြတ်စွာဘုရားရှင် သမ္မာသဗ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်အောင်ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်(၁၀)ပါးဖြစ်ပါတယ်။

ထိုပါရမီ(၁၀)ပါးကိုသာမန်ကျင့်ခြင်း၊(ဒသပါရမီ)၊အလယ်အလတ်ကျင့်ခြင်း(ဒသဥပပါရမီ)၊အမြင့်ဆုံးကျင့်ခြင်း(ဒသပရမတ္ထပါရမီ) ဆိုပြီး

တစ်ပါးစီကို အဆင့်သုံးဆင့်နဲ့ကျင့်တော်မူပါတယ်။ဒါကြောင့်ပါရမီဆယ်ပါး၊အပြားသုံးဆယ်လို့ ဆိုတာပါ။ကျင့်ကြံတဲ့ ကြာမြင့်မှုက

ပညာဓိက ဘုရားဖြစ်တော်မူတော်သောကြောင့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတော်မူပါတယ်။

ဒီလောက်ဆိုပါရမီဆယ်ပါးအကြောင်းကိုတော်တော်လေး သဘောပေါက်လောက်မှာပါ။

ကိုးကား။ ။ဗုဒ္ဓဘာသာအခြေခံဆင့်(သာသနာရေးဝန်ကြီးဌာန)

Sunday 18 September 2011

မေတ္တာ၏အကျိုးကျေးဇူးများ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်။ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။ မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင် လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရ သတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူ လည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့
သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။ နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ ချစ်ခင်မျက်နှာသာပေးမှု ရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေ လုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း

တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။ ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..

အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု သုခီအတ္တာနံ ပရိဟရန္တု

လို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..
၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်

၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄ မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။ (အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။ အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။ ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)

မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊
ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။ တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။ မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။ မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။ တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး
မဟုတ်တော့ဘူး။ ၀ီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။ မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။ အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။ လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင် – အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

-ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

-အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။

-အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

-အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ
မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း

မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။ ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။


မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။ ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။ “မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော) မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။

နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။

မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခုမစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။ ဤစာကို ဖတ်ရှုရသောသူအပေါင်း မေတ္တာ၏အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

Thursday 15 September 2011

Gtalk က တဆင့် ပါဠိ- မြန်မာ - အင်္ဂလိပ် အဘိဓာန် အလွယ်တကူ ကြည့်ရှုနိုင်ပြီ

မြန်မာကွန်ပြူတာ ပညာရှင်တဦးရဲ့ တီထွင်ဖန်တီးမှုနဲ့ အင်တာနက် Gtalk ကတဆင့် ပါဠိ- မြန်မာ- အင်္ဂလိပ် အဘိဓာန် အလွယ်တကူ ကြည့်နိုင်ပြီလို့ သိရပါတယ်။ pali2myn@gmail.com ကို သွားပြီး မိမိရှာဖွေလိုတဲ့ ပါဠိ စကားလုံးပဲ ဖြစ်ဖြစ်၊ မြန်မာ၊ အင်္ဂလိပ် စကားလုံးပဲ ဖြစ်ဖြစ် ရိုက်ထည့် လိုက်မယ်ဆိုရင် အလိုအလျောက် အဓိပ္ပါယ် ပြန်ဆိုပေးတယ်လို့ သိရပါတယ်။
ဖန်တီးသူ ပညာရှင်က အိုင်တီ ဦးမောင်မောင် ဖြစ်ပါတယ်။ အခုလို ဘာသာစကား (၃)မျိုးနဲ့ အဘိဓာန်ကို အင်တာနက်က တဆင့် အလွယ်တကူ ကြည့်ရှု နိုင်တဲ့အတွက် တန်ဖိုးရှိတဲ့ ၀န်ဆောင်မှု တခု ဖြစ်ကြောင်း ပြည်ပအခြေစိုက် မိုးမခ သတင်းမီဒီယာ တာဝန်ခံအယ်ဒီတာ ကိုမောင်ရစ်က ပြောပါတယ်။

ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို မြန်မာနိုင်ငံမှာ အများသုံးနိုင်တဲ့ Gtalk ကနေ အလွယ်တကူ ကြည့်ရှု နိုင်တဲ့အတွက် အသုံးပြုသူတွေကလည်း အတော် အဆင်ပြေကြတယ် လို့ဆိုပါတယ်။

ပြည်တွင်းမှာ အင်တာနက်ကို လွတ်လွတ် လပ်လပ် သုံးစွဲခွင့် ရှိမယ်ဆိုရင် နည်းပညာ အခြေခံပြီး မြန်မာစာပေ ဒီထက်ပိုပြီး တိုးတက် ထွန်းကားအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ကိုမောင်ရစ်က ပြောပါတယ်။
ပြည်တွင်းမှာ ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေ ထုတ်လုပ်တဲ့ Mandalay Alpha ကုမ္ပဏီက အဘိဓာန်နဲ့ ပတ်သက်လို့ ထုတ်ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ပညာရှင် အိုင်တီ ဦးမောင်မောင်က တီထွင် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Tuesday 13 September 2011

မြတ်ဗုဒ္ဓ၏တရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား

မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်းရှိ၏။ `` အရှင်ဘုရား မြန်မာလူမျိုးများဟာ ဆင်းရဲတာဟာ တိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းလို့ပါဘုရား၊ ဘာကြောင့်အဲဒီလိုဖြစ်ရသလဲလို့ စဉ်းစား လိုက်တော့ `ပစ္စည်းဥစ္စာဆိုတာ သေရင် ကိုယ့်နောက်မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့မရဘူး၊ အကာသက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ´စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလိုတဲ့ ဆန္ဒနည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲ ကြတာ ဘုရား´´ဟူသောစကားပင်တည်း။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြားသွားပါတော့၏။ ``ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင်လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား´´ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညိုသောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာအကြောင်းကို ခရေစေ့ တွင်းကျ မသိရှိသောကြောင့်တည်း။
``၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏´´ စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက် ဖို့အတွက် အားပေးသော တရားများဖြစ်ပါသည်။
သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော ``ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်´´တောင် လိုမည် မဟုတ်တော့ပေ။
အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှုနည်းခြင်းသည် အမြင်မကျယ်ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှုနည်းခြင်း၊ အေးတိအေးစက်နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတု မယူခြင်းစသည်တို့ကြောင့် ဖြစ်ပါသည်။
နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က ``တပည့်တော်တို့ မြန်မာ လူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလိုဝန်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင် တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့မြန်မာလူမျိုးတွေရဲ့နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာ ၀င်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား´´ဟု မြန်မာလူမျိုး များကို အားမလိုအားမရဖြစ်ရကြောင်း လျှောက်ထားဖူး၏။
ယင်းသို့ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှုမရှိသောကြောင့် မြန်မာ့စီးပွားရေးဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင်ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့်နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။

ဖြစ်သင့်တဲ့လောဘ
ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုးရှိပေသည်။ တရားသောလောဘနှင့် မတရား သော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် ``တရားသောလောဘ´´ ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟုခေါ်၏)။ ဆိုလို သည်ကား ယင်းလောဘကြောင့် ကုသိုလ်ကောင်းမှုမျး တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသော လောဘသည် ဖြစ်သင့်သောလောဘတည်း။
မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲလှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်းမှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင် သည် မဟုတ်ပါလော။
ကျောင်းဒကာကြီး အနာထပိဏ် ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီးဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ်အနော်ရထာသည်သည် နိုင်ငံ တော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများတည်ခဲ့၏။ ဆည်မြောင်းတာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက် ၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် ``စာကြည့်တိုက်အစ ပိဋကတ်တိုက်က´´ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြုအလုပ်များကို လုပ်နိုင် ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။
ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားပင် တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာတို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာ နိဗ္ဗာန်သို့ တက်လှမ်း သွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေးလုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ်ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။
မြွေပွေး၏ ပါးစပ်ထဲသို့ရောက်သွားသည့် မိုးရေစက်သည် အဆိပ်ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲဖြစ်သွားပေသည်။ မိုးရေစက်ခြင်းတူသော်လည်း တန်ဖိုးခြင်း မတူတော့။


လောကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသောဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာ တို့ဖြင့်ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ရောက်အောင် ပြန်ပြီးစည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင်တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည်မဟုတ်ပါလော။

တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှစ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုး စီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သော အားဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူးဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင်ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။
``ခန္တီ-သည်းခံရမည်´´ဟုဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့လိုအပ်လှ၏။ တိုင်းတစ်ပါး သား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသားမိန်းကလေးများကို မတရားသဖြင့်နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင်မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရ ပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော်မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။
တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီးတစ်ကောင် နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့်အမူအရာဖြင့်ပြေးလာရာ ဘုန်းကြီးက ``ချမ်းသာပါစေ´´ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာလေတော့သည်။ ထိုအခါ ဆရာဖြစ်သူဘုန်းတော်ကြီးက ``သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ´´ဟု ၀မ်းပန်းတသာ မိန့်တော်မူလေသတတ်။ ဤကား ဖိုးသူတော်မေတ္တာပို့နည်းတည်း။
ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေ လိုသော ကြောင့်မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစားသောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်း သဘာဝတရားကိုပင် ``ဓမ္မ´´ဟုခေါ်သည်မဟုတ်ပါလော။

မတရားလောဘဆိုတာ
မတရားလောဘဆိုသည်မှာ အတင်းအဓမ္မလိုချင်သော စိတ်၊ သူများဆီက ငွေကို အချောင်လိုချင်သော စိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်တည်း။
ကမ္ဘာဦးလူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်း မှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်းရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြ တော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ်ကျသော လူ တစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး ``မင်း´´ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ် ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

တလွဲဆံပင်ကောင်း
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် `` ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက်စားလို့ မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး´´ဟု စသဖြင့် လောဘနည်းသလိုလို၊ ရောင့်ရဲသလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆန်ပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ပြောခြင်းသည် လောဘနည်းခြင်းကြောင့်မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်း တို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစုတစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့်လူမျိုးကို ထောက်ပံ နိုင်သည် မဟုတ်ပါလော။
ဘုရားမြတ်စွာက ``ရောင့်ရဲရမည်၊ တင်းတိမ်ရမည်´´ဟု ဟောခြင်းသည် ပစ္စည်းဥစ္စာများကို မရှာရဟု ပြောလိုသည်မဟုတ်ပေ။ တခါတရံ မတရားလောဘကြီးသည့်အခါ ``တုတ်နှင့်ပစ်လို့ရရ၊ ခဲနှင့်ပစ်လို့ရရ၊ ရဖို့သာအဓိက´´ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်းစသည်တို့ကား မတရား လောဘကြောင့်ဖြစ်၏။
ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက ``ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာပါပဲ´´ဟု ဟောတော်မူခြင်းဖြစ် ပေသည်။ စီးပွားရေး လုပ်ငန်း များကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။
တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေးလုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့်ယောင်ယောင် သံဝေဂတရားရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ်ကြသေး၏။ ထို ပုဂ္ဂိုလ်များ တရားရိပ်သာကိုသွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာ တော့၏။ အိမ်ပြန်ရောက်သောအခါ ``ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ် မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရား နာရတာက အားမရပါဘူးပေါ့ကွာ´´ဟု စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်အပြစ်ကို သူများပေါ်ပုံချ လေ တော့သတည်း။
အမှန်ကား အပေါ်ယံအသိလေးကို တကယ့်``သံဝေဂတရား´´ဟု ထင်နေခြင်းပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ် မခံရအောင် သတိပြုသင့်၏။
ကျောင်းဒကာကြီးအနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။

``အောက်ကလိအာ´´ မဖြစ်အောင် သတိပြု
ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ်ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည်မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့်ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်း များကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ ``အောက်ကလိအာ´´ ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်းမဟုတ်၊ ကျီးတွန်သံလည်းမဟုတ်သည်ကို အောက်ကလိအာဟု ခေါ်၏။)
လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ် ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်း များကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။
``အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်´´ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများရရှိအောင် အလုပ်လုပ်ရမည် ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြော ကြသည်ထင်၏။ ``ငွေသည် ဒုတိယဘုရား´´ဟူသတတ်။
ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန်ချမ်းးသာရေးကိုအလိုရှိသူများအတွက် `` ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်းစိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်း ကျင်ရမည်´´ ဟု သမ္ပဒါတရား ၄-ပါး ကို မိန့်တော်မူခြင်းဖြစ်ပေသည်။
ဤကဲ့သို့ ကြီးပွားရေးတရားများကို သတိမထားမိကြသူများက ``ဘုရားမြတ်စွာ၏တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့်တရား´´ဟု ထင်မြင်ကုန်တော့သည်။
ဤအချက်ကို မိမိတို့ သံဃာတော်အရှင်မြတ်များသိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် ``ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်´´ဆိုသည်ကို နားလည်မည်ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦးဆွမ်းကျွေးမှာ ညီတော် မင်းနန်ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်တရားမျိုးကို ဟောရပေမည်။ လောကီကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။

တချို့ဆရာတော်များသည် ``တရားအားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်´´ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သောလူများမှာ ရှောင်လွှဲ၍ မရနိုင်သောတာဝန်များ ရှိနေကြရကား တရားအားထုတ် ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နှင့် တရားအားထုတ် လျှင်လည်း တရားထူးများ ရနိုင်ပေသည်သာ။
သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေ အတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ်အများအပြား ``တရားထူးများ´´ ရကြသည်ဆိုသည်မှာ ပြောဘွယ်မရှိ တော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှုရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမော ဘွယ်ကောင်း လေစွာ့တကား။

စိတ်သာရှင်စော ဘုရားဟော
လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။
တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။
ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။
ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။
စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။

တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်
စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့်အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီ စောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြားများသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူးဦးစား ပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့်ရှိ၏။ အပြစ်မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည်ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်းဖြစ်သည်။
တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာ တော်မူခဲ့ဖူးပါသည်။ ``သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲမှန်သမျှ ကျော်လွှားနိုင် မည်´´ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက် တန်းကျကျ မျက်နှာပန်းလှလှဖြင့် နေနိုင်သည်ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။
မည်သည့်အလုပ်ကိုပဲလုပ်လုပ် ``တစ်ယောက်အား´´နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ``ဆယ် ယောက်အား´´ နှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပို၍ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သားတိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့တိုင်းတစ်ပါးမှာနေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ ``အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး´´စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီးဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။
လူတစ်ရာအတူနေသော်လည်း ``သူတစ်လူငါတစ်မင်း´´ ဖြစ်နေကြလျှင် ``တစ်ရာအား´´ မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြားလူဦးရေထက် ဗုဒ္ဓဘာသာဝင်လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှုရှိရကား စီးပွားရေး၊ လူမှုရေးစသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့ကဦးဆောင် နေပါတော့သည်။ မနာလို၍ ပြောခြင်းမဟုတ်ပါ။ အတုယူလိုသောကြောင့် ပြောရခြင်းဖြစ်၏။
ထိုအကြောင်းများကြောင့် ``အများအတွက်´´ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန်လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ ခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။
-------------------------------
သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ

Thursday 8 September 2011

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ

ကတညုတ၊ကတဝေဒီ=ကျေးဇူးရှိသူကိုကျေးဇူးတင်ဘို့မေ့မနေကြဖို့။




အရှင်ဦးဥတ္တမ ( ၁၈၈၀ မှ ၁၉၃၉ )
မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင် ၊ အာရှတိုက်၏ ထွန်းသစ်ကြယ်အရှင်ဦးဥတ္တမကို ရခိုင်ပြည်နယ် စစ်တွေမြို့ ၊ ရူပရပ် ၊ ချောင်းနားတန်းတွင် ဖခင် ဦးမြသာဦး၊ မိခင်ဒေါ်အောင်ကျော့ဖြူ တို့မှ (၁၈၈၀)ပြည့်နှစ် ဒီဇင်ဘာ(၂၈)ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။ငယ်မည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။

ဦးဥတ္တမတွင် ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့် ညီမ မအိမ်စိုးတို့ နှစ်ဦးရှိသည်။
ရှင်ဥတ္တမ(ပေါ်ထွန်းအောင်)နှင့် ညီဖြစ်သူကျော်ထွန်းအောင်တို့ကို မိဘများက ကျွန်ပညာအင်္ဂလိပ်စာကို သင်ကြားမပေးလိုသော်လည်း တိုင်းရင်းသား ဘာသာကျောင်းတွင် ပညာသင်ပေးခဲ့ရာ ဦးဥတ္တမ ( ပေါ်ထွန်းအောင်) သည် ဆဌမတန်းအထိ သင်ကြားခဲ့သည်။မိခင်က ကျောင်းမှနှုတ်ထားသည့် တိုင်အောင်ပေါ်ထွန်းအောင်က နိုင်ငံ ရပ်ခြားကိုသွားရောက် ပညာသင်ရန်မလျှော့သောလုံ့လဖြင့်
အမျိုးမျိုးကြိုးစားသည်။ အသက်(၁၃)နှစ်အရွယ်တွင် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားရာတွင် အကျော်တစောရှိသော ရွှေစေတီကျောင်းဆရာတော်ဘုရားထံဗုဒ္ဓ၏အခြေခံစာပေများကို  လေ့လာသင်
ယူသည်။
 
(၁၅) နှစ်အရွယ်တွင် ပေါ်ထွန်းအောင်နှင့် ညီငယ်ကျော်ထွန်းအောင် ရှင်သာမဏေအဖြစ် သင်္ကန်းစည်းကြသည်။ ရှင်ဥတ္တမနှင့် ရှင်အရိယဟူသော ဘွဲ့ နာမများရရှိခံယူ ကြသည်။ထို့နောက် အရှင်ဦးဥတ္တမရဟန်းဝတ်ဖြင့် ရန်ကုန်၊ မအူပင်၊ ပဲခူး၊ တောင်ငူ ၊ မန္တလေးနှင့် ပခုက္ကူမြို့ များတွင် လှည့်လည်နေထိုင်ပညာသင်ယူခဲ့သည်။ ဗုဒ္ဓစာပေ ကျမ်းဂန်များကိုလည်း အပတ်တကုတ် လေ့လာ ကြိုးပမ်း ဆည်းပူးခဲ့သည်။တောင်ငူမြို့ တွင်ရှိစဉ် ရှင်သာမဏေစာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရသည်။

တောင်ငူမြို့ မှ ရှမ်းမကြီးတစ်ဦးက သားအဖြစ်မွေးစားလိုကြောင်းပြော၍ မွေးစားလိုလျှင် ကာလကတ္တားကို ပညာသင်လွှတ်မလားဟု တောင်းဆိုရာ ထိုအမျိုးသမီးကြီး၏ အထောက်အပံ့ဖြင့် လူဝတ်လဲကာ အသက်(၁၇) နှစ်အရွယ်တွင် ကာလကတ္တား၌ အင်္ဂလိပ်စာနှင့် ခေတ်ပညာများကို သင်ယူပြီး (၁၀)တန်း စာမေးပွဲကို အလွတ်ပညာသင် အဖြစ် ဖြေဆို အောင်မြင် ခဲ့သည်။ထိုနှစ်မှာပင် ကာလကတ္တားမှပြန်လာပြီး ရှင်ဝတ်ဖြင့် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သင်ယူသည်။ ထိုစဉ် ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ရဟန်းဒါယကာပြု၍ အသက်(၂၀)အရွယ်တွင် ရဟန်းအဖြစ်ခံယူသည်။

အရှင်ဥတ္တမသည် ရဟန်းအဖြစ်ခံယူပြီးနောက် ရန်ကုန်သို့ ဆင်းလာပြီး အိန္ဒိယနိုင်ငံ ကာလကတ္တား သို့ ပြန်သွားလေသည်။ ထိုအချိန်တွင် အိန္ဒိယတွင် လွတ်လပ်ရေး အတွက်နိုးကြားထကြွလျက်ရှိသည်။ ၁၉၀၄-ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ်က ဘင်္ဂလားနယ်ကိုအရှေ့နှင့် အနောက်နှစ်ပိုင်းခွဲခြားလိုက်ရာ
ဒေါက်တာရာဘင်ဒြာနတ်တဂိုးနှင့် စီအာဒတ်စ်ဆိုသော ပညာရှိပုဂ္ဂိုလ်ကြီးနှစ်ဦးက ဦးဆောင်ကန့်ကွက်ရာမှ ဆူပူကန့်ကွက်မူများ အကြီးအကျယ် ဖြစ်ပွားကျယ်ပြန့်လာသည်။ ထိုပုဂ္ဂိုလ်များနှင့် တွဲမိသော ဦးဥတ္တမ ဆရာတော်သည် အိန္ဒိယနိုင်ငံရေးနှင့် အကျွမ်း တ၀င် ဖြစ်လာပြီး မြန်မာပြည်လွတ်မြောက်ရေးအတွက် စိတ်ဝင်စားတက်ကြွလာခဲ့သည်။အဲ့ဒီတုန်းက မြန်မာတွေ နင်းပြားဘ၀ရောက်နေကြလေပြီ။

အိုင်စီအက်စ်(I.C.S) ရာထူးမှ နုတ်ထွက်ပြီး အမျိုးသားကောလိပ်ကို တည်ထောင်သော ဗင်နိုဂို့ရှ်၏
ကောလိပ်တွင် အရှင်ဥတ္တမက ပါဠိနှင့် ဗုဒ္ဓ ဘာသာစာပေတို့ကို ကူညီပို့ချ ပေးလေသည်။တဖက်တွင်လည်း သက္ကတစသော ရှေးဟောင်းဟိန္ဒူစာပေကျမ်းများကို သင်ယူဆည်းပူးသည်။ ထိုအချိန်မှာ မြန်မာပြည်တွင်လည်း နိုင်ငံရေးကိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခြင်းမပြုကြသေးသော်လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A=young men’s buddhists associations)ကို တက္ကသိုလ်ပညာတတ် များဖြစ်သော ဦးဘဖေ(ဘကြီးဘဖေ) ၊ ဦးမောင်ကြီး(အမ်အေ) ၊ ဦးစိန်လှအောင်တို့က စတင်ဖွဲ့စည်းထုထောင်ပြီး အမျိုး ဘာသာ၊ သာသနာ၊ ပညာဟူသော ဆောင်ပုဒ်ဖြင့် စတင်လှုပ်ရှား လာကြသည်။

အရှင်ဥတ္တမကိုယ်တော်တိုင်အိန္ဒိယမှ ပြန်ရောက်လာပြီး ၀ိုင်အမ်ဘီအေလှုပ်ရှားမှုကို တက်ကြွစွာ ဦးဆောင်ခဲ့သည်။ ၁၉၀၇-ခုနှစ် ၊ ဇန်န၀ါရီလ-၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ဂျပန်နိုင်ငံတွင် အနောက် ဟွန်ဂွန်ဂျီ ဘုရားကျောင်းအကြီးအမှုး(Abbot of Western Hongonji Temple) မင်းသားကြီး ကိုဇင်အိုတာရီနှင့်အတူ နေပြီး ကစ်စတိုမြို့ရှိ နိရှိဟွန်မွန်ဂျီ အမည်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ထိုစဉ် ဂျပန်စာ၊ စကား ၊ အယူဝါဒ ၊ ဓလေ့ထုံးစံတို့ကို ကိုယ်တိုင်သင်ယူပြီး တစ်နှစ်အကြာစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည်။

ဆရာတော်သည် မြန်မာစာပေကျမ်းဂန်တို့အပြင် ပါဠိ ၊ ဘင်္ဂါလီ ၊ နာဂရီ ၊ သက္ကဋ၊ အင်္ဂလိပ်၊ တိဘက် ၊ ဂျပန် ၊ ပြင်သစ် ဘာသာစကားကိုးမျိုးကိုတတ်မြောက်သည်။ ဆရာတော်အရှင်ဦးဥတ္တမသည် ဂျပန်ပြည်တွင် နေထိုင်စဉ် ဂျပန်ပြည်သို့ လာရောက် တိမ်းရှောင်နေသူ ဒေါက်တာဆွန်ယက်ဆင်နှင့် အကြိမ်ကြိမ်တွေ့ဆုံပြီး ပြည်တွင်းနှင့် နိုင်ငံတကာ နိုင်ငံရေးကိစ္စများကို ညှိနိုင်းဆွေးနွေးခဲ့သည်။

၁၉၁၁-ခုနှစ် ၊ ဂျပန်မှ ပထမအကြိမ်ပြန်လာသောအခါ ကိုရီးယားပြည် ၊ တရုတ်ပြည် ၊ ပြင်သစ်ပိုင်အင်ဒိုချိုင်းနား(ယခု ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ လာအို သုံးနိုင်ငံ)သို့ ၀င်ရောက် ပြီး ဆိုင်ဂုံမြို့(ယခု ဟိုချီမင်းမြို့တော်)တွင် မြန်မာ့နန်းတွင်းအရေးတော်ပုံအရေးနိမ့်ပြီးပြည်ပသို့
တိမ်းရှောင်  နေရသော မြင်ကွန်း မင်းသားကြီင်္းနှင့် ၄င်း၏ သားတော်တို့၏ ဆွမ်းအလှုကို လက်ခံပြီး  မြန်မာ့နိုင်ငံရေးအခြေ အနေများကို ဆွေးနွေးခဲ့သည်။

ထိုမှတဆင့် ကမ္ဘောဒီးယားနှင့် ယိုးဒယား(ထိုင်းနိုင်ငံ)တို့သို့ ၀င်ရောက် လေ့လာခဲ့သည်။ထိုမှ အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ပြန်လာခဲ့သည်။မဒရပ်မြို့မှ တဆင့် ဘုံဘေမြို့သို့ သွားရောက်ပြီးရတနာဂီရိရှိ  မြန်မာနန်း ကျဘုရင်သီပေါမင်းနှင့် တွေ့ဆုံ နိုင်ရန် စီစဉ်ခဲ့သည်။သို့သော် မအောင်မြင်ခဲ့ပေ။၁၉၁၁-ခုနှစ်တွင်   မြန်မာပြည်သို့ပြန်လာခဲ့သည်။

မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် ၀ိုင်အမ်ဘီင်္အေအသင်းကို ဦးဆောင်နေသော ၀တ်လုံတော်ရ ဦးမေအောင် (ရခိုင်) ၊ ဦးအုံး(ပညာဝန်) ၊ ဦးဘဖေတို့၏ စည်းရုံးလှုပ်ရှားမူ များလည်း တပြည်လုံးတွင် ကျယ်ပြန်လျက်ရှိသည်။ မန္တလေးတွင် မြန်မာ့သတင်းစာဆရာတစ်ဦးဖြစ်သော ” မြန်မာ့တာရာ” သတင်းစာ ပိုင်ရှင် ဦးကျော်ရန်တို့နှင့်လက်တွဲပြီး မြန်မာ့နိုင်ငံရေးနိုးကြားရေးများကို ဟောပြောသည့်အပြင် ရန်ကုန်မြို့ တွင်ထုတ်ဝေနေသော ”သူရိယ”သတင်းစာတွင် လည်း အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက် ရေး နှင့် ကျွန်ဘ၀မှ လွတ်မြောက်ရေးတို့ကို လှုံ့ဆော် ရေးသားခဲ့ သည်။

အများဆုံးရေးသားတိုက်တွန်းချက်များမှာ ၀ံသာနုရက္ခိတတရားများနှင့် မြန်မာပြည်တွင်းဖြစ် ပင်နီနှင့် ယောလုံချည်ဝတ်ဆင်ရေး ၊ နိုင်ငံခြား အ၀တ်အထည်များ သပိတ် မှောက်ရေးဖြစ်သည်။
၁၉၁၂-ခုနှစ်တွင် ဂျပန်ပြည်သို့ ဒုတိယအကြိမ်ပြန်လည်ကြွချီသည်။ ထိုခရီးတွင် ညီမရင်းဖြစ်သူ မအိမ်စိုးနှင့် လူငယ်သုံးဦးကို ဂျပန်တွင်ပညာသင်ရန်ခေါ်ဆောင်သွားခဲ့သည်။ တစ်နှစ်ကြာနေထိုင်ခဲ့ပြီး   နောက်ပြန်လာခဲ့သည်။ ၁၉၁၄-ခုနှစ်တွင်တတိယအကြိမ်အဖြစ်ဂျပန်ပြည်သို့သွားရောက်ခဲ့ပြန်သည်။
ဂျပန်မှ အပြန်တွင် အမေရိကန် ၊ သြစတြေးလျနှင့် ဂျဗားကျွန်းများ (ယခု အင်ဒိုနီးရှား)တို့သို့ သွားရောက်လေ့လာ ခဲ့ပြီးမှ မြန်မာပြည်သို့ ပြန်လာခဲ့သည်။ဆရာတော်အရှင်ဥတ္တမ ကိုယ်တော်ကြီးသည် စောစောပိုင်းနှစ်များ ကလည်း ပြင်သစ်နှင့်အင်္ဂလန်နိုင်ငံတို့သို့ သွား ရောက်ခဲ့သေးသည်။

ရှင်ဥတ္တမဂျပန်တွင်ရှိစဉ် ဂျပန်ပြည်အတ္ထုပတ္တိစာအုပ်ကို ရေးသားခဲ့ပြီး အပြန်တွင် သူရိယသတင်း စာတိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ အလွန်ရောင်းအားကောင်းခဲ့သည်။ ၁၉၁၁-ခုနှစ်နောက်ပိုင်းတွင် ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေးအတွက် ထိုစဉ်ကစကားအတိုင်း ဟုမ်းမ်ရှုး(Home Rule) ရရှိ ရေးအတွက် စည်းရုံး လှုံ့ဆော် တရားများဟောခဲ့သည်။

”အာဂါရာအနာဂါစ ၊ ဥဘော ၊ အညောညနိဿတာ ၊ အရဒ္ဒယန္တိသဒ္ဒမံ ၊ ယောဂက္မေမံမနုတ္တရံ”ဟူသော ဗုဒ္ဓ္ဓ မြတ်စွာဘုရား၏ ပါဠိတော်လာနှင့်အညီ ဘုန်းကြီးရဟန်းတို့အား နိုင်ငံရေးကိုခြေစုံပစ်လျက် ၀င်အောင်လှုံ့ဆော်ခဲ့သည်။ ရဟန်းရှင်လူတို့ကို ထိုသို့စည်းရုံးခဲ့ပြီး ၁၉၂၀-ခုနှစ်တွင် ထိုစဉ်က မြန်မာပြည် ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက် မြန်မာပြည်မှ ထွက်သွားလိုက်ပါဟူသော စာတစ်စောင်ကို
ရေးသားပေးပို့လိုက်သည်။ထိုစာကို သူရိယသတင်းစာက ဖော်ပြလိုက်ရာ အထူးအရေးပါသောလှုံ့ဆော် ချက်ဖြစ် သည်။ဆရာတော်ဦးဥတ္တမသည် နိုင်ငံရေးတရားများကို မြို့ကြီး ၊ မြို့နယ်များတွင်သာမက တောလက်ကျေးရွာများ တိုင်အောင် ဟောပြောခဲ့သည်။

၁၉၂၁-ခုနှစ်တွင် ဒေးဒရဲမြို့နယ် ၊ ဆူးကလပ်နှင့် တမာတကောကျေးရွာတို့တွင် ဦးဥတ္တမဟောပြော ခဲ့သော နိုင်ငံရေးတရားများသည် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ အိန္ဒိယရာဇသတ်ကြီး ပုဒ်မ-၁၂၄(က)နှင့် ၁၅၃(က) တို့ဖြင့် ဖမ်းဆီးပြီး မအူပင်ခရိုင်တရား ရုံးတွင် အမှုစစ်ပြီး ထောင်ဒဏ်(၁)နှစ်နှင့် (၈)လအလုပ်မဲ့ ထောင်ဒဏ် ချမှတ်ခြင်းခံရသည်။တစ်ပြည်လုံးရှိ ရဟန်းသံဃာတော်များစုစည်းပြီး ဦးဥတ္တမကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအကျိုး ထမ်းဆောင်ရန်အတွက် သံဃာ့သမဂ္ဂီအဖွဲ့များကို ဖွဲ့စည်းထူထောင်လာကြသည်။

အမျိုးသမီးများ၏ ကုမ္မာရီ အဖွဲ့များလည်းပေါ်လာခဲ့သည်။အရှင်ဦးဥတ္တမသည်နိုင်ငံရေးကို
ဆောင်ရွက်နေစဉ်ကာလအတွင်း အိန္ဒိယနှင့် မြန်မာပြည်ကို ကူးချီ သွားချီလုပ်နေခဲ့သည်။၁၉၂၀-ခုနှစ် ပထမတက္ကသိုလ်သပိတ်ကြီးဆင်နွဲချိန်တွင် ကာလကတ္တားကို ရောက်နေခဲ့သည်။ရန်ကုန်တွင် တက္ကသိုလ်ကျောင်းသားများ သပိတ်တိုက်ပွဲဆင်နွဲကြောင်း ကြေးနန်းစာရသောအခါ များစွာကြေနပ်ဝမ်း သာဖြစ်ပြီး ရန်ကုန်သို့ ချက်ချင်းပြန်လာကာ ၀ိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်၍ျှ် သပိတ် တိုက်ပွဲကို အားပေးကူညီပြီး သခင်ပညာရေးအတွက် အမျိုးသားကျောင်းများ ထူထောင်ရေးကို စည်းရုံးသည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။

၁၉၂၀-ခုနှစ်တွင် တပြည်လုံးရှိ ၀ိုင်အမ်ဘီအေအသင်းများ ညီလာခံမှစပြီး ဂျီစီဘီအေနိုင်ငံရေးအသင်းချုပ်( General Council of Burmese Associations )ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ၀တ်လုံတော်ရ ဦးချစ်လှိုင်ကို ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ပြည်သူများလုံးဝလွတ်လပ်ရေး(Home Rule)ကို အပြင်းအထန်တောင်း ဆိုလာကြ သည်။၁၉၂၃-ခုနှစ် ဇွန်လဆန်းမှစ၍ အင်္ဂလန် ၊ ထိုမှတဆင့် ပြင်သစ် ၊ စပိန် ၊ ဆွစ်ဇာလန် ၊ ဆွီဒင် ၊ ပေါ်တူဂီ ၊ နော်ဝေးစသော ဥရောပတိုက်ရှိ နိုင်ငံများစွာကို လှည့်လည်ပြီး နိုင်ငံရေး လှုပ်ရှားမှု များကို လေ့လာခဲ့သည်။ထိုအချိန် မြန်မာပြည်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရက ပြည်သူတို့၏ အုံကြွဆန့်ကျင်မှုကြောင့် ၀ှိုက်ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုဖြစ်သည်။

Home Rule ကိုယ်ပိုင်အုပ်ချုပ်ရေးအစား ဒိုင်အာခီခေါ် အင်္ဂလိပ်ဘုရင်ခံနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပူးတွဲအုပ်ချုပ်ရေးစနစ်ကိုသာပေးပြီး အင်္ဂလိပ်နယ်ချဲ့တို့က တဖက်လှည့် ကြိုးကိုင်အုပ်ချုပ်ခြင်းဖြစ်သည်။ ဒိုင်အာခီနှင့်ဟုမ်းမ်ရူးသဘောထားကွဲပြီး ဂျီစီဘီအေလည်း နှစ်ခြမ်းကွဲလေသည်။ ဦးချစ်လှိုင်က ဒိုင်အာခီဆနှ့်ကျင်ရေး ဂျီစီဘီအေအသင်းခွဲ၏ ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ဒိုင်အာခီနှင့်ပူးပေါင်း   ဆောင်ရွက်သည့် (၂၁)ဦးအဖွဲ့ကို ဦးမောင်ကြီး(အမ်အေ)၊ ဆာဂျေ အေ မောင်ကြီးစသူတို့ ဦးဆောင်ပြီး ဒိုင်အာခီ အစိုးရတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

၁၉၂၄-ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသည့် လူထုအစည်းအဝေးကြီးတစ်ခုတွင် ဦးဥတ္တမသည် အခွန်မပေးရေး လှုံ့ဆော်ခဲ့ရာ ဥပဒေကို ကျူးလွန်သည်ဆိုကာ အစိုးရကို အကြည်အညိုပျက်စေသည့် ပုဒ်မ-၁၂၄(က)ဖြင့် တရားစွဲပြီး ရန်ကုန်ခရိုင်တရားသူကြီးက ၁၉၂၄-ခုနှစ် အောက်တိုဘာလတွင် အလုပ်ကြမ်းနှင့်   ထောင်ဒဏ်(၃)နှစ် အပြစ်ပေးလိုက်သည်။ထောင်မှလွတ်ပြီး ရန်ကုန်မြို့ဗိုလ်တထောင် ဘုရားဝင်းအတွင်း တရားပွဲတွင်သင်္ကန်းချွတ်ပြီးအတွင်းတွင်ဝတ်ထားသော ထောင်ဝတ်စုံကို ပြလိုက်ရာတရားပွဲလာ
  ပြည်သူတရပ်လုံး မခံမရပ်နိုင်ဖြစ်ကြလေသည်။

၁၉၃၀-ခုနှစ်နောက်ပိုင်းတွင် အိန္ဒိယနှင့် မြန်မာပြည်ကို ခွဲခြမ်းအုပ်ချုပ်ရေး ပြဿနာပေါ်လာပြန်သည်။ ဦးဥတ္တမက နယ်ချဲ့အင်္ဂလိပ်ကို ပူးတွဲတိုက်မှ အောင်မြင်မည်ဟူသော သဘောတရားဖြင့် တွဲရေးအတွက် လှုံ့ဆော် သည်။၁၉၃၂-ခုနှစ် ဒီဇင်ဘာလတွင် တွဲရေး ၊ ခွဲရေးကို လူထုဆန္ဒမဲကောက်ယူရာ တွဲရေး ဘက်မှ မဲ(၅)သိန်းကျော်ပို၍ အပြတ်အသတ်နိုင်သော်လည်း အမတ်များအစည်းအဝေးတွင် ခွဲရေးဖြစ်သွားပြီး အိန္ဒိုယနှင့်ခွဲရေးဖြစ်သွားသည်။

ထိုသို့ဖြင့် ၁၉၅၃-ခုနှစ် မြန်မာနိုင်ငံဥပဒေဖြင့် (၉၁)ဌာနအုပ်ချုပ်ရေးဖြစ်လာသည်။ဆရာတော်ဦးဥတ္တမသည် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ နည်းလမ်းအတိုင်း မပူးပေါင်းရေး မူဝါဒ (Non-Co.opration)(ထိုစဉ်က နန်းကိုအော်ပရေးရှင်း ဟုပင်သုံးသည်။)နှင့် အကြမ်းမဖက်ရေး (Non Violence)ကို လိုက်နာကျင့်သုံးခဲ့သည်။ ဆရာတော်ဦးဥတ္တမအိန္ဒိယ၏ ဟိန္ဒူမဟာဆဗ္ဗအသင်းကြီး၏ ဥက္ကဌအဖြစ် ယှဉ်ပြိုင် အရွေး ခံရသည်။ကွန်ဂရက်ပါတီတွင်လည်း ဦးဆောင်ခဲ့သည်။

အရှင်ဦးဥတ္တမကို အိန္ဒိယတစ်ပြည်လုံး၏ ခေါင်းဆောင် ကြီးအဖြစ်အသိအမှတ်ပြုခြင်း  ဖြစ်သည်။ မဟတ္တမဂန္ဒီကြီး၏ စကြာဂြဟ အဖွဲ့ (SaKaGraHa)နှင့် နယ်ချဲ့ဆန့်ကျင် ရေးအဖွဲ့၏ သရာဇပါတီ (Swaraj Party)တို့တွင်လည်း ပါဝင်ဦးဆောင်လှုပ်ရှားခဲ့သည်။ဆရာတော်ဦးဥတ္တမသည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်လမ်းပြကြယ်ဖြစ်ပြီး ဦးဆောင်ခဲ့သော်လည်း ဒိုင်အာခီ လက်ခံလိုက်ကြပြီး ရာထူးယူကာ အမျိုးသားနိုင်ငံရေး ဦးတည်ချက် မှေးမှိန်ခဲ့ရသည်။ထို့နောက်(၉၁)ဌာနအုပ်ချုပ်ရေး ဖြစ်လာသောအခါ ဆရာတော်၏ တပည့်များ ငါးထောင်စားရာထူးကို လက်ခံပြီး ဆရာတော်ကို ပစ်ပယ်လာကြပြီး နယ်ချဲ့အလိုတော်ရိများဖြစ်လာကြသည်။

၁၉၃၅-ခုနှစ်များ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသား ခေတ်ပညာတတ် လူငယ်များ ဦးဆောင်သည့် ဒို့ဗမာ အစည်းအရုံး(သခင်ပါတီ) ပေါ်ပေါက်လာသောအခါ ဆရာတော်ဦးဥတ္တမက သခင်များကို အားပေးအားမြှောက် ပြုခဲ့သည်။နယ်ချဲ့အင်္ဂလိပ် ကိုလိုနီစနစ်ဆန့်ကျင်ရေး ၊ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု ခရီးတလျှောက် ၀ိုင်အမ် ဘီင်္အေ ၊ ဂျီစီဘီအေ ၊ ၀ံသာနု ၊ ကုမ္မာရီအသင်းအဖွဲ့များ ခေတ်မှသည် ဒို့ဗမာအစည်းအရုံးတိုင်အောင် ဆရာတော်ဦးဥတ္တမသည် မှန်ကန်သော ဦးဆောင်လမ်းညွှန်မူကို ပေး ခဲ့သည်။
ထို့ကြောင့် ဆရာတော်ကြီး၏ ရည်မှန်းခဲ့သော လုံးဝလွတ်လပ်ရေးကို မြန်မာ ပြည်သူတို့ ရရှိခြင်းဖြစ်သည်။၁၉၃၅-ခုနှစ် မြန်မာပြည်အုပ်ချုပ်ရေးဥပဒေ(The Goverment of Burma Act,1935)အရ (၉၁) ဌာန အုပ်ချုပ်ရေးပုံစံဖြင့်အုပ်ချုပ်ကြသည်။ထိုအခါ အရှင်ဦးဥတ္တမ၏ နိုင်ငံရေးတပည့်များဖြစ်ကြသော ပုဂ္ဂိုလ်များ နန်းရင်းဝန်(၀န်ကြီး ချုပ်) ၊ ၀န်ကြီး ၊ အတွင်းဝန် ၊ မင်းတိုင်ပင်အမတ်များ ဖြစ်လာကြသော်လည်း ဆရာတော်ဦးဥတ္တမကို လုံးဝပစ်ပယ်ထားကြသည်။

ဆရာတော်မှာ အသက်အရွယ်ကြီးလာပြီး သွေးတိုးရောဂါ ၊ ဆီးချိုရောဂါတို့ ဖိစီးလာသည်။ ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်ညစ်ထေးသော သင်္ကန်းကိုရုံကာ လွယ်အိတ်တစ်လုံးလွယ်ပြီး ဖိနပ်မပါ ၊ ထီးမပါဖြင့် ရန်ကုန်မြို့လမ်းမများပေါ်တွင် လျှောက်သွားလျက်ရှိသည်။
သတင်းစာတိုက်များကိုမြင်လျှင် သတင်းစာများ တောင်းပြီး ကြုံရာနေရာတွင် ထိုင်ဖတ်သည်။ ကိုယ်ခန္ဓာကြုံလှီပိန်ချုံးပြီး အသွားအလာယဲ့ယဲ့ဖြစ်နေသည်။ စိတ်အင်အား လည်း ချို့ယွင်းလာသည်။ လမ်းပေါ်တွင် မူးလဲခြင်းများဖြစ်လာသည်။ ဆရာတော်ကို ကြည်ညိုသူများကတည်းခိုနေထိုင်ရာ
  ကျောင်းတိုက်သို့ ပို့ပေးရသည်။ ဆရာတော် ကြီးအား ပြုစုသူကင်းလာရာ အခြေအနေဆိုးရွားလာသောအခါ ၁၉၃၉ ခုနှစ် သြဂုတ်လ ၇ ရက် နေ့တွင် ရန်ကုန်မြို့၌ ရခိုင်ရဟန်းတော်များအသင်း စတုတ္ထအကြိမ် အစည်း အဝေးက ဆရာတော်ဦးဥတ္တမအား စောင့်ရှောက်ရန် ဆုံးဖြတ်သည်။ငါးပွင့်ဆိုင်အဖွဲ့ကိုရှုတ်ချပြစ်တင်ကြောင်း လည်း ဖော်ပြသည်။

ရခိုင်ရဟန်းတော် များက ဆရာတော်ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသပေးကြသည်။ သူရိယသတင်းစာမှ ဦးဘကလေး၊ မြို့တော်ဝန်ဦးဘ၀င်း၊ ကပ္ပတိန် ဘဖူးတို့နှင့် ဆရာတော်အား လေးစားသူတို့ ဆေးရုံသို့ သွားရောက်အားပေး ကူညီ ကြသည်။ ဆရာဝန်များ၏ စစ်ဆေးချက်အရ ခြေထောက်တစ်ဖက်ဖြတ်ရမည်ဟု ပြောလာသောအခါ ဆရာတော်က အကုသမခံဘဲ ဆေးရုံမှ ဇွတ်ဆင်းပြီး (၄၆)လမ်းရှိ အရိယာဆမတ်အသင်းတိုက်တွင်
နေထိုင်သည်။ထို့နောက်ပိုင်းတွင် ဆရာတော်သည် ပြန်လည် နာလန်မထူနိုင်တော့ဘဲ ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၉)ရက်တွင် ပျံလွန်တော်မူသည်။

ဆရာတော်ကွယ်လွန်ပြီး နှစ်ရက်အကြာ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၁၁)ရက် ၊ တနင်္လာနေ့တွင် ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေး၌ မင်းတိုင်ပင်အမတ် များက ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းကြောင်းနှင့် ကျန်ရစ်သူ မိသားစုထံ ၀မ်းနည်းသ၀ဏ်လွှာပို့ရန် ၊ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်အား ငါးမိနစ်ရွှေ့ဆိုင်းရန် အဆိုကို ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်းမောင်က တင်သွင်းပြီး လွှတ်တော်တက်ရောက်သူ မင်းတိုင်ပင်အမတ်အားလုံး က တညီတညွှတ်တည်း အတည်ပြုကြသည်။

ဦးဥတ္တမ၏ ဂုဏ်သိက္ခာတို့ကိုလည်း ချီးကျူးပြောကြားကြသည်။ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းမှာ ၀မ်းနည်း ကြေကွဲဖွယ်ဖြစ်ကြောင်း ၊ မြန်မာပြည်အတွက် နိုင်ငံရေးမျက်စိကို ပထမဦးဆုံး ဖွင့်ပေးသူဖြစ်ကြောင်း ၊  ကိုယ်ကျိုးမငဲ့ အနစ်နာခံသူဖြစ်ကြောင်း ၊ ဆရာတော်ကြီးနာမ ကျန်းဖြစ်လာသော အခါ ကျေကျေပွန်ပွန် မပြုစု ၊ မစောင့်ရှောက်သည့်အတွက် ၀မ်းနည်းကြောင်း စသည်တို့ကို မင်းတိုင်ပင် အမတ်များက ဖော်ပြကြပြီး ၀မ်းနည်း မှတ်တမ်းတင်ကြသည်။
 
ဆရာတော်ဦးဥတ္တမကို အာဏာရူးနိုင်ငံရေးသမား ၊ ၀န်ကြီး ၊ အတွင်းဝန်စသူတို့က အလေးမထားကြသော် လည်း ဒို့ဗမာအစည်းအရုံးဝင်သခင်လူငယ်များက အလေးထား ပြီး အရှင်ဦးဥတ္တမကွယ်လွန်ချိန်မှ အစပြု၍ ဦးဥတ္တမနေ့ကို နှစ်စဉ်ကျင်းပခဲ့သည်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တို့ အုပ်စိုးသည့်ကာလ မြန်မာပြည်တွင် ဂျပန်စာသင် ကျောင်းများဖွင့်လှစ်သောအခါဆရာတော်ဦးဥတ္တမ၏အထ္ထုပ္ပတ္တိကို  ပြဌာန်းသင်ကြားပေးခဲ့သည်။

မှတ်ချက်။   ။ဒီနေ့ စက်တင်ဘာ ၉ ရက်နေ့ ဟာ ဆရာတော်ရဲ့ နေ့ ဖြစ်ပါတယ်။ ဆရာတော်ကို ဂုဏ်ပြုသော အားဖြင့်တင်ဆက်လိုက်ပါသည်။
ဆက်လိုက်ပါသည်။

Wednesday 7 September 2011

၃၈ ဖြာ မင်္ဂလာကဗျာတော်များ

လောကမှာ လူရယ်လို့ဖြစ်လာခဲ့ရင် အသက်ရှင်သမျှကာလပတ်လုံး လောကကြီးထဲကို ကျင်လည်ရတော့မှာပါ။ ဒီလို ကျင်လည်ဖြတ်သန်းတဲ့နေရာမှာ ငြိမ်းချမ်းသာယာစွာ အဆင်ပြေစွာ ပျော်ရွှင်ကြည်နှုးစွာနဲ့ ဖြတ်သန်းလျှောက်လှမ်းကြဖို့ကိုတော့ လူတိုင်းလိုလားကြပါတယ်။ ဒီလို လူသားတိုင်း လိုလားတဲ့ အရာတွေကို ရရှိဖို့က လူမှု့ဆက်ဆံရေး၊ ဘ၀နေထိုင်ရေးနည်းလမ်း၊ ထားရှိရမည့် စိတ်နေစိတ်ထား၊ သဘောထားတွေ၊ လိုက်နာရမည့်အရာတွေ၊ ရှောင်ကြဉ်ရမည့်အရာတွေ စတဲ့ နည်းလမ်းတွေကို သိရှိလိုက်နာပြီး ကောင်းကျိုးမင်္ဂလာတွေ ရရှိစေဖို့ ဗုဒ္ဓမြတ်စွာက ဟောကြားဆုံးမထားခဲ့ပါတယ်။ မိမိတို့ အနေနဲ့ လက်ခံထားရမှာက မိမိကိုယ်တိုင်ပဲ ကိုလိုချင်တာ ကိုယ်တိုင်လုပ်ရမယ်ဆိုတာပါ၊ ဗုဒ္ဓမြတ်စွာက နည်းမှန်လမ်းမှန်ကိုသာ ညွှန်ပြပေးနိုင်ပါတယ်။ ဒီတော့ ဗုဒ္ဓရဲ့ ဟောကြားထားတဲ့ တရားတော်များကို လိုက်နာကျင့်ကြံခြင်းဖြင့် ဗုဒ္ဓမြတ်စွာကိုလည်း ကိုးကွယ်ရာရောက်ရှိနိုင်မည် ဖြစ်သလို မိမိအတွက်လည်း ကောင်းကျိုးတရားတွေရရှိ တိုးပွားစေဖို့အတွက် ဒီမင်္ဂလာတရားတော်လေးတွေကို လိုက်နာကျင့်ကြံကြည့်ရအောင်လား စာချစ်သူ........။

"၃၈ ဖြာ မင်္ဂလာကဗျာများ"

၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာတရား ၃-ပါး

၁။ အသေ၀နာစ ဗာလာနံ=လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ =ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
၃။ ပူဇာစ ပူဇနေယျာနံ =ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၂။နေရေးထိုင်ရေးမင်္ဂလာတရား ၃-ပါး

၎။ ပတိရူပ ဒေသ၀ါသော စ=သင့်လျော်သောအရပ်၌နေရခြင်း
၅။ ပုဗ္ဗေစ တကပုညဘာ =ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိခြင်း
၆။ အတ္တသမ္မာပဏိဓိ စ =မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင်ထိန်းခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၃။ သင်ကြားရေးမင်္ဂလာတရား ၄-ပါး

၇။ ဗာဟုသစ္စဉ္စ =လောကီလောကုတ် အကြားအမြင်များခြင်း
၈။ သိပ္ပဉ္စ =စက်မှုလက်မှုအတတ်တို့ကို တတ်ရခြင်း
၉။ဝိနယောစသူသိက္ခိတော=လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာ သင်ကြား နားလည်ခြင်း
၁၀။ သုဘာသိတာစ ယာဝါစ=အပြောအဆိုချိုသာယဉ်ကျေးခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၎။ ပြုစုရေးမင်္ဂလာတရား ၃-ပါး

၁၁။ မာတာပီတု ဥပဋ္ဌာနံ =မိဘ ၂ပါးကို လုပ်ကျွေးပြုစုခြင်း
၁၂။ ပုတ္တဒါရဿ သင်္ဂဟော =သားမယားတို့ကို တရားနှင့်အညီလုပ်ကျွေးခြင်း
၁၃။ အနာကုလာစ ကမ္မန္တာ =အနှောက်အရှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၅။ လိုက်နာကျင့်သုံးရေးမင်္ဂလာတရား ၄-ပါး

၁၄။ ဒါနဉ္စ =စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
၁၅။ ဓမ္မစရိယာ =သုစရိုက်တရားကိုကျင့်ခြင်း
၁၆။ ဥာတကာနဉ္စသင်္ဂဟော =ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
၁၇။ အန၀ဇ္ဇာနိ ကမ္မာနိ =အပြစ်ကင်းသော အမှုတို့ကိုပြုရခြင်း
တေံမင်္ဂလမုတ္တမံ =ဤသုံးပါသည် မြတ်သောမင်္ဂလာမည်၏။

၆။ ရှောင်ကြဉ်ရေးမင်္ဂလာတရား ၄-ပါး

၁၈။ အာရတီ =မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း
၁၉။ ၀ိရတီပါပါ =မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
၂၀။ မဇ္ဇပါနာစ သံယမော =မှုးယစ်သေစာ မသောက်စားခြင်း
၂၁။ အပ၌မာဒေါစ ဓမ္မေသု =ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

ရ။ စိတ်ထားရေးမင်္ဂလာတရား ၅-ပါး

၂၂။ ဂါရဝေါစ = ရိုသေထိုက်သောသူတို့ကို ရိုသေရခြင်း
၂၃။ နိဝါတောစ =မိမိကိုယ်ကို နှိမ်ချရခြင်း
၂၄။ သန္တုဋ္ဌိစ =ရောင့်ရဲလွယ်ခြင်း(လောဘအပိုအလိုမလိုက်ခြင်း)
၂၅။ ကတညုတာ =သူတစ်ပါးကျေးဇူးကိုသိခြင်း
၂၆။ ကာလေနဓမ္မဿဝနံ =သင့်လျော်သောအခါ တရားနာခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤငါးပါးသည် မြတ်သောမင်္ဂလာမည်၏။

၈။ သည်ခံရေးမင်္ဂလာတရား ၄-ပါး

၁၇။ ခန္တီစ =သည်းခံရခြင်း
၂၈။ သောဝစ္စဿတာ =ဆုံးမလွယ်ရခြင်း
၂၉။ သမဏာနဉ္စဒဿနံ =ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း
၃၀။ ကာလေနဓမ္မသာကစ္ဆာ =သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၉။ခြိုးခြံချွေတာရေးမင်္ဂလာတရား ၄-ပါး

၃၁။ တပေါစ =ခြိုးခြံချွေတာခြင်း
၃၂။ ဗြဟ္မရိယဉ္စ =မြတ်သောအကျင့်ကို ကျင့်ခြင်း(မေထုန်မှရှောင်ခြင်း)
၃၃။ အရိယာသစ္စာနဒဿနံ =သစ္စာလေးပါးကို သိခြင်း
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာစ =နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

ဝ။ စိတ်ထားခိုင်ခံ့ရေးမင်္ဂလာတရား ၄-ပါး

၃၅။ ဖုဋ္ဌဿနကမ္ပတိ =လောကဓံတရားနှင့် တွေ့ကြုံသောအခါ၊
၃၆။ အသောကံ =မစိုးရိမ်ခြင်း
၃၇။ ၀ိ၇ဇံ =ကိလေသာမြူကင်းခြင်း
၃၈။ ခေမံ =ဘေးကင်းခြင်း

*********************************************************************

၁။ အသေ၀နာစ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မှီဝဲနဲ့ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါရတာနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေး။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၂။ ပတိရူပ
ကုသိုလ်ပညာဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဘူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေး။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၃။ဗာဟုသစ္စဉ္စ
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၎။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာသားနှင့်မယား၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင်လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး၊ မျှော်တွေးသုံးချက်ပေး။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သူစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုးလူထုကျိုး၊ သည်ပိုးဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၆။ အာရတီ ၀ိရတီ
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်ကရှောင်ကြဉ်လေ
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

ရ။ ဂါရဝေါစ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၈။ ခန္တီစ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို၊ ပြောကြားလာက နားလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်ဟူသမျှ၊ မကြာခဏတွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၉။ တပေါစ
လောကီအာရုံ ဇိမ်ယစ်မှုးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဥာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုန်တမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၃၈ ဖြာမင်္ဂလာတရားတော်ကို လိုက်နာကျင့်ကြံခြင်း၏အကျိုးများ

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်းပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရောကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည်ကိန်းသေ။
အဲ့ဒါကြောင့် ပန်ကြ ဆင်ကြ ၊ မင်္ဂလာ့ ပန်းခိုင်တွေ။


ဒီ ၃၈ ဖြာ မင်္ဂလာကဗျာများကို ဆရာကြီး ဦးသုခရေးစပ်သီကုံးထားတာပါ။ အားလုံးသောသူတို့အတွက် လိုက်နာကျင့်ကြံပြီး အကျိုးများစေဖို့ အတွက် ဝေမျှလိုက်တာပါ။ မြတ်ဗုဒ္ဓ ဟောကြားထားသော မင်္ဂလာတရားတော်များကို လိုက်နာကျင့်ကြံခြင်းဖြင့် ကောင်းကျိုးများ ရရှိတိုးပွားနိုင်ကြပါစေလို့ စာရေးသူ ဆန္ဒပြုလိုက်ပါတယ်။

ဥယာဉ်မှူးလေးဆိုက်ဒ်မှ ယူပြီးဖော်ပြမျှဝေလိုက်တာပါ။

Tuesday 6 September 2011

အင်တာနက် အလွန်အကျွံသုံးလျှင် ဦးနှောက်ကို ထိခိုက်နိုင်


ဆယ်ကျော်သက်များ အင်တာနက်ကို အလွန်အကျွံ သုံးခြင်းသည် ဦးနှောက်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေကြောင်း တရုတ်နိုင်ငံရှိ တက္ကသိုလ်များနှင့် ဆေးရုံများမှ သုတေသနပညာရှင်များ၊ သိပ္ပံသုတေသ်ီများ၏ လေ့လာမှုအရ သိရှိရပါသည်။

သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်အရ အင်တာနက် သုံးချိန် ကြာမြင့်လေလေ ဦးနှောက်ကို ထိခိုက်လေဟု ဆိုသည်။ အင်တာနက်ကို အချိန်ကြာမြင့်စွာသုံးခြင်းဖြင့် အာရုံ စူးစိုက်နိုင်စွမ်းနှင့် မှတ်ဥာဏ်အပေါ် သက်ရောက်မှု ရှိစေရုံ သာမက ဆုံးဖြတ်ချက်များ ချနိုင်စွမ်း၊ ရည်မှန်းချက်များ ချမှတ်နိုင်စွမ်းကို လျော့ကျစေကာ ပုံမှန် မဟုတ်သည့် အပြုအမူများ ဖြစ်ပေါ် စေတတ်သည်ဟု ဆိုသည်။
အင်တာနက် အသုံြးု့ပုချိန် လွန်ကျွံမှုမှာ စိုးရိမ်ဖွယ်ရာဖြစ်
အင်တာနက် အသုံြးု့ပုချိန် လွန်ကျွံမှုမှာ စိုးရိမ်ဖွယ်ရာဖြစ်
သုတေသနပြုမှုတွင် တစ်နေ့ လျှင် ၈ နာရီမှ ၁၃ နာရီအထိ အင်တာနက် ဂိမ်းသုံးစွဲသည့် အသက် ၁၉ နှစ်ရှိ တက္ကသိုလ် ကျောင်းသား ပေါင်း ၁၈ ဦး၏ ဦးနှောက်ကို BrainScan များ ရိုက်ပြီး လေ့လာခဲ့သည်။
၎င်းကျောင်းသားအုပ်စုနှင့် တစ်နေ့လျှင် ၂ နာရီမျှ အင်တာနက်သုံးသည့်ကျောင်းသားများနှင့် နှိုင်းယှဉ်လေ့လာခဲ့ရာ ဦးနှောက်၏ ဥာဏ်ရည်ခံ စားမှု၊ အကြား၊ အမြင် စသည်တို့ကို လုပ်ဆောင်ပေးသည့် Grey Matter အစိတ်အပိုင်းသည် အင်တာနက်သုံးလေလေ မျက်နှာ ပြင် ကျုံ့လေလေဖြစ်သည်ကို တွေ့ရှိ ခဲ့ရသည်။ ထို့အပြင် နာ့ဗ်ကြောစနစ်တွင် Grey Matter ဧရိယာအသီးသီး အကြား သတင်းပေးပို့ပေးသော ဦးနှောက် အတွင်းပိုင်း တစ်သျှူး Whit Matter များပါ ပြောင်းလဲစေသည့် သက်ရောက်မှုဖြစ်စေသည်ဟု ဆို သည်။
ထိုသို့ဆိုးကျိုးများ ဖြစ်ပေါ် စေလျက်ရှိသည့် အင်တာနက်ကြည့်ချိန် များလွန်းခြင်းသည် ဆယ်ကျော် သက်ကလေးများ၏ ကျန်းမာရေး အတွက် စိုးရိမ်စရာဖြစ်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် အင်တာနက်ကို ခုံမင်လွန်းသည့်လူငယ်ပေါင်း ခန့်မှန်းခြေ ၂၄ သန်းအထိ ရှိသည်။

လုမ္ဗိနီ ဘာသာရေး လုပ်ငန်းစီမံကိန်း၊ တရုတ် ဒေါ်လာ ၃ ဘီလီယံ မြှုပ်နှံ



ဗုဒ္ဓဘုရားရှင် ဖြစ်လာမည့် သိဒ္ဓတ္ထမင်းသားကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က နီပေါနိုင်ငံ လုမ္ဗနီမြို့လေးတွင် ဖွားမြင်ခဲ့သည်။ ယခု တရုတ်အစိုးရက
ကမ္ဘာအနှံမှ ဘုရားဖူးများကို စွဲဆောင်မည့် ထို ဗုဒ္ဓပွင့်တော်မူရာ လုမ္ဗနီမြို့လေး ပြုပြင်ဖို့အတွက်၊ ဒေါ်လာ ၃ ဘီလီယံ အကုန်ကျခံပြီး နီပေါနိုင်ငံမှာ ပရောဂျက်တစ်ခု စတင်တော့မည် ဖြစ်သည်။
တရုတ်ရဲ့ လုမ္ဗနီစီမံကိန်းတွင် လေဆိပ်တစ်ခု၊ အဝေးပြေးလမ်းမ၊ ဟိုတယ်များ၊ ကွန့်ဖရင့်စင်တာများ၊ ဘုရားကျောင်းများနှင့် ဗုဒ္ဓတက္ကသိုလ်တစ်ခုကို တည်ဆောက်မည် ဖြစ်သည်။ နောက် ပန်းခြံများ၊ ရေပန်းအလှများနှင့် လက်ရှိချို့တဲ့နေတဲ့ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး စနစ်များကိုလည်း တပ်ဆင်ပေးမည် ဖြစ်သည်။
နီပေါအစိုးရကတော့ တရုတ် ရင်းနှီးမြှုပ်နှံမယ့် ဒေါ်လာ ၃ ဘီလီယံ အတွက် ၀မ်းသာပီတိ ဂွမ်းဆီထိနေကြသည်။ နီပေါရဲ့ ဂျီဒီပီက ပြီးခဲ့တဲ့နှစ် ၃၅ ဘီလီယံသာ ရှိသည်။ ယခု တရုတ် လုပ်မယ့်စီမံကိန်းက တစ်နိုင်ငံလုံးဂျီဒီပီရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး ရှိသည်။
ပရော့ဂျက်လုပ်မည့် အဖွဲ့အစည်းက အစိုးရတစ်ပိုင်း၊ NGO တစ်ပိုင်းလုပ်နေတဲ့ Asia Pacific Exchange and Cooperation Foundation (APECF) ဖြစ်ပြီး၊ ဥက္ကဌ ဇိုဝူနန် က တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်လည်းဖြစ်၊ တရုတ်အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှာ ရာထူးကြီးကြီး ရယူထားသူလည်း ဖြစ်သည်။ APECF ရဲ့ ပရောဂျက်လက်မှတ်ထိုးပွဲ အခမ်းအနားကို နီပေါမှာ ပြီးခဲ့တဲ့အပတ်တွင် ကျင်းပခဲ့သည်။ ကွန်မြူနစ် လုပ်ငန်းရှင်က ဦးဆောင်ပေးမည့် ဘာသာရေးလုပ်ငန်းကြီး ဖြစ်သည်။
တရုတ်ရဲ့ လုမ္ဗနီစီမံကိန်းကို ကုလသမဂ္ဂ ကလည်း ထောက်ခံမှုပေးထားသည်။ လုမ္ဗနီစီမံကိန်းက ဗုဒ္ဓဘာသာ ဂိုဏ်းကြီးသုံးဂိုဏ်းဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့မှ မဟာယာန အုပ်စု၊ အရှေ့တောင်အာရှမှ ဟိနယာန (ထေရ၀ါဒ) အုပ်စုနှင့် တိဘက် ဗုဒ္ဓဘာသာ အုပ်စုတို့မှ ဘုရားဖူးများကို စွဲဆောင်နိုင်မည်ဖြစ်သည်။
နှစ်စဉ် လုမ္ဗနီသို့လာသည့် ဘုရားဖူးဧည့်သည်မှာ ၅သိန်းကျော် ရှိသည်။ တရုတ်က ဘုရားဖူး သန်းပေါင်းများစွာ ၀င်လာမစဲအောင်လုပ်ပြီး ဟိုတယ်လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းပေါင်းစုံကနေ အမြတ်ထုတ်ယူသွားမည် ဖြစ်သည်။ တရုတ်က ဘာမှပြန်မရဘဲ အလကား ရင်းနှီးမြှုပ်နှံမည်တော့မဟုတ်။
သို့သော် တရုတ်အစိုးရ လုမ္ဗနီပရော့ဂျက်အတွက် အဓိကပြဿနာက ဒလိုင်းလားမား ဖြစ်သည်။ အခြားဗုဒ္ဓဘာသာဂိုဏ်းကြီးနှစ်ဂိုဏ်းက တရုတ်ရဲ့ စီမံကိန်းအပေါ် ကောင်းသည်ဆိုးသည် မပြောပေမဲ့၊ ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ကမ္ဘာအနှံပျံနေသည့် တိဘက်ဘာသာဝင် သန်းပေါင်းများစွာက တရုတ်ရဲ့ ဘာသာရေး ဈေးကွက်လုပ်ငန်းကို ဝေဖန်နှောင့်ယှက်လာနိုင်တာကြောင့်၊ တရုတ်အစိုးရဘက်က သတိထား ဆောင်ရွက်လျက်ရှိသည်။
မောက္ခ နိုင်ငံတကာသတင်း

Friday 2 September 2011

ကမ္ဘာကျော် မေခွန်းတော် ၁၀ ချက်

မြတ်ဗုဒ္ဓ၏ အံ့ဩဖွယ်ကောင်းသော လမ်းညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ် ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသမိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန်ချက်ဖြစ်ခဲ့ပေသည်။ မည့်သည့် ဘာသာရေး၌မဆို ဤကဲ့သို့သော လမ်းညွှန်ချက်မရှိပေ။

မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့်လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးတစ်ခုသို့ ရောက်ခဲ့သည်။
ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။

မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြသည်မှာ "အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွန်ုပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်းပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့ ကျွန်ုပ်တို့ကေသမုတ္တိ ရွာသို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွားကြပါ၏ဘုရား။

ထို့ကြောင့် ယခုအခါ ကျွန်ုပ်တို့ ကေသမုတ္တိရွာသားအားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေးလျှောက်ကြကုန်၏။

"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဥာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။

"အိုကာလာမတို-အကောင်းအဆိုး ဘယ်ဟာမျိုးမဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်ပိုင်သိအောင်လုပ်ကြ။

"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။

ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။

ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိနှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါးကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည"ဟု ကေသမုတ္တိရွာသား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။
ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။

မေတ္တာစာတမ်း

မေတ္တာစာတမ်း

အမြင့်မြတ်ဆုံး ဘ၀နေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊ အမြတ်ဆုံး ဘ၀နေနည်း လေးမျိုးဆိုတာ---
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊
“မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက် ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့် ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး “မေတ္တာ စာတမ်း”ကို ရေးလိုက်ပါသည်၊၊

‘မေတ္တာ’ဟူသော ပါဠိပုဒ်ကို အဓိပ္ပါယ်များစွာ ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊ စာဖတ်သူအတွက် အဆင်လည်းပြေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးကိုလည်း ငုံမိစေတဲ့ တစ်လုံးတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရှင် လေ့လာကြည့်သောအခါ "မေတ္တာ"ဟူသည် “အကျိုးလိုလားမှု” ဟူ၍ ဖြစ်ပါ သည်၊၊ တပါးသူ၏ အကျိုးကို လိုလားမှုကို မေတ္တာဟု ခေါ်ဆိုကြောင်း လေ့လာရပါသည်၊၊

သတိပြုရန်မှာ တခါတရံတွင် ‘အချစ်’က မေတ္တာအသွင်ဆောင်၍ လူတွေကို လှည့်စားတတ်သည်ဆိုသည့် အချက်ဖြစ်သည်၊၊ ‘အချစ်’နှင့်‘မေတ္တာ’မှာ ဘာသာစကားခြင်းမတူရုံမျှမက အဓိပ္ပါယ်လည်း များစွာ ကွာခြားကြောင်း လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာတွင် မေတ္တာပို့ ကျင့်စဉ်တစ်ခု ရှိပါသည်၊၊ ‘မေတ္တာ’ဆိုတာ ပို့လို့ရပါသလားဟုမေးလျင်--ရသည်ဟုဖြေဆိုရပါမည်၊၊ သို့သော် မေတ္တာပို့နည်း စနစ်ကျဖို့တော့ အထူးလိုအပ်ပါသည်၊၊

မေတ္တသုတ်တွင် မေတ္တာပို့မည့်သူ၌ ထားရှိရမည့် စိတ်ဓာတ်ကို ဤသို့ဖော်ပြထားပါသည်--“ရင်သွေး တစ်ဦးတည်းသာရှိသောမိခင်သည် ထိုရင်သွေးကို အသက်နှင့်ရင်းနှီး၍ စောင့်ရှောက်လိုသော၊ အကျိုး လိုလားသော စိတ်ဓာတ်ရှိသသို မေတ္တာပို့လိုသူသည်လည်း မိမိမေတ္တာပို့မည့် သူအပေါ်တွင် တကယ် အကျိုးလိုလားမှုနှင့် စောင့်ရှောက်လိုမှု ရှိရမည်”ဟု ဖော်ပြထားပါသည်၊၊ မေတ္တာပို့မည့်သူ၏ သန္တာန်တွင်လည်း မိခင်အရင်းက သားသ္မီးကို စောင့်ရှောက်လိုသော၊ အကျိုးတကယ်လိုလားသော စိတ်ဓာတ်များ မွေးမြူ ထားရမည် ဖြစ်သည်၊၊

မေတ္တာပို့လိုသူသည် မေတ္တာမပို့ခင် မိမိမေတ္တာပို့မည့်သူ၏ ရုပ်အသွင်ကို အာရုံတွင် ကြည်ကြည် လင်လင် ပေါ်လာအောင် ကြည့်ရပါမည်၊၊ ပေါ်လာပြီဆိုမှ စိတ်ပါလက်ပါ မေတ္တာပို့ရမည် ဖြစ်ကြောင်း ပါဠိစာပေက ဆိုထားပါသည်၊၊ မေတ္တာပို့သောအခါတွင် ဘယ်သူကစ၍ မေတ္တာပို့ရမည်ကို သိရန်လိုအပ် ပါသည်၊ ပထမဆုံး မိမိကိုယ်တိုင်ကို စတင်၍ မေတ္တာပို့ရပါသည်၊၊ မိမိကိုယ်ကို မေတ္တာပို့သည့် အခါတွင် လည်း မိမိရုပ်အသွင်ကို မှန်ရှေ့မှာရပ်၍ ကြည့်သလို ထင်လာအောင် အာရုံတွင်ထင်ပေါ်စေပြီးမှ မေတ္တာပို့ရပါသည်၊၊

များသောအားဖြင့် လူအများ မေတ္တာပို့သည့်အခါ သူတပါးကိုချည်း မေတ္တာပို့နေတတ်ကြသည်၊ မိမိကိုယ်ကို မေတ္တာစပြီး ပို့ရကြောင်းသိသူ နည်းနေသေးသည်၊၊ ပါဠိစာပေအရ မေတ္တာပို့သည့်အခါ အစဆုံး မိမိကိုယ်ကို မေတ္တာပို့ပြီးမှ ထိုမေတ္တာကို အခြားသူများသို့ ဖြန့်ဝေပေးရခြင်း ဖြစ်သည်၊၊ သတိပြုသင့်သည့် အခြားတစ်ခုမှာ သေပြီးသူကို မေတ္တာပို့၍ မရဆိုသည့် အချက်ဖြစ်သည်၊၊ သေပြီးသူသည် မည်သည့်ဘုံဘ၀တွင် မည်သည့် သတ္တ၀ါမျိုးဖြစ်နေသည်ဟု အတိအကျ မသိရတော့သည့်အတွက် ထိုသူ၏ရုပ်အသွင်ကို အာရုံတွင်မြင်ကြည့်၍ မရတော့ပါ၊ ထို့ကြောင့် သေလွန်ပြီးသူကို ဗုဒ္ဓဘာသာအလိုအရ မေတ္တာ မပို့ရတော့ဘဲ၊ ကုသိုလ်ပြုပြီး အမျှပေးဝေရန်သာ ဖြစ် ပါသည်၊၊

ကွယ်လွန်ပြီးသည့် မိဘဆွေမျိုးများကို ကျန်းမာပါစေ ချမ်းသာပါစေဟု မေတ္တာပို့နေသူများကို တွေ့ခဲ့ရဘူးသည်၊၊ သေပြီးသူကို မေတ္တာပို့၍ မရကြောင်း သတိပြုရပါမည်၊၊ မေတ္တာစတင် ပို့သည့်အခါ တွင်လည်း သိပ်ချစ်လွန်းသူများနှင့် သိပ်မုန်းလွန်းသူများကို နောက်ဆုံးထား၍ မေတ္တာပို့ရပါသည်၊၊ အကြောင်းမှာ သိပ်ချစ်သူကို အစဆုံးမေတ္တာပို့သည့်အခါ လိုအပ်သည့်မေတ္တာအပြင် ဆန္ဒရောသည့် အချစ်စိတ်များ ဖြစ်ပေါ်လာတတ်၍ ဖြစ်ပြီး၊ သိပ်မုန်းသည့်သူများကို မေတ္တာအရင်ပို့မိလျင် မေတ္တာအစား ဒေါသများ ၀င်လာတတ်၍ဖြစ်သည်ဟု စာပေက ရှင်းပြပါသည်၊၊

မေတ္တာကို ပထမဆုံး---
မိမိကိုယ်ကို စတင်ပို့ရပါသည်၊
ဒုတိယအနေဖြင့် လေးစားထိုက်သူများကို ပို့ရပါသည်၊
တတိယအနေဖြင့် ချစ်ခင်သူများကို ပို့ရပါသည်၊
စတုတ္ထအနေဖြင့် မချစ် မမုန်းသူများကို ပို့ရပါသည်၊
ပဉ္စမအနေဖြင့် မုန်းသူများကို ပို့ရပါသည်၊၊ ဤမေတ္တာပို့အစဉ်မှာ ၀ိသုဒ္ဓိမဂ်ပါဠိတော် ညွန်ကြားချက်နှင့် အညီဖြစ်ပါသည်၊၊ (မေတ္တာပို့ပုံများကို အောက်ဆုံးတွင် သီးခြားဖော်ပြပါမည်)၊၊

သီးခြားအနေဖြင့် မေတ္တာပို့နည်း သုံးမျိုးရှိသေးကြောင်းလည်း ပါဠိတော်တွင် ဖော်ပြထားပါသည်---
(၁) ဒေသအလိုက် မေတ္တာပို့နည်း၊
(၂) ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်း၊
(၃) ရည်ညွှန်း မေတ္တာပို့နည်းတို့ ဖြစ်ပါသည်၊၊

ဒေသအလိုက် မေတ္တာပို့နည်းမှာ မိမိ မေတ္တာပို့မည့် မြို့၊ ရွာ၊ တိုင်း၊ နိုင်ငံနာမည်ကို အတိအကျ ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်သည်၊၊ ဤနည်းဖြင့် မေတ္တာပို့သည့်အခါ မိမိအိမ်မှစတင်ပြီး ဒေသအသီးသီး နိုင်ငံအသီးသီးကို နာမည်ဖော်ပြ၍ မေတ္တာပို့ရမည် ဖြစ်ပါသည်၊၊ ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်းမှာ မိမိမေတ္တာပို့လိုသူ၏ နာမည်အတိအကျကို ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊ ဤနည်းဖြင့် မေတ္တာပို့သည့်အခါတွင် မိမိနာမည်မှစ၍ အခြားမေတ္တာပို့လိုသော သူများ၏နာမည်များကို ဖော်ပြပြီး မေတ္တာ ပို့ရမည် ဖြစ်ပါသည်၊၊ ရည်ညွှန်း မေတ္တာပို့နည်းမှာ မည်သူမည်ဝါ၊ မည်သည့်ဒေသဟု နာမည် အတိအကျ မဖော်ပြဘဲ စင်္ကြာဝဠာရှိရှိသမျှ သတ္တ၀ါအားလုံးကို ရည်ညွှန်း၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊၊ (ဤနည်းများဖြင့် မေတ္တာပို့နည်းများကိုလည်း အောက်ဆုံးတွင်ဖော်ပြပါမည်)

ပါဠိစာပေတွင် “မေတ္တာစေတော ၀ိမုတ္တိ”ဆိုသောပုဒ် တစ်ပုဒ်ရှိပါသည်၊၊ အဓိပ္ပါယ်မှာ“မေတ္တာများဖြင့် လွပ်လပ်နေသူ”ဟူ၍ ဖြစ်သည်၊၊ ဖော်ပြခဲ့ပြီးသော နည်းများဖြင့် မေတ္တာပို့နိုင်သူများသည် မေတ္တာဖြင့် ဘ၀လွပ်လပ်သူဟု ခေါ်ဆိုနိုင်ကြောင်း သိမှတ်ရန်ဖြစ်သည်၊၊ ဘယ်အရာတွေမှ ဘ၀လွပ်လပ်သူဖြစ် ပါသလဲဆိုလျင် လောဘ ဒေါသ မောဟနှင့် မာန၊ အတ္တ၊ မစ္ဆရိယ စသည့် စိတ်အညစ်အကျေးများမှ လွပ်လပ်သူဟူ၍ ဗုဒ္ဓရှင်တော်က ရှင်းလင်း သင်ပြထားပါသည်၊၊

မေတ္တာစိတ်နည်းပါးနေသူသည် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျဉ်းကျနေသူ ဖြစ်သည်ဟုဖော်ပြ ထားပြန်ပါသေးသည်၊ လောဘ ဒေါသ မောဟနှင့် အတ္တ မာနထောင်များတွင် အကျဉ်းစံနေရသူဟု စာပေတွင် မှတ်တမ်းတင်ထားပါသည်၊၊ မေတ္တာစိတ်ခေါင်းပါးလွန်းလာပြီဆိုလျင် အများနှင့် မဆိုထားဘိ တစ်ယောက်တည်းနေလျှက်ပင် အလိုမကျ ရန်တွေ့နေတတ်ပါသည်၊၊ ဤသူများကို ဒေါသအကျဉ်းစံများဟု ခေါ်ဆိုရမည် ဖြစ်ပါသည်၊၊

မေတ္တာ၏ အစောဆုံးအကျိုးကျေးဇူးမှာ“ကိုယ် စိတ်လွပ်လပ်နေမှု”ဖြစ်ပါသည်၊၊ ကိုယ် စိတ်လွပ်လပ် ပေါ့ပါးပြီး အကျိုးလိုလားသော စိတ်သက်သက်ဖြင့် မေတ္တာပို့လိုက်လျင် မေတ္တာပို့သူရော မေတ္တာအပို့ခံ ယူရသည့်သူပါ မေတ္တာ၏အကျိုးကို တကယ်ရရှိနိုင်ကြောင်း ပါဠိစာပေ နေရာများစွာတွင် ဆိုထားပါသည်၊၊

ပါဠိတော်တွင် တိုက်ရိုက်လာသည့် မေတ္တာပို့သူ ရရှိနိုင်သောအကျိုး ဆယ့်တစ်မျိုး ရှိကြောင်းကို လေ့လာ ရပါသည်---
(၁) မေတ္တာရှင်များသည် အိပ်စက်၍ လွယ်ကူသည်၊
(၂) မေတ္တာရှင်များသည် ကြည်ကြည်လင်လင် အိပ်ရာမှ နိုးထနိုင်သည်၊၊
(၃) မေတ္တာရှည်များသည် အိပ်မက်ဆိုး မြင်မက်မှု မရှိနိုင်ပါ၊
(၄) မေတ္တာရှင်များသည် အများ၏ ချစ်ခင်မှုကို ရရှိသည်၊
(၅) မေတ္တာရှင်များသည် မမြင်ရသည့် ပုဂ္ဂိုလ်ထူးများ၏ ချစ်ခင် စောင့်ရှောက်မှုကို ရသည်၊
(၆) မေတ္တာရှင်များသည် နတ်တို့ ချစ်ခင်စောင့်ရှောက်မှုကို ရသည်၊
(၇) မေတ္တာရှင်များသည် မီး အဆိပ် လက်နက်စသော ဘေးအန္တရာယ်များ မကျရောက်နိုင်ပါ၊
(၈) မေတ္တာရှင်များသည် စိတ်ကြည်လင် လွယ်ပါသည်၊
(၉) မေတ္တာရှင်များသည် မျက်နှာအသွင် တည်ကြည်ရသည်၊
(၁၀) မေတ္တာရှင်များသည် သက်တမ်းစေ့ နေနိုင်ပြီး၊ သေဆုံးသည့်အခါ ချမ်းသာစွာ သေဆုံးနိုင်သည်၊
(၁၁) မေတ္တာရှင်များသည် နိဗ္ဗာန်မရသေးခင်၊ ဘ၀သံသရာများတွင် အထက်တန်းကြသော ဘ၀များတွင် ဖြစ်နိုင်သည်၊၊ မေတ္တာပို့နည်းနှင့် မေတ္တာပို့မည့်သူ၏ လိုအပ်သည့်စိတ်ထားများကို တင်ပြ၍ လုံလောက်ပြီဟု အရှင်ယူဆပါသည်၊၊ ယ္ခုအခါ မေတ္တာအသီးသီးပို့ပုံ ပို့နည်းများကို တင်ပြ ဆွေးနွေး သွားပါမည်၊၊

မိမိကိုယ်ကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်ကိုယ်တိုင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊

မိဘနှစ်ပါးကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ မိဘနှစ်ပါး ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊

ချစ်ခင်သူကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ ဇနီး/ခင်ပွန်း ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊ (မှတ်ချက်/ ဤနည်းအတိုင်း မချစ် မမုန်းသူနှင့် မုန်းသူများကိုလည်း မေတ္တာပို့ပါ)

ဒေသအလိုက် မေတ္တာပို့ပုံ---
ရန်ကုန်မှာနေသည့် ဘုရားတပည့်တော်၏ မိသားစု ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
အမေရီးကားတွင်နေသည့် ဘုရားတပည့်တော်၏ မိခင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ် ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊(စသည်ဖြင့် ဒေသနာမည်များကို ဖော်ပြ၍ မေတ္တာပို့သ နိုင်ပါသည်)

အရပ်မျက်နှာအလိုက် မေတ္တာပို့ပုံ---
အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိပ် ငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ (ဤနည်းအတိုင်း အရပ်ဆယ်မျက်နှာသို့ မေတ္တာဖြန့်ဝေရန် ဖြစ်သည်)

မေတ္တာနှင့် ဆက်စပ်သည့် မှတ်သားဖွယ်များကို တင်ပြလို့အတိုင်းတာ တခုအထိလုံလောက်ပြီဟု အရှင်ယူဆပါသည်၊လုံးဝ ပြည့်စုံသည်ဟုကား မဆိုသာပါ၊၊ ဒီထပ်ပို၍ အသေးစိတ်သိလိုသူများ အရှင့်Gmail မှဆက်သွယ်၍ မေးမြန်းနိုင်ပါသည်၊ စာတမ်းပုံစံဖြင့် တင်ပြသောအခါ သိပ်ရှည်လွန်းသွားလျင် စာဖတ်သူ ငြီးငွေ့တတ်သည့် သဘာဝကို စာရေးသူများ နားလည်ရပါသည်၊၊ တိုက်တွန်းချက်တခု အနေဖြင့် (ဦးသုခ)ရေးသော မေတ္တသုတ် စာအုပ်ကိုလည်း ဖတ်မှတ်လေ့လာဖို့ တိုက်တွန်းလိုပါသည်၊၊

“အလင်း စက်” စာဖတ်ပရိတ်သတ်များ မေတ္တာပြည့်ဝသူများဖြစ်ပြီး၊ မေတ္တာများဖြင့် ဘ၀အခက်ခဲ၊ သံသရာ ဆင်းရဲများကို ကျော်နိုင်သောသူများ ဖြစ်ပါစေကြောင်း မေတ္တာပို့သလျှက် စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊

အရှင်ကေ၀လ(အလင်း စက်)
(၈.၁၀.၂၀၁၀)
(မေတ္တသုတ်ပါဠိတော်၊ ဓမ္မပဒပါဠိတော်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် ၀ိသုဒ္ဓိမဂ်ပါဠိများကို ကိုးကား၍ ဤစာတမ်းကို ရေးပါသည်)
ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်တက်၏။
ရုပ်နာမ်ဓမ္မသင်္ခါရတို့
ကိုယ်ကဤပုံဖြစ်လိုတုန်လည်း
တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို
ပညာစက္ခုမျှော်ထောက်ရု့၍
ယခုကပင်လျှင် မအိုခင်က
ယခုကပင်လျှင် မနာခင်က
ယခုကပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားလော (ကျေးဇူးရှင် မင်းကွန်းဆရာတော်)

စကားချိုချို စိတ်ကူးချိုချို ဖလှယ်ကြပါစို့ 